Thursday, July 10, 2025

စာရေးဆရာ မောင်သာချို၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်သို့...

နိုင်ငံကျော် စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ...

အမေရိကန်ပြည်ထောင်စုသည် သြဂုတ်လမှစတင်၍ ဘရာဇီးမှ ကုန်ပစ္စည်းတင်သွင်းမှုများအပေါ်...

အမေရိကန်ပြည်ထောင်စုသည် သြဂုတ်လ ၁ ရက်နေ့မှစတင်၍ ဘရာဇီးမှ ကုန်ပစ္စည်းတင်သွင်းမှုများအပေါ် ၅၀% အကောက်ခွန်များ စည်းကြပ်ရန် ဆုံးဖြတ်လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။ ဘရာဇီးသမ္မတ...

ရူဘီယိုနှင့် လက်ဗရော့ဗ် ကွာလာလမ်ပူရ်တွင်တွေ့မည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် ကွာလာလမ်ပူတွင် ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြင်ပတွေ့ဆုံမှုအဖြစ် ကြာသပတေးနေ့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လက်ဗရော့ဗ်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း...

နိုင်ငံပြင်ပတွင် မွေးဖွားသည့် ကလေးများမှတ်ပုံတင်ရန် တိုကျိုမြို့ရှိ...

မြန်မာနိုင်ငံသား မိဘများမှ နိုင်ငံတော်ပြင်ပတွင် မွေးဖွားသည့် ကလေးအား မွေးဖွားကြောင်း မှတ်ပုံတင်ရန် တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည် မြန်မာသံရုံး၊ တိုကျိုမြို့သည် ဂျပန်နိုင်ငံတွင် ရောက်ရှိနေထိုင်...
HomeInternationalပထမဆုံး ကမ္ဘာ့အမှိုက်ကောက် အားကစားပြိုင်ပွဲကို...

ပထမဆုံး ကမ္ဘာ့အမှိုက်ကောက် အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ဂျပန်ကျင်းပမည်

ဂျပန်နိုင်ငံသည် ပထမဆုံး ကမ္ဘာ့အမှိုက်ကောက် အားကစားပြိုင်ပွဲ (SpoGomi World Cup) ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း မကြာသေးမီက ကြေညာခဲ့သည်။

SpoGomi ဆိုသည်မှာ “Sport” အားကစား နှင့် “Gomi” အမှိုက်ဟု အဓိပ္ပာယ်ရသော ဂျပန်စကားလုံးတို့ကို ပေါင်းစပ်၍ အမည်ပေးထားသည့် အားကစားပြိုင်ပွဲဖြစ်ပြီး အဖွဲ့ဝင် ၃ ဦးမှ ၅ ဦးအထိ ပါဝင်သော အသင်းများက သတ်မှတ်ထားသောအချိန်အတွင်း အမှိုက်အများဆုံး ကောက်နိုင်ရန်အတွက် ယှဉ်ပြိုင်ရခြင်းဖြစ်သည်။

အဆိုပါ ကမ္ဘာ့အမှိုက်ကောက် အားကစားပြိုင်ပွဲကို တိုကျိုမြို့တွင် ကျင်းပမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ အသင်းအဖွဲ့များသည် တိုကျိုလမ်းများပေါ်ရှိ အမှိုက်သရိုက်များကို အပြိုင်အဆိုင် ရှင်းလင်းသိမ်းဆည်းရမည်ဖြစ်သည်။

တစ်သင်းလျှင် သုံးဦးစီ ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး သတ်မှတ်ထားသော နေရာများနှင့် လမ်းများပေါ်တွင် တတ်နိုင်သမျှ အမှိုက်များကို အများဆုံးရရှိအောင် ကောက်ယူသိမ်းဆည်းရမည်ဖြစ်သည်။

ထို့ပြင် အမှိုက်များကိုလည်း မီးရှို့ဖျက်ဆီးနိုင်သော အမှိုက်၊ ပြန်လည်အသုံးပြုနိုင်သော အမှိုက်နှင့် သတ္တုဗူးများ စသည်ဖြင့် အရောင်အလိုက် အမျိုးအစားခွဲထားသော အိတ်များထဲသို့ မှန်ကန်စွာ ခွဲထည့်ရပါမည်။

SpoGomi ကို ဂျပန်နိုင်ငံမှ စတင်တီထွင်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ နှစ်မှစ၍ ဒေသတွင်းပြိုင်ပွဲများ ပြုလုပ်ကျင်းပခဲ့သည်။ သို့ရာတွင် အဆိုပါအားကစားသည် ကမ္ဘာတစ်ဝန်း အလွန်လျင်မြန်စွာ ပျံ့နှံသွားခဲ့ပြီး ယခုအခါ နှစ်စဉ်နှစ်တိုင်း ထိုပြိုင်ပွဲများကို ရာနှင်ချီ၍ ကျင်းပနေကြောင်း သိရသည်။

ပုံမှန်အားဖြင့် အနိုင်ရသည့်အဖွဲ့ကို ပွဲစီစဉ်သူများက အသိအမှတ်ပြုလက်မှတ် သို့မဟုတ် ဖလားနှင့် ဆုကြေးငွေ အနည်းငယ် ပေးသော်လည်း SpoGomi ပွဲများသည် ဆုငွေအတွက် ပြုလုပ်ခြင်းမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်ကို သန့်ရှင်းစေလိုခြင်းနှင့် အသင်းလိုက် တန်ဖိုးရှိသော အချိန်ကို ယှဉ်ပြိုင်ခြင်းဖြင့် ပိုင်ဆိုင်စေလိုခြင်းတို့ကို မျှော်မှန်း၍ ပြုလုပ်ခြင်း ဖြစ်သည်။

Source: Odditycentral

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စာရေးဆရာ မောင်သာချို၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်သို့ ပို့ဆောင်ပေးနေသည့် မြင်ကွင်း

နိုင်ငံကျော် စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ ဖြစ်သည်။ စာရေးဆရာ မောင်သာချိုသည် မြန်မာစာပါမောက္ခတစ်ဦးလည်းဖြစ်ပြီး ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ် ၊ သုံးခွကျေးရွာတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ သူသည် ရန်ကုန် တက္ကသိုလ်မှ ၁၉၈၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့၊ ၁၉၈၃ ခုနှစ်တွင် ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့၊ ၁၉၈၈ တွင် မဟာဝိဇ္ဇာဘွဲ့များ ရရှိခဲ့ပြီး ၁၉၇၃ ခုနှစ် ဒီဇင်ဘာလထုတ် သောင်းပြောင်း ထွေလာရယ်စရာ...

အမေရိကန်ပြည်ထောင်စုသည် သြဂုတ်လမှစတင်၍ ဘရာဇီးမှ ကုန်ပစ္စည်းတင်သွင်းမှုများအပေါ် ၅၀% အခွန်စည်းကြပ်မည်

အမေရိကန်ပြည်ထောင်စုသည် သြဂုတ်လ ၁ ရက်နေ့မှစတင်၍ ဘရာဇီးမှ ကုန်ပစ္စည်းတင်သွင်းမှုများအပေါ် ၅၀% အကောက်ခွန်များ စည်းကြပ်ရန် ဆုံးဖြတ်လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။ ဘရာဇီးသမ္မတ လူးဝစ် အီနာစီယို လူလာ ဒါဆေးလ်ဗားထံသို့ ပေးပို့သော မက်ဆေ့ချ်ပါ အခွန်နှုန်းအသစ်ကို သူ၏ Truth Social စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။ ဘရာဇီးလ်အနေဖြင့် ပြန်လည်လက်တုံ့ပြန်သည့် အခွန်များ တန်ပြန်စည်းကြပ်ရန် ဆုံးဖြတ်ပါက အမေရိကန်သည် ဘရာဇီးကုန်ပစ္စည်းများအပေါ် အခွန်နှုန်းထားကို ထပ်မံတိုးမြှင့်မည်ဖြစ်ပြီး ဘရာဇီးလ်က သတ်မှတ်သည့် ပမာဏအတိုင်း လိုက်လံတိုးမြှင့်မည်ဖြစ်ကြောင်း ထရမ့်က...

ရူဘီယိုနှင့် လက်ဗရော့ဗ် ကွာလာလမ်ပူရ်တွင်တွေ့မည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် ကွာလာလမ်ပူတွင် ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြင်ပတွေ့ဆုံမှုအဖြစ် ကြာသပတေးနေ့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လက်ဗရော့ဗ်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ ယခုတွေ့ဆုံမှုသည် ရူဘီယိုနှင့် လက်ဗရော့ဗ် တို့၏ ဒုတိယအကြိမ်မြောက် လူချင်းတွေ့ဆုံမှုဖြစ်မည်ဖြစ်ကာ ယူကရိန်းစစ်ပွဲအရေးနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဘဝင်မကျမှု ရေချိန်မြင့် နေချိန်တွင် တွေ့ဆုံမှုဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ဆော်ဒီအာရေဗျနိုင်ငံတွင် ၎င်းတို့နှစ်ဦး ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြကာ ထရမ့်ပ်အစိုးရအဖွဲ့က ရုရှားနှင့် အပြန်အလှန်ဆက်ဆံရေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071