Monday, June 23, 2025

နေပြည်တော်အနီး ဗဟိုပြု၍ အင်အား (၃.၁)...

ယနေ့ ဇွန်လ (၂၃) ရက် နေ့လယ်ပိုင်းက နေပြည်တော်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်) တာစကေး (၃.၁) အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု...

ငလျင်ဒဏ်ထိ ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန်...

အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန် အလှူ ရှင်များဖိတ်ခေါ်ထားသည်။ မတ် (၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး၊...

အမေရိကကိုလက်တုန့်ပြန်မည်–အီရန်သမ္မတ

တေရန်၊ဇွန် ၂၂ အီရန်နျူကလီးယားစက်ရုံများကို အမေရိက,က တို-က်ခို-က်ခဲ့သည့်အတွက် လက်တုန့်ပြန်မည်ဖြစ်ကြောင်း အီရန်သမ္မတ မာဆွတ်ဒ် ပီဇက်ခီယန်က ဇွန်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ ၎င်းသည် ပြင်သစ်သမ္မတနှင့်...

အမှိုက်အမျိုးအစားများ ခွဲခြားပစ်နိုင်ရန် ရန်ကုန်စည်ပင် နိုးဆော်နေ

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနိုးဆော်တို-က်တွန်းနေသည်။ လက်ရှိတွင် Shopping Mall များနှင့် အဆင့်မြင့်အရောင်းဆိုင်ကြီးများတွင် အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန်...
HomeCelebrities' Newsပရိသတ်တွေက ကြိုတင် အကယ်ဒမီ...

ပရိသတ်တွေက ကြိုတင် အကယ်ဒမီ ပေးနေတာကြောင့် ဝမ်းသာနေတဲ့ ခင်ဇာခြည်ကျော်

တကယ်လည်း ခင်ဇာခြည်ကျော် အကယ်ဒမီရသင့်ပါတယ်။ ‘ရွှေကြာ’၊ ‘ဥပါဒါန်’၊ ‘ရာဇဝင်ရိုင်းခဲ့သည်’၊ ‘မင်္ဂလာခုတင်’ရုပ်ရှင် ဇာတ်ကားတွေမှာ တစ်ကားဆို တစ်ကား သူ့ရဲ့ သရုပ်ဆောင်မှုတွေက ပီပြင်နေတယ်။ အထူးသဖြင့် ‘ဥပါဒါန်’ နဲ့ ‘ရာဇဝင် ရိုင်းခဲ့သည်’ မှာပေါ့။ ခင်ဇာခြည်ကျော်ကို ဒီနှစ်အတွက် အကယ်ဒမီက မဇာလေးအတွက် ဖြစ်မယ်ထင်တယ်လို့ဆိုတော့…

“ပရိသတ်တွေက များသောအားဖြင့် ‘ဥပါဒါန်’နဲ့ ‘ရာဇဝင်ရိုင်းခဲ့သည်’ ပေါ့။ လှအုံး မယ်ကိုလည်း သဘောကျကြတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ လှအုံးမယ်ရဲ့ ကာရိုက်တာ ကလည်း အဆန်းဖြစ်တယ်။ ‘ဥပါဒါန်’ကတော့ ဘာသာရေးဇာတ် ကားလေးလည်း ဖြစ်တယ်။ မိဘမေတ္တာကိုလည်း ပြထားတာဖြစ်တယ်ဆိုတော့ ဒရာမာကြိုက်တဲ့သူ တွေဘက်ပေါ့။ ပရိသတ်တွေကတော့ တချို့ကလည်း လှအုံးမယ်၊ တချို့ကလည်း ‘ဥပါဒါန်’ပေါ့နော်။ အစ်မကတော့ ၂ ကားစလုံးမှာ သရုပ်ဆောင်ထားတာတွေကို သဘောကျပါတယ်။ ဒါပေမဲ့ ရမယ်၊ မရဘူးကတော့ ကံတရားပဲလေ။ ဒါပေမဲ့ ပရိသတ် တွေက ကြိုတင်အကယ်ဒမီပေးနေတာကို သိရတော့ ဝမ်းသာမိပါတယ်” လို့ ခင်ဇာခြည် ကျော်က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ခင်ဇာခြည်ကျော် ပါဝင်သရုပ်ဆောင်ထားတဲ့ ‘နေရယ် လရယ် အမှန်တရား ရယ်-၂’ ရုပ်သံဇာတ်လမ်းတွဲလည်း ပြနေပြီ။ အဲဒီဇာတ်လမ်းတွဲမှာ လွှတ်တော်အမတ်တစ်ဦးအနေနဲ့ သရုပ်ဆောင်ရသလို သာမန် ချစ်၊ ကြိုက်၊ ကွဲ၊ ညား ပုံစံထဲက ကွဲထွက်နေတဲ့အတွက် ကျေနပ်မိတယ်လို့ဆိုတဲ့ ခင်ဇာခြည်ကျော်က…

“Season 1 တုန်းကတော့ အစ်မလုပ်ဆောင်ချက်က ဒီလောက်မရှိဘူး။ အခု Season 2မှာတော့ တခြားလူတွေထက်စာရင် အခန်းတော့ နည်းတယ်။ ဒါပေမဲ့ အစ်မပါဝင်တဲ့ အခန်းက လွှတ်တော်အမတ်ဖြစ်တယ်။ အဲဒီအတွက် အများကြီး ဂရုစိုက် ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်မအရင်တုန်းက တွေးတာ အမတ်တစ်ယောက်ဆိုတာ ပညာတတ် ရင်ပြီးရောပေါ့။ အဲဒီလောက်ကြီး မဟုတ်ဘူး။ အခုဟာကကျတော့ ဘက်စုံ တော်မှရတာ။ နောက်ပြီး ဒီဇာတ်လမ်းတွဲက အစ်မတို့ ရိုက်နေကျ ချစ်ကြိုက်ကွဲညား သမားရိုးကျမဟုတ် ဘဲနဲ့ စာစကားတွေနဲ့ ပြောရတဲ့ အတွက် ဒိုင်ယာလော့ခ်တွေကို ကြို ပေးထားပေမယ့် အစ်မတို့ကို တစ် လုံးမကျန်ကြည့်နေတာပေါ့။ တစ်လုံး မှားလို့မရဘူး။ တရားဥပဒေနဲ့ ပတ်သက်နေတာဆိုတော့ အမှားလည်း မခံဘူးလေ။ အဲဒါကြောင့်မို့လို့ ဒီ ကားကိုရိုက်တဲ့အခါမှာ Stress တွေ လည်းများတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခုခု မှားသွားမှာစိုးလို့လေ။ အဲဒီတော့ ဒီဇာတ်ကားက တကယ့်ကို ပညာလည်းရပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

နေပြည်တော်အနီး ဗဟိုပြု၍ အင်အား (၃.၁) အဆင့်ရှိ ငလျင်လှုပ်

ယနေ့ ဇွန်လ (၂၃) ရက် နေ့လယ်ပိုင်းက နေပြည်တော်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်) တာစကေး (၃.၁) အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု ထိုင်းမြေငလျင် သတင်းဌာနက ဆိုသည်။ ထိုသို့လှုပ်ခတ်မှုကို နေပြည်တော်တွင် နေထိုင်သည့် မြို့ခံများလည်း ခံစားသိရကြောင်း လူမှုကွန်ရက်များတွင် မျှဝေထားကြသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းတစ်စုံတရာ ထုတ်ပြန်ထားခြင်းတော့ မရှိသေးပေ။ အလားတူ ယနေ့ နံနက်အစောပိုင်းကလည်း ပဲခူးတိုင်း၊ ပြည်မြို့၏ အရှေ့ဘက် (၉) မိုင်ခန့်အကွာအနက် ၁၇ ကီလိုမီတာကို...

ငလျင်ဒဏ်ထိ ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန် အလှူရှင်များဖိတ်ခေါ်

အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန် အလှူ ရှင်များဖိတ်ခေါ်ထားသည်။ မတ် (၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင် စီနယ်မြေတို့တွင် ရှေးဟောင်းစေတီ၊ ပုထိုး၊ ဂူဘုရားနှင့် ယဉ်ကျေးမှု အမွေအနှစ်အဆောက်အအုံ (၁၇၈၁)ဆူနှင့် ဘုရားစေတီ၊ သာသနိကအဆောက်အအုံ(၄,၉၉၈)ခု၊ စုစုပေါင်း (၆,၇၇၉)ဆူ ထိခို-က်ပျ-က်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင် မွမ်းမံရန်အတွက် ဘုရား၊ စေတီတစ်ဆူလုံးကိုဖြစ်စေ သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။ စေတီ၊ ဘုရားများပြုပြင်ရန်...

အမေရိကကိုလက်တုန့်ပြန်မည်–အီရန်သမ္မတ

တေရန်၊ဇွန် ၂၂ အီရန်နျူကလီးယားစက်ရုံများကို အမေရိက,က တို-က်ခို-က်ခဲ့သည့်အတွက် လက်တုန့်ပြန်မည်ဖြစ်ကြောင်း အီရန်သမ္မတ မာဆွတ်ဒ် ပီဇက်ခီယန်က ဇွန်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ ၎င်းသည် ပြင်သစ်သမ္မတနှင့် ဖုန်းခေါ်ဆိုစဥ်က ပြင်သစ်သမ္မတ၏ ပြဿနာကိုထိန်းထိန်းသိမ်းသိမ်းဖြေရှင်းရန် တောင်းဆိုမှုကို ယခုပြန်လည်ပြောကြားခဲ့ခြင်း ဖြစ်သည်။ အမေရိက၏တို-က်ခို-က်မှုသည် ၎င်း၏မရိုးသားမှုပြယုဂ်တစ်ခုပင်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေးနှင့်ငြိမ်းချမ်းရေး ကြိုးပမ်းမှုများအတွက် ထရမ့်ပ်၏ အခိုင်အမာပြောဆိုမှုများသည် အခြေအမြစ်မရှိသည့်စကားများသာဖြစ်သည်ဟုလည်း ဆိုခဲ့သည်။ သို့သော် အီရန်သည် ဥရောပနှင့် သံတမန်ရေးဆိုင်ရာကတိကဝတ်ပြုမှုကို အလေးထားကာ တွေ့ဆုံဆွေးနွေးရေးနှင့် အပြန်အလှန်ဆက်ဆံရေးအတွက် အမြဲအဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပြီး သံတမန်ရေးလမ်းကြောင်းကိုလည်း မည်သည့်အခါမျှ မစွန့်လွှတ်ခဲ့ဟု၎င်းကဆိုသည်။ မက်ခရွန်ကလည်း အီရန်နှင့်စေ့စပ်ဆွေးနွေးရန်ဆန္ဒရှိကြောင်းထပ်လေ-ာင်းပြောကြားခဲ့ပြီး ပါရီသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071