Monday, December 15, 2025

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ ဆရာတော်၊ သံဃာတော်နှင့် သီလရှင်များကို...

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ (၅၂)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ရက်ဖြစ်သည့် ယနေ့ ဒီဇင် ဘာ ၁၄ ရက်က သံဃပူဇာအဖြစ် ဆရာတော်၊ သံဃာ တော်များနှင့် သီလရှင်များကို ဆွမ်းဆန်တော်များလောင်းလှူပူဇော်ခဲ့ကြကြောင်း...

နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်မရှိသူများအား သက်ဆိုင်ရာနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်...

ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရန် နိုင်ငံသားစိစစ်‌ရေးကတ် လက်ဝယ်မရှိသူများအား သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများနှင့် ဆက်သွယ်ဆောင်ရွက်ရန် မဲဆန္ဒရှင်ပြည်သူများအား နှိုးဆော်အသိပေးနိုင်ရန် နိုင်ငံရေးပါတီများသို့ ပြည်ထောင်စုကော်မရှင်က...
HomeCelebrities' Newsပရိသတ်အတွက် ဗဟုသုတစုံလင်တဲ့ဇာတ်ကားမျိုးပဲ ရိုက်ကူးပြချင်တယ်မင်းထက်

ပရိသတ်အတွက် ဗဟုသုတစုံလင်တဲ့ဇာတ်ကားမျိုးပဲ ရိုက်ကူးပြချင်တယ်မင်းထက်

သရုပ်ဆောင်မင်းထက်ကတော့ လတ်တလောမှာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် ပရိသတ်ဝေဖန်ခံနေရပေမယ့်လည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်သွားဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ရုပ်ရှင်ဇာတ်ကား၊ ရုပ်သံ ဇာတ်လမ်းတွဲရိုက်ကူးမှု တွေအပြင် သီချင်းတွေထွက်ရှိဖို့ပါပြင်ဆင်နေတဲ့ မင်းထက်ကမင်းထက်က …

”ကျွန်တော် ကိုလင်းလင်းနဲ့အတူ အခွေတစ်ခွေထွက်ဖို့ လုပ်ထား တယ်။ အခွေအတွက် ပြင်ဆင်နေတာတွေလည်း တော်တော်ကြာပြီ။ သီချင်းခွေ ကလည်း သူများတွေ အွန်လိုင်းပေါ်မှာတင်တာလည်း တွေ့တယ်။ အခွေတွေ သိပ်မထုတ်တော့တာလည်း တွေ့တယ်။ ဘာပဲပြောပြော ပရိသတ်တွေ အတွက် သီချင်းအခွေထွက်နိုင်အောင်တော့ ကြိုးစားနေပါတယ်။ ဇာတ်ကားရိုက်ကူးမှု အပိုင်းနဲ့ ပတ်သက်ပြီးတော့ စိုးနန္ဒာကျော်နဲ့ပေါင်းပြီး တော့ ရုပ်ရှင်ဇာတ် ကားကြီးတစ်ကားပါဝင်ရိုက်ကူးဖို့ ပြင်ဆင်ထားပါတယ်။ ပြီးတော့ ဇာတ်လမ်းတွဲ တစ်ခုပါဝင်ရိုက်ကူးဖို့ စီစဉ်ထားတာရှိတယ်။ အရင်ပါဝင် ရိုက်ကူးခဲ့တဲ့ ‘အရာရာတိုင်းထက်’ ဇာတ်လမ်းတွဲက ကျွန်တော်ကိုယ်တိုင် ဇာတ်လမ်းရေးပြီးတော့မှ (အပိုင်း-၄ဝ)ရိုက်ကူးခဲ့တာပေါ့။ မြန်မာနိုင်ငံ မှာ အရှည်ဆုံးဇာတ်လမ်းတွဲအနေနဲ့ရိုက်ကူးခဲ့တယ်။ အခုလည်း ဂျိုကာဆိုတဲ့နာမည်နဲ့ ဇာတ်လမ်းတွဲ တစ်ခုကို ကျွန်တော်လုပ်နေပါ တယ်။ ပြီးတော့ အကုန်လုံးနဲ့ ညှိနှိုင်းနေတယ်။ မကြာခင်ပရိသတ် ရှေ့မှောက်ရောက်ရှိလာတော့မှာပါ။ ရုပ်ရှင်ဇာတ်ကားပါဝင်ရိုက်ကူးဖို့ကခေတ်ကလည်း ပြောင်းလဲ လာတယ်လေ။ ပရိသတ်ကလည်း ဒီဇာတ်လမ်း ဇာတ်အိမ်ခိုင်ခံ့ ပြီးတော့ သူများမရိုက်ကူးတဲ့ ပုံစံဇာတ် လမ်းဆန်းတာလေးတွေပေါ့။ အဓိကဇာတ်ကားတစ် ကားမှာ ပေးချင်တဲ့ အကြောင်းအရာ ရယ်၊ ဗဟုသုတ ဒါမျိုးပါတဲ့ ဇာတ်ပေါ့။ အဓိက ကျွန်တော် အဲဒီလိုမျိုး အနှစ်သာရရှိမယ့်ဟာကို ပြင်ဆင်ပါ တယ်။ လတ်တလောတော့ ကျွန်တော်ဆင်နဲ့ ပတ်သက် ပြီးတော့ ရိုက်ကူးချင်တာပါ။ ဆင်တောထဲမှာ ဆင်တွေအကြောင်း သဘာဝတွေ၊ ဆင်တွေရဲ့ ဗဟုသုတတွေကို ပြချင်တာတွေပါတယ်။ သည်းထိတ်ရင်ဖို အပစ်အခတ်လေးတွေ လည်းပါတယ်။ အကုန် လုံးစုံလင် အောင် ထည့်ပေးတဲ့အတွက် ပရိသတ်တွေအတွက် ရသအစုံ အလင်ရမယ့် ဇာတ်ကား မျိုးဖြစ်အောင်ဖန်တီးနေပါတယ်” လို့ပြောပြခဲ့ပါ တယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၇ နာရီ ၄၄ မိနစ်၌မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ ဆရာတော်၊ သံဃာတော်နှင့် သီလရှင်များကို ဆွမ်းဆန်တော်များလောင်းလှူပူဇော်

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ (၅၂)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ရက်ဖြစ်သည့် ယနေ့ ဒီဇင် ဘာ ၁၄ ရက်က သံဃပူဇာအဖြစ် ဆရာတော်၊ သံဃာ တော်များနှင့် သီလရှင်များကို ဆွမ်းဆန်တော်များလောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။ ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တတက္ကသိုလ်(ရန်ကုန်)ပါမောက္ခချုပ်ဆရာ တော်၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်ဆရာတော်တို့အမှူးပြုသော ဆရာတော်၊ သံ ဃာတော်(၁၀၈)ပါးနှင့် သီလရှင်(၅၄)ပါးတို့အား ဆွမ်း ဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူ ဒါန်းခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071