သရုပ်ဆောင်နေထူးနိုင်က ၂ဝ၁၇ခုနှစ်မှာ ကလေးတွေအတွက် အသိပညာ၊ ဗဟု သုတတွေရရှိစေမယ့် ဇာတ်ကားတွေကိုသာ ရည်ရွယ် ပြီး ရိုက်ကူးသွားမယ်လို့ သိရပါ တယ်။ “၂ဝ၁၇ခုနှစ်ကစပြီး ကျွန်တော် ကလေးတွေအတွက်ရည်ရွယ်ပြီး ဇာတ်ကားတွေ ရိုက်ကူးမယ်။ ကျွန်တော့်ဇာတ်ကားကို ကြည့်တဲ့အခါမှာ ဗဟုသုတ တစ်ခုခု ရရှိစေချင် တယ်။ ပညာတစ် ခုခု ရရှိစေချင်တယ်။ အခု ကျွန်တော် နဲ့ ရိုက်ကူးနေတဲ့ ဒါရိုက်တာတွေကို ရော၊ ဇာတ်ညွှန်းရေးဆရာတွေကို ရော ဘာမှာထားလဲဆိုရင် နောက် ရိုက်ကူးမယ့် ဇာတ်ကားအားလုံး သည် ပရိသတ်ကို ပညာပေးတဲ့ကားမျိုးပဲ ရိုက်ကူးချင် တယ်။ ဒါပေမဲ့ ကျွန်တော်ပေးတဲ့ ပညာက အယူမမှားဖို့လိုတယ်။ မသိ နားမလည်ရင် ကျွန်တော့်ဖေ့စ်ဘုတ်မှာ လာမေးလို့ရတယ်။ ဖုန်းနဲ့ ဆက်ပြီး မေးလို့လည်း ရပါတယ်။ ကျွန်တော်တို့က ပရိသတ် ကို တန်ဖိုးထားတဲ့အ တွက် ပရိသတ် တွေအတွက် အမြဲစဉ်းစားပြီး ဇာတ်ကားတွေကို အကောင်းဆုံး ရိုက်ကူးပေးသွားမှာ။ ပရိသတ်ကို တန်ဖိုးထားတဲ့ အတွက်ကြောင့်မို့ ဈေးကွက်ပျက် တယ်ဆိုပြီးလည်း ဇာတ်ကားတွေကို ပြီးစလွယ်မရိုက် ကူးပါ ဘူး” လို့ နေထူးနိုင်က ပြောပြပါတယ်။
အခုတလောမှာ မြန်မာ ဇာတ်ကားများနဲ့ပတ်သက်ပြီး ဝေဖန်စကားများ ပြောနေကြတဲ့ သူများ ရှိနေပါတယ်။ ဒီ ဝေဖန်သူတွေက မြန် မာပေါကားများ ရပ်ဆိုတဲ့ စကား လုံးနဲ့ကို ပြောဆိုဝေဖန်နေကြတာ ဖြစ်ပါတယ်။ အခုလို မြန်မာ ပေါကားများရပ်လို့ ပြောလာကြတဲ့ သူတွေကို ကျေး ဇူးတင်မိကြောင်း နေထူးနိုင်က “မြန်မာပေါကားရပ်လို့ ပြော တဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ သူတို့တွေ ကျွန်တော်တို့ ကို အပြစ်ပြောတဲ့နေရာမှာ ကျွန်တော် တို့ ပြင်လို့ရတဲ့ဟာတွေကို အကုန်ပြင်ပေးတယ်။ ဒါပေမဲ့ ပြင်လို့မရတဲ့ ဟာတွေ ရှိနေတယ်။ အဲဒါတွေကျ တော့ ကျွန်တော်တို့လည်း မတတ်နိုင် ဘူး။ ဒါပေမဲ့ အဓိကပြောချင်တာက ကျွန်တော်တို့လို နိုင်ငံတကာနဲ့ ယှဉ်ပြီး သူတို့တွေ ကိုယ့်လူမျိုးဘက်ကနေ မခံနိုင်ဖြစ်ပြီး အားမလို၊ အားမရ ပြောတယ်လို့ ကျွန်တော်လက်ခံတယ်။ ဒါပေမဲ့ အားမလို အားမရ ဖြစ်ပြီး ကျွန်တော်တို့ကို ဝေဖန်ပြောဆို တာထက် ကျွန်တော်တို့နဲ့ အတူ ဝင်ရောက်စီးမျောပြီး အပြုသဘောနဲ့ ဝေဖန်ပေးတာက ကျွန်တော် တို့အဖို့ အကျိုးရှိပါတယ်လို့ ပြောချင်ပါတယ်။ ဥပမာ နိုင်ငံတကာ၊ နိုင်ငံ တကာလို့ ပြောရင် ကျွန်တော်တို့မှာ နိုင်ငံတကာ ဈေးကွက်မရှိဘူး ။ နိုင်ငံ တကာလို ဥပဒေမရှိဘူး။ နိုင်ငံတကာလိုနိုင်ငံကပံ့ပိုးမှုမရှိဘူး။ နိုင်ငံတကာ လို ရုပ်ရှင်မရှိဘူး။ နိုင်ငံတကာလို မပြည့်စုံတာတွေ အများကြီးရှိနေလို့ နိုင်ငံတကာနဲ့မနှိုင်းယှဉ်ဘဲ ကျွန်တော်တို့ ပြည်တွင်းမှာ ပြည်တွင်းကြိုက် ဖြစ်အောင် ဗမာကြိုက်ဖြစ်အောင် ကျွန်တော် တို့ကြိုးစားဖန်တီးထားတဲ့ အနု ပညာအပေါ်မှာ ဝေဖန်အကြံပြုပေးပါ” လို့ ပြောပြခဲ့ပါတယ်။
ဇင်မာနွယ်