ငလျင်ကြီးကြောင့် ပျ-က်စီးခဲ့ရသည့် နိုင်ငံတော်ပိုင် အဆောက်အအုံများကို ပြန်လည်တည်ဆောက်ရာတွင် ငလျင်ပြင်းအား (၈) မဂ္ဂနီကျုခံနိုင်သော ဒီဇိုင်းများနှင့် အကွက်ချပုံစံများ ရေးဆွဲခြင်း၊ မြေစမ်းသပ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
လက်ရှိ၌ ငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးသွားခဲ့ရသည့် နိုင်ငံတော်ပိုင် ဝန်ထမ်းအိမ်ရာ၊ လူပျိုအပျိုအဆောင်များကို အဆင့် (၁) စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စနစ်တကျ စစ်ဆေးခဲ့ပြီး အပြာရောင်အဆင့် အဆောက်အအုံများကို ဦးစားပေးပြင်ဆင်လျက်ရှိသည်ဟု သိရသည်။
ထို့ပြင် လိမ္မော်ရောင်အဆင့် အဆောက်အအုံများကို အဆင့် (၂) စစ်ဆေးရေးအဖွဲ့များနှင့် အသေးစိတ် ထပ်မံစစ်ဆေးပြီး အဆင့်နှစ် စစ်ဆေးမှု ညွှန်ကြားချက်အတိုင်း ချမှတ်ထားသည့် Standard Operation Procedures (SOP) နှင့်အညီ စတင်ပြင်ဆင်လျက်လည်းရှိနေသည်။
ထိုနည်းတူ အဓိကကျသည့် အစိတ်အပိုင်းများ ထိခိုက်ပျ-က်စီးသွားသည့် ဖြိုဖျက်ရမည့် အဆောက်အဦးများကို ဖြိုဖျ-က်လျက်ရှိနေပြီး အသစ်တည်ဆောက်မည့် အဆောက်အအုံများကို ငလျင်ပြင်းအားရစ်ချ်တာစကေး (၈) မဂ္ဂနီကျုခံနိုင်သည့် ဒီဇိုင်းနှင့် အကွက်ချပုံစံရေးဆွဲခြင်း၊ မြေစမ်းသပ်ခြင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
