ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်ရှိ ကုန်းစောင်းကျေးရွာနှင့် သိမ်းကုန်းကျေးရွာ၌ တောင်ကျရေမှတဆင့် ရုတ်တရက်ရေကြီးသောကြောင့် အနည်းဆုံးလူ (၆)ဦးအသက်ဆုံးရှုံးခဲ့ရကြောင်း ကူညီရေးလုပ်ဆောင်နေသူများက ပြောသည်။
“ရှမ်းတောင် /ပင်းတယ (၆)ဦးကျော် ေ-သဆုံးပါတယ်၊ ပြန်တွေ့တဲ့ ဘော်ဒီတွေလည်းရပါပြီ၊ ကူညီရေး ဆောင်ရွက်နေပါတယ်”ဟု ဒေသခံတစ်ဦးက မျှဝေထားသည်။
ယမန်နေ့ညက ရုတ်တရက် ရေကြီးမှုကြောင့် ကုန်းစောင်းကျေးရွာမှ လူ့အသက်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
“သိမ်းကုန်းက လူမေ-သဘူး၊ စိုက်ခင်းတွေ ပျ-က်ကုန်တယ်၊ မနေ့ညက ရေရုတ်တရက် ဆင်းလာတယ်ပြောတယ်” ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောပြသည်။
လက်ရှိ၌လည်း ရွှေဥမင်ဘုရားရှိ ဆိုင် (၄)ခန်းပြိုကျထားပြီး အန္တရာယ်ရှိမည်ကို စိုးရိမ်ရသည့်အတွက် ဘုရားအတက်လမ်းကို ပိ-တ်ထားကြောင်း သိရသည်။
အလားတူ ယမန်နှစ်က ရေကြီးမှုဒဏ် အလူးအလဲ ခံခဲ့ရသည့် တောင်ပေါ်ဒေသ ကလောမြို့တွင်လည်း ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကလောချောင်းရေ မြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ထို့ပြင် ရန်ကုန်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့၌ မိုးတိမ်တောင်ဖြစ်ထွန်းနေကာရွေ့လျားရာနေရာတလျှောက်၌ လေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းကို ကြိုတင်သတိပြရန် လိုအပ်ကြောင်းလည်း သတိပေးထားသည်။
