
လူ့ဘဝ ကျင်လည်ဖြတ်သန်း ကြရာမှာတော့ အတ္တဟိတနဲ့ ပရဟိတကို ချိန်ညှိလျှောက်လှမ်းနိုင်မှ အနှစ်သာရရှိတဲ့ ဘဝအလှကို ရနိုင်မှာဖြစ်ပါတယ်။ ပရဟိတကာချုပ်ကြီးလို့ ချစ်စနိုးတင်စားခေါ်ဝေါ်ကြတဲ့ ဦးကျော်သူကတော့ ပရဟိ တဆိုသည်မှာ မြတ်စွာဘုရားရှင်တို့ ချစ်မြတ်နိုးရာ အလုပ် တစ်ခုပါလို့ ဆိုပါတယ်။ ဆက်လက်ပြီးတော့လည်း ဦးကျော် သူက လက်ရှိအချိန်မှာ ပရဟိတအသင်းအဖွဲ့တွေ ပိုမိုပေါများလာတာက ဝမ်းသာစရာတစ်ခုဖြစ်ပေမယ့်ကိုယ်ကျိုးရှာ အမြတ် ထုတ်သူတချို့ရှိလာတဲ့အတွက်လည်း ပရဟိတကိုကာ ကွယ်ရမယ်လို့လည်း သူကထပ်ပြောပါတယ်။
” အခုက ပရဟိတအဖွဲ့တွေ များလာတယ်။ တကယ်ဆို ဝမ်းသာစရာပါ။ သို့သော် ပရဟိတကို ခုတုံးလုပ်ပြီးတော့ ကိုယ်ကျိုးရှာတဲ့သူတွေ ပေါ်လာတယ်။ နိုင်ငံရေးအမြတ် ထုတ်တာလေးတွေပေါ်လာတယ်။ ဒီအလှူငွေကို အလွဲသုံးစားလုပ်ဖို့ ကြိုးစားတာတွေပေါ်လာတယ်။ ပရဟိတကို ဟန်ပြလုပ်တာ တွေပေါ်လာတယ်။ အဲဒါတွေကိုတော့ ကျွန် တော်တို့ ကြံ့ကြံ့ခံပြီး ကာကွယ်ကြရမယ်” လို့ ဦးကျော်သူက တွေ့မြင် ကြုံတွေ့လာရတဲ့ ပရဟိတအဖွဲ့တချို့ရဲ့ ဖြစ်ပျက်မှုတွေ အကြောင်းကို ပြောပြပါတယ်။ ဒါ့အပြင် ဦးကျော်သူက မြန်မာပြည်သူပြည်သားတိုင်း ဗြဟ္မစိုရ် တရား လက်ကိုင်ထားဖို့အတွက် အချိန်တန်ပြီဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။
မျိုးကျော် (ကနောင်သွေး)
