ယနေ့ ဩဂုတ် (၂၅)ရက် ညနေ(၄)နာရီအချိန်တွင် အမျိုးသမီးအာရှချန်ပီယံလိဂ်ဝင်ရောက်ခွင့် ခြေစစ်ပွဲစဉ်တွင် ပြည်တွင်းကလပ် ISPE အသင်းနှင့် ဂူအမ်ကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန် မိနစ်(၃၀)အတွင်းမှာပင် ISPE အသင်းက (၆)ဂိုးသွင်းယူ၍ အုပ်စုအဖွင့်လှခဲ့ပြီဖြစ်သည်။
ထို့နောက် ပထမပိုင်း ပွဲပြီးဆုံးခါနီး (၄၃) မိနစ်တွင် နောက်ထပ်သွင်းဂိုး (၁)ဂိုး သွင်းယူခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် စုစုပေါင်းသွင်းဂိုး(၇)ဂိုးရရှိထားပြီဖြစ် သည်။
ယနေ့တွင် ISPE အမျိုးသမီးဘောလုံးအသင်းအား ကွင်းအတွင်းလာရောက်အားပေးကြည့်ရှု့သည့် မြန်မာပရိတ်မှာ ပွဲကြည့်စင်အပြည့်ရှိနေသည်ကိုတွေ့ရသည်။
ပွဲအတွင်း ကာလတိုစာချုပ်ဖြင့် ခေါ်ယူထားသည့် တိုက်စစ်မှူး မေထက်လူ၊ စန်းသော်သော်၊ ဖြူဖြူဝင်း၊ ဖြူဖွေးနှင့် ယွန်းဝတီလှိုင်တို့ပါဝင်လာသလို ခင်မာလာထွန်း၊ ဇူးလတ်နဒီ၊ လင်းလဲ့ဦး၊ သန်းသန်းနွယ်၊ ရွှေရည်ထွန်းတို့လည်း ပါ ဝင်လာသည်ကိုတွေ့မြင်ရသည်။
အာရှအမျိုးသမီးချန်ပီယံလိဂ်ဝင်ရောက်
ခွင့် ခြေစစ်ပွဲအား ဩဂုတ်(၂၈) ရက်တွင် မွန်ဂိုရီးယားကလပ်အသင်း၊ ဩဂုတ် (၃၁) ရက်တွင် ဖိလစ်ပိုင်ကလပ်အသင်းတို့ဖြင့် ရန်ကုန်မြို့ သုဝဏ္ဏအား ကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး၊ အသင်းနည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်းက တာဝန်ယူကိုင်တွယ်လျက်ရှိသည်။
