Saturday, January 24, 2026

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုအတွက် ဒုတိယအကြိမ်သတင်းစာရှင်းလင်း

နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ် မှတ်၍တိုက်ဖျက်ဆောင်ရွက်လျက်ရှိ ဘိန်းဖြူ၊ မက်သ်အဖက်တမင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများ၊ မူးယစ် ဆေးဝါးများကိုအဓိကချက်လုပ်သည့်နေရာများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများပမာဏအများဆုံးဖော်ထုတ်သိမ်းဆည်းရမိမှုများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ ဒုတိယအကြိမ်...

မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ...

မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ ထိရောက်ပြင်းထန်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့်သတင်းစာရှင်းလင်းပွဲမှ သိရသည်။ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်သည့် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို...

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင် ပတ်သက်လျက်ရှိသည့်...

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင် ပတ်သက်လျက်ရှိသည့် မည်သူကိုမဆို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်သည့် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ၌...

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်သည့်...

လုံခြုံရေးအဖွဲ့ဝင်များမှ ဇန်နဝါရီ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့က ရှမ်းပြည်နယ်၊ သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊...
HomeCelebrities' Newsပရိသတ် ၈၁ ယောက်နဲ့...

ပရိသတ် ၈၁ ယောက်နဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တဲ့ ဥက္ကာမင်းမောင်

ဥက္ကာမင်းမောင်က သူ့ရဲ့ ၁၈ album အခွေ ထွက်ရှိခြင်း တစ်နှစ်ပြည့် အထိန်းအမှတ် အနေနဲ့ သူ့ရဲ့ ပရိသတ်များနဲ့ တွေ့ဆုံပွဲကို နိုင်ဝင် ဘာလ ၁၈ ရက်နေ့ မနက် ၁၁နာရီ က ဗိုလ်အောင်ကျော်လမ်းရှိ နယူးဧရာ ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အခုလို တွေ့ဆုံပွဲမှာ သူ့ကို အားပေး ချစ်ခင် ကြတဲ့ ပရိသတ်တွေများထဲမှ ပရိသတ် ၈၁ ယောက်ကို ရွေးချယ်ပြီး တွေ့ဆုံ ထားတာ ဖြစ်ကြောင်းကို ဥက္ကာမင်း မောင်က….

“မနှစ်ကလည်း လုပ်တယ်။ ဒီ နှစ်က တစ်နှစ်ပြည့်တဲ့ အနေနဲ့ပေါ့။ မနှစ်ကကြတော့ ကျွန်တော့်ရဲ့ Special 18 group  ထဲက လူတွေကိုပဲ ရွေးဖိတ် လိုက်တာ။ ကျွန်တော့် မှာ ၁၈ ယောက် ၁၈ယောက်နဲ့ ဂရုတွေ ၄ခုရှိတယ်။ ဒီနှစ်ကကြ  တော့ လူလည်းနည်းနည်း ပိုပြီးတော့ များချင်လို့ ဒါပေမဲ့လည်း ရာနဲ့ ချီပြီးတော့လည်း ကျွန်တော့် ဘက်ကနေ ဧည့်ခံဖို့ကြတော့ တစ်ယောက်ချင်းစီ သေချာ မဧည့်ခံနိုင်မှာစိုးလို့ ၁၈ ကြတော့လည်း တအားနည်းမှာ စိုးလို့ ၈၁ လုပ်လိုက်တယ်။ ကျွန် တော့် ဖေစ်ဘုတ်ခ် ရဲထူးဝင်း အကောင့်ကနေ ကျွန်တော့် ပုံတင်လိုက်တယ်။ တင်လိုက်ပြီး ပထမဆုံး နာမည်ပေးတဲ့ တစ်ယောက်ကို ဒီပွဲကို လာရောက်ဖို့ ခေါ်လိုက်တယ်။ အားလုံး ပေါင်းတော့ ၈၁ ယောက်ပါ”လို့ ပြောပြပါ တယ်။

 

သူကမနှစ်က တွေ့ဆုံပွဲမှာလည်း ပရိ သတ်များကို သူကိုယ်တိုင် နန်းကြီး သုပ် လုပ်ကျွေးခဲ့သလို ဒီနှစ်မှာလည်း နန်းကြီး သုပ်ပဲ ကျွေးခဲ့ပါတယ်။ ပရိသတ်များနဲ့ တွေ့ဆုံပွဲ ပြုလုပ်တိုင်း နန်းကြီးသုပ်ပဲ ကျွေး မှာဖြစ်ပြီး နန်းကြီးသုပ် ဘာ့ကြောင့် ကျွေး သလဲ ဆိုတာကို ဥက္ကာမင်းမောင်က…  “မနှစ်ကလည်း နန်းကြီးသုပ်ပဲ။ ဒီနှစ်လည်း နန်းကြီးသုပ်ပဲ။ နှစ်တိုင်း Fan Meeting လုပ်တိုင်း နန်းကြီးသုပ်ပဲ ကျွေး မှာ။ လုပ်ရင်လည်း ၁၈ ပဲလုပ်မှာ ။ ဘာ ဖြစ်လို့လဲဆိုတော့ ၁၈ ရက်ရောက်တိုင်း နန်းကြီးသုပ် မြင်တိုင်း ကျွန်တော့်ကို သတိရ စေချင်လို့ပါ။ ကျွန်တော့် မွေးရက်ကလည်း ၁၈ ဖြစ်တယ်။ အဲဒါကြောင့်လည်း အခွေ ခေါင်းစဉ်ကို ၁၈ လို့လည်း ပေးတာပါ တယ်။ အခုလို ပရိသတ်တွေနဲ့ တစ်သားထဲ ပိုရင်းနှီးခွင့်ရတဲ့ အတွက်လည်း တအားပျော် ပါတယ်။တအားကြီးလည်း ဝမ်းသာပါတယ်။ ကျွန်တော့်ကို ချစ်တဲ့ အားပေးတဲ့ သူတွေ အတွက် ကျွန်တော်သည် သူတို့ထာဝရ အားကျရတဲ့ အိုင်ဒေါ တစ်ယောက် ဖြစ်ချင် တယ်။သူတို့ကို အမှတ်တရတွေ ဖန်တီးပေး နိုင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်ချင်တယ်။ တစ် ချိန် ကျွန်တော် ဒီလောကကြီးမှာ မရှိတော့ တဲ့အချိန်တောင်မှ သူတို့ရဲ့ရင်ထဲမှာ အ မှတ် တရလေးတွေ ရှိနေခဲ့စေချင်တယ်။ အဲဒါကြောင့် အခုလို ရင်းရင်းနှီးနှီးတွေ့ဆုံ ပွဲလေးတွေကိုလုပ်ဖြစ်တာပါ” လို့ပြောပြ ခဲ့ပါတယ်။ ဒီတွေ့ ဆုံပွဲမှာ ဥက္ကာမင်းမောင်က ပရိသတ် များကို သူကိုယ်တိုင် နန်း ကြီးသုပ် သုပ်ကျွေးသလို ဂိမ်းများဆော့ခြင်း၊ သီ ချင်းများ သီဆိုခြင်းများ ပျော်ရွှင်စွာဆင်နွဲခဲ့ ပါသေးတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071