
လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဇာတ်လမ်းနှင့် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးတဲ့ “အရွယ်သုံးပါး ချစ်တတ်သည်” (ယောက္ခမဆိုတာ တစ်ခါတုန်းက သမက်ပါပဲ -၂) ရုပ်ရှင် ဇာတ်ကားကြီး အထူးပြသပွဲကို မေလ ၁ ရက်နေ့ မနက် ၇နာရီခွဲက သမ္မတ အဆင့်မြင့် ရုပ်ရှင်ရုံမှာ ပြုလုပ်ပြသခဲ့ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားမှာ ရန်အောင်၊ ကျော်ရဲအောင်၊ ပြေတီဦး၊ ကျော်ကျော်၊ မို့မို့မြင့်အောင်၊ မေသဉ္ဇာဦး၊ ခိုင်သင်းကြည်၊ ဝတ်မှုံရွှေရည်တို့နဲ့အတူ သရုပ်ဆောင်များစွာတို့က ပါဝင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို မေလ ၅ ရက်နေ့မှစပြီး မြန်မာတစ်နိုင်ငံလုံးက ရုပ်ရှင်ရုံများမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီ “အရွယ်သုံးပါး ချစ်တတ်သည်” ရုပ်ရှင်ဇာတ်ကားဟာ လာရောက်ကြည့်ရှုတဲ့ ပရိသတ်တိုင်း အားရကျေနပ်ဖွယ်ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ကြောင်းကို ပြေတီဦးက …
” ဒီဇာတ်ကားက တာဝန်ကြီးပါတယ်။ ဘာလို့လဲဆိုတော့ ပထမ ဇာတ်ကားဖြစ်တဲ့ “ယောက္ခမဆိုတာ တစ်ခါတုန်းက သမက်ပါ -၁ “ဇာတ်ကားက တအားကောင်းတာကိုး။ ပရိသတ်အနေနဲ့ ကျွန်တော်တို့ ကြည့်ရှုခဲ့တဲ့ အချိန်မှာလည်း တအားကို ကြိုက်ခဲ့တယ်လေ။ အခုဇာတ်ကားက ပထမဇာတ် ကားရဲ့ ဇာတ်လမ်းနဲ့တော့ လုံးဝကို မတူပါဘူး။ တမူကွဲထွက်နေပါတယ်။ စပြီးရိုက် ကူးတုန်းက စိုးရိမ်ခဲ့ပေမယ့် အခုကြည့်ရှုရတဲ့အခါမှာ အားရတယ်။ ကျေနပ် တယ်။ တော်တော်လေးကို သဘောကျပါတယ်။ ပရိသတ်တွေလာပြီး ဒီဇာတ်ကားကို လာကြည့်ရှုတဲ့အခါမှာ လုံးဝကို စိတ်တိုင်းကျမယ်လို့ ယုံကြည် ပါတယ်။ ပရိသတ်တွေ အားရကျေနပ်မယ့် ဇာတ်ကားတစ်ကားဖြစ်ပါလိမ့်မယ်” လို့ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။
ဇင်မာနွယ်
ဓာတ်ပုံ – မင်းမင်းထွန်း
