Thursday, June 25, 2026

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃...

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ...

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက်...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း...

အားကစားသမားပေါင်း (၂၂၆) ဦး ပါဝင်ယှဉ်ပြိုင်သည့်...

​၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံ ပစ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ် နှင့် မြန်မာ့သိုင်းပြိုင်ပွဲများကို ဇွန်လ (၂၁) ရက်မှ (၂၃)...
HomeMoviesပင်လုတူးမြောင်းစီမံကိန်း ပြီးစီးပါက မြန်မာအပါအဝင်...

ပင်လုတူးမြောင်းစီမံကိန်း ပြီးစီးပါက မြန်မာအပါအဝင် အာဆီယံနိုင်ငံများနှင့် တရုတ်အနောက်ပိုင်းဒေသများအကြား ကုန်သွယ်ရေးချိတ်ဆက်မှု ပိုမိုအားကောင်းလာမည်

တရုတ်နိုင်ငံ၏ အနောက်ပိုင်း ကုန်း-ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ် (New Western Land-Sea Corridor) အတွက် အဓိကမဟာဗျူဟာစီမံကိန်းဖြစ်သည့် ပင်လုတူးမြောင်း (Pinglu Canal) စီမံကိန်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် အပြီးသတ်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပင်လုတူးမြောင်းသည် နန်နင်းမြို့ရှိ ရှီကျင်ရေလှောင်ကန်ဧရိယာမှ စတင်ကာ ချင်ကျိုးမြို့နှင့် ဘေ့ပူပင်လယ်ကွေ့ (Beibu Gulf) သို့ ဆက်သွယ်ဖောက်လုပ်ထားခြင်းဖြစ်ပြီး စုစုပေါင်းအရှည် ၁၃၄.၂ ကီလိုမီတာရှိသည်။ တူးမြောင်းကို တန်ချိန် ၅,၀၀၀ အထိရှိသော သင်္ဘောများ သွားလာနိုင်သည့် Class-I Inland Waterway စံချိန်စံညွှန်းဖြင့် တည်ဆောက်ထားကြောင်း သိရသည်။

စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ယွမ် ၇၂.၇ ဘီလီယံခန့်ရှိသည့် အဆိုပါစီမံကိန်းတွင် ရေကြောင်းလမ်းကြောင်းဖောက်လုပ်ခြင်း၊ သင်္ဘောဆိပ်နှင့် ကုန်စည်ပို့ဆောင်ရေးအချက်အချာများ တည်ဆောက်ခြင်း၊ ရေအရင်းအမြစ်စီမံခန့်ခွဲရေး အဆောက်အအုံများ အဆင့်မြှင့်တင်ခြင်း၊ မြစ်ကူးတံတားများနှင့် ဆက်စပ်အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းတို့ ပါဝင်သည်။

ပင်လုတူးမြောင်း ပြီးစီးပါက ဂွမ်ရှီးဒေသနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသများမှ အာဆီယံနိုင်ငံများသို့ သွားရောက်နိုင်မည့် အတိုဆုံးနှင့် ကုန်ကျစရိတ်အသက်သာဆုံး ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ ကွမ်ကျိုးဆိပ်ကမ်းမှတစ်ဆင့် သွားလာနေသည့် လမ်းကြောင်းနှင့် နှိုင်းယှဉ်ပါက အတွင်းပိုင်းရေကြောင်းခရီးအကွာအဝေးကို ကီလိုမီတာ ၅၆၀ ကျော် လျှော့ချနိုင်မည်ဖြစ်ပြီး ကုန်စည်သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များကိုလည်း လျှော့ချပေးနိုင်မည်ဟု မျှော်မှန်းထားသည်။

စီမံကိန်းသည် အာဆီယံဒေသ၊ ဘေ့ပူပင်လယ်ကွေ့ စီးပွားရေးဇုန်၊ ချန်ဒူး-ချုံချင်း စီးပွားရေးစက်ဝိုင်းနှင့် ကွမ်တုံ-ဟောင်ကောင်-မကာအို မဟာပင်လယ်ကွေ့ဒေသတို့အကြား ကုန်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များကို ပိုမိုချိတ်ဆက်ပေးမည့် အရေးပါသော အခြေခံအဆောက်အအုံစီမံကိန်းတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံနှင့် အာဆီယံအကြား ကုန်သွယ်ရေးနှင့် ချိတ်ဆက်ဆောင်ရွက်မှုများတွင် အရေးပါသည့် ပထဝီဝင်အနေအထားကို ပိုင်ဆိုင်ထားသည့်အတွက် ပင်လုတူးမြောင်းစီမံကိန်းမှတစ်ဆင့် ဒေသတွင်း ကုန်စည်စီးဆင်းမှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်လျက်ရှိသည်။

ထို့ပြင် တရုတ်နိုင်ငံ၏ အနောက်ပိုင်း ကုန်း-ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ် အကောင်အထည်ဖော်မှု ပိုမိုထိရောက်လာခြင်းနှင့်အတူ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကျယ်ပြန့်လာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

ပင်လုတူးမြောင်းစီမံကိန်း ပြီးစီးပါက ဂွမ်ရှီးဒေသ၏ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး တံခါးပေါက်အဖြစ် အခန်းကဏ္ဍကို ပိုမိုခိုင်မာစေမည်ဖြစ်ပြီး ဒေသတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုဖွံ့ဖြိုးတိုးတက်မှုများကို အရှိန်အဟုန်ဖြင့် မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃ သန်းနီးပါးရောင်းချပေး

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့် FX Trading အစီအစဉ်တွင် ကဏ္ဍအသီးသီးမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြရာ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက ၂၇ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့သည်။ အဆိုပါ FX Trading တွင် စက်သုံးဆီကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၁၁ ရာခိုင်နှုန်း၊ စားသုံးဆီကဏ္ဍမှ ၁၀ ရာခိုင်နှုန်းနှင့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန် ၂၈ ရက်တွင်ထုတ်ပြန်မည်

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက် ၆ နာရီတွင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရသည်။ အောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ကာ www.myanmarexam.org နှင့် result.dme.gov.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ ထို့ပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်မကောင်းသည့် စာစစ်ဌာနများ၏ အောင်စာ ရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှ အောင်စာ ရင်းထွက်သည့်နေ့တွင်ကြေညာပေးမည်ဖြစ်ကာ အောင်စာရင်းနှင့်ပတ်သက်၍မရှင်းလင်းပါက မြန်မာ...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ညိုကျေးရွာအုပ်စု၊ မင်းနောင်ကျေးရွာအနီး ပုံးတတ်ရိုးမှရေလျှံပြီး ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေကျော်၍လမ်းပိတ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဉတ္တရသီရိမြို့နယ်မီးသတ်စခန်း၊ တောင်ညိုနယ်မြေမီးသတ်စခန်း၊ ပန်းတင်အမြန်လမ်းနယ်မြေမီး သတ်စခန်းတို့မှတပ်ဖွဲ့ဝင်များဖြင့် ခရီးသွားများသွား လာရလွယ်ကူစေရန် ကူညီပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071