Thursday, May 28, 2026

မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းများ တိုင်းဝန်ကြီးချုပ်ကြည့်ရှု

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်လုပ်ကိုင်လျက်ရှိသည့် MSME များလုပ်ငန်းဆောင်ရွက်နေမှုများကို တိုင်းဝန် ကြီးချုပ်ဦးကိုလေးက ယနေ့ မေ ၂၈ ရက်နံနက်ပိုင်းတွင် ကြည့်ရှုအားပေးခဲ့သည်။ ချမ်းမြဝတီရပ်ကွက်ရှိ တစ်ရက်လျင် ဆန်(၁)တင်းခွဲ...

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်းများ(၂၀၂၆)အတွက် ရန်ပုံငွေလွှဲပြောင်းလက်...

မြန်မာ-တရုတ်နှစ်နိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်းများ(၂၀၂၆) အလတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာကို မေ ၂၈ ရက်ကလက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာကို နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေ ရှေ့...

MOFA ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန် ကြီး၏...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ကလျာဏ ဝိဖတ်သိဖွန် ပရတ်ထေ့ တို့ ယနေ့ မေ ၂၈ ရက်က...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူး လွန်သည့် တရုတ်နိုင်ငံသားနှင့်...

လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက ယနေ့ မေ ၂၈ ရက်ညနေပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားနှင့်...
HomeNewsLocal Newsပင်လယ်(မိုင်းမော)မြို့ဟောင်းတူးဖော် သုတေသနဆောင်ရွက်ခြင်းမှ ဗုဒ္ဓဆင်းတုတော်တစ်ဆူ...

ပင်လယ်(မိုင်းမော)မြို့ဟောင်းတူးဖော် သုတေသနဆောင်ရွက်ခြင်းမှ ဗုဒ္ဓဆင်းတုတော်တစ်ဆူ ထပ်မံတွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ပင်လယ်(မိုင်းမော) မြို့ဟောင်းတူးဖော်သုတေသန ဆောင်ရွက်ခြင်းမှ ဗုဒ္ဓဆင်းတုတော်တစ်ဆူ ထပ်မံတွေ့ရှိရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ နိုဝင်ဘာ ၉ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်အတွင်းရှိ ပင်လယ်(မိုင်းမော)ပျူမြို့ဟောင်း၏အပြင်ဘက်တွင်ရှိသော ကန်ဆွယ်ကျေးရွာ၏ အရှေ့တောင်ဘက်ရှိ တူးဖော်မှုကုန်းအမှတ်-၂၂(က)အား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၄ ရက် ရက်နေ့မှစတင်၍ တူးဖော် သုတေသနပြုခြင်းကို ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၇ ရက်တွင် ကျင်းကွက် အမှတ်-D5၊ မြေပြင်အနက် ၂၈ စင်တီမီတာ(၁၁ လက်မ)၌ ဗုဒ္ဓဆင်းတုတော်တစ်ဆူကို တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။

တူးဖော်တွေ့ရှိသည့် ဆင်းတုတော်အား စနစ်တကျမှတ်တမ်းတင်ပြီးနောက် သန့်ရှင်းရေးဆောင်ရွက်ရာ
ဆင်းတုတော်၏ အတိုင်းအတာမှာ ဉာဏ်တော်(ဆံတော်ဖျားမှအောက်ခြေ ပလ္လင်အထိ) ၆.၅ စင်တီမီတာ၊ ဦးခေါင်းတော်လုံးပတ် ၄.၂ စင်တီမီတာ၊ ပုခုံးအကျယ် ၁.၈ စင်တီမီတာ၊ နားတော် ၀.၈ စင်တီမီတာ၊ ဒူးခွင်အကျယ် ၂.၂ စင်တီမီတာ၊ ပလ္လင်တော် အောက်ခြေအချင်း ၂.၇ စင်တီမီတာရှိပြီး အလေးချိန်အားဖြင့် ၀.၀၄၀ ကီလိုဂရမ်ရှိကြောင်း သိရသည်။

ဆင်းတုတော်ကို ငွေဟုယူဆရသော သတ္တုဖြင့်ပြုလုပ်ထားပြီး ညာလက်တော်သည် ညာဒူးတော်ပေါ်တွင်တင်နေဟန်ဖြစ်ကာ လက်ချောင်းတော်များအောက်တွင် ကြာပွင့်ပုံပါရှိပြီး ဘယ်လက်တော်မှာ အဘယမုဒြာဟန်နှင့် သင်္ကန်းစကိုကိုင်ထားသော စီဝရ ဟတ္ထမုဒြာဟန်ရှိကြောင်း၊ အဘယမုဒြာဟန်လက်ဖဝါးပြင်ပေါ်တွင် ကြာပွင့်ပုံပါရှိကြောင်း သိရသည်။

အောက်ခြေပလ္လင်တော်၏ပုံသဏ္ဌာန်မှာ အဝိုင်းပုံ ပြော့ပလ္လင်၏အထက်တွင် ကြာနှစ်ထပ်ကြာပလ္လင်တင်ထားပြီး ခြေဖဝါးအောက်တွင် ကြာပွင့်ခံထား သောပုံသဏ္ဌာန်မျိုးဖြစ်ကြောင်း၊ ဆင်းတုတော်တွင် ဧကသီသင်္ကန်းတော်ကို ဝတ်ရုံသဖွယ်ရုံထားပြီး ရင်ညွန့်တွင် သင်္ကန်းအလိပ်လေးများကိုပေါ်လွင်အောင် ဖောင်းကြွသဏ္ဌာန်ပြုလုပ်ထားကာ ညာဘက်လက်ကောက်ဝတ်တွင် သင်္ကန်းအနားလိုင်းကို ထင်ရှားစွာပြုလုပ်ထားပြီး အောက်ဖက်ရှိ သင်းပိုင်သင်္ကန်း၏အနားလိုင်းမှာ အင်္ဂလိပ်အက္ခရာ“U”(ယူ) ပုံသဏ္ဌာန်ကွေးဝိုက်လျက်ရှိကာ ခြေမျက်စေ့အထက်တွင် ညီညာသပ်ရပ်စွာ ပုံဖော်ထားကြောင်း သိရသည်။

ဆင်းတုတော်၏မျက်နှာတော်တွင် စပါးစေ့ပုံမျက်လုံးတော်နှင့် လခြမ်းပုံမျက်ခုံးတော်ကို လည်းကောင်း၊ ထူထဲသောနှုတ်ခမ်းတော်နှစ်လွှာနှင့် နှာခေါင်းတော်ကို ပုံဖော်ထားပြီး နားတော်မှာ နားတွဲတော်နှင့်နားပေါက်တော်ထင်ရှားစွာပါရှိကာ ပကတိလူတို့၏နားတော်ပုံစံနှင့် တူညီကြောင်း တွေ့ရကြောင်း သိရသည်။

ဦးခေါင်းထက်တွင် မဏိတော်နှင့် ရောင်လျှံတော်မပါရှိဘဲ ဆံတော်တန်းကို နဖူးပြင်မှ ဦးခေါင်းထိပ်ထိ ၅ တန်းကို လည်းကောင်း၊ ဦးခေါင်းနောက်တွင် ဆံတော် ၉ တန်းကိုလည်းကောင်း ထင်ရှားစွာတွေ့ရှိရပြီး ဆင်းတုတော်၏ ဦးခေါင်းအနောက်ဘက် ဆံစ၏ အောက်လည်ပင်းတော်တွင် အပေါက်ငယ်တစ်ခုပါရှိကြောင်းသိရသည်။

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသည် ပင်လယ်(မိုင်းမော)မြို့ဟောင်းကို ၁၉၇၈-၁၉၇၉ ဘဏ္ဍာရေးနှစ်၊ ဒီဇင်ဘာလမှစတင်၍ တူးဖော်ရေးရာသီတိုင်း တူးဖော်သုတေသနပြုခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ တူးဖော်မှု ကုန်းပေါင်း ၂၃ ကုန်းကို တူးဖော်သုတေသနပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့တူးဖော်မှုပြုလုပ်ရာ ၁၉၈၁-၁၉၈၂ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သော တူးဖော်မှုကုန်းအမှတ်-၈ တူးဖော်မှုမှ ငွေဆင်းတုတော်နှစ်ဆူကိုလည်းကောင်း၊ ၂၀၀၅ ခုနှစ်တွင် မိုင်းမောကျေးရွာ အရှေ့တောင်ဘက် ကင်းတားဆည်လက်တံဖောက်လုပ်ရာမှ ဒေသခံတစ်ဦးက ရွှေဆင်းတု ၈ ဆူ၊ ရွှေငွေအရောဆင်းတု ၄ ဆူ၊ ငွေစေတီ ၂ ဆူနှင့် ငွေသတ္တုစပ် ဆင်းတု ၁ဆူတို့ကိုလည်းကောင်း တွေ့ရှိခဲ့ရပြီးဖြစ်ကာ ၎င်းဆင်းတုတော်များ အားလုံးသည် ဉာဏ်တော်အမြင့် သိသာစွာ ကွာခြားမှုမရှိသော်လည်း လက်အနေအထားမုဒြာဟန်များမှာ အနည်းငယ် ကွဲပြားခြားနားမှုရှိသည်ကိုတွေ့ရကြောင်း သိရသည်။

တူးဖော်သုတေသနပြုရာမှ တွေ့ရှိရသော အထောက်အထားများအရ မိုင်းမော(ပင်လယ်) မြို့ဟောင်း၏ ဗုဒ္ဓဘာသာဗိသုကာနှင့်အနုပညာသမိုင်းရုပ်သွင်ပြင်သည် ပိုမိုပီပြင်မှုရှိလာပြီး ရှေးခေတ် သမိုင်းစဉ်နှင့် ရာဇဝင်ကျမ်းများ၊ ဖော်ပြချက်များ ပိုမိုခိုင်မာမှန်ကန်မှုရှိစေရေးအတွက် ရှေးဟောင်းသုတေသနအထောက်အထားများသည် အလွန်အရေးပါသောကြောင့် မိုင်းမော(ပင်လယ်) မြို့ဟောင်းတူးဖော်သုတေသနပြုမှုများမှ တွေ့ရှိအထောက်အထားများသည် မြန်မာ့သမိုင်းစဉ်အတွက် အထောက်အပံ့ကောင်းများပင်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက အသိပေးထားသည်။

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသည် မြန်မာနိုင်ငံအတွင်းရှိ သမိုင်းဝင်ရှေးဟောင်းဒေသများ၊ အဆောက်အအုံများ၊ ရှေးဟောင်းပစ္စည်းများ ရှာဖွေဖော်ထုတ်ကာကွယ်စောင့်ရှောက်ခြင်း၊ တူးဖော်သုတေသနပြုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းများ တိုင်းဝန်ကြီးချုပ်ကြည့်ရှု

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်လုပ်ကိုင်လျက်ရှိသည့် MSME များလုပ်ငန်းဆောင်ရွက်နေမှုများကို တိုင်းဝန် ကြီးချုပ်ဦးကိုလေးက ယနေ့ မေ ၂၈ ရက်နံနက်ပိုင်းတွင် ကြည့်ရှုအားပေးခဲ့သည်။ ချမ်းမြဝတီရပ်ကွက်ရှိ တစ်ရက်လျင် ဆန်(၁)တင်းခွဲ (၁,၂၀၀)အိတ်ကြိတ်ခွဲထုတ်လုပ်နေသည့် တန်(၆၀)ကျ "အောင်သုခ"ဆန်စက်ရုံ၊ ယင်း ရပ်ကွက်၌ တစ်ရက်လျင် ပေါင်မုန့်နှင့် ကိတ်အမျိုးမျိုး အထုတ်ရေ (၅၀,၀၀၀)ကျော်ထုတ်လုပ်နေသည့် "ရွှေကြယ်စင်"မုန့်လုပ်ငန်းတို့ကို ကြည့်ရှုအားပေးခဲ့သည်။ ထို့ပြင် သလ္လာဝတီရပ်ကွက်ရှိ "အကွာပူရ"သုံးရေနှင့်သောက်ရေသန့်စက်ရုံ၊ မုံရွာမြို့နယ်စည်ပင်နှင့် အကွာပူရကုမ္ပဏီတို့အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် ရေ ပေးဝေရေးလုပ်ငန်းတို့ကိုလည်း တိုင်းဝန်ကြီးချုပ်က ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ ရေပေးဝေရေးလုပ်ငန်းသည် ချင်းတွင်းမြစ်ရေ အားသန့်စင်၍ မုံရွာမြို့ရှိ ရပ်ကွက်(၂၃)ရပ်ကွက်အ တွင်းနေထိုင်များကို...

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်းများ(၂၀၂၆)အတွက် ရန်ပုံငွေလွှဲပြောင်းလက် ခံလွှာလက်မှတ်ထိုး 

မြန်မာ-တရုတ်နှစ်နိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်းများ(၂၀၂၆) အလတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာကို မေ ၂၈ ရက်ကလက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာကို နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေ ရှေ့ မှောက်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးနှင့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးတို့ကလက်မှတ် ရေးထိုးခဲ့ကြသည်။  ပြည်ထောင်စုဝန်ကြီးက မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများသည် ပြည်သူဗဟိုပြုဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို အကောင်အ ထည်ဖော်ရာတွင် အရေးပါပြီး ဒေသတွင်းပြည်သူများ ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကိုသိသာထင်ရှား စွာအထောက်အကူပြုလျက်ရှိသည်ဟု ပြောသည်။ " မြန်မာနိုင်ငံအနေနဲ့ ၂၀၁၇ ခုနှစ်ကစတင်ပြီး အမေရိကန်ဒေါ်လာ(၄၀ ဒသမ ၄၆)သန်းကျော်ခန့်တန်ဖိုးရှိတဲ့ စီမံကိန်းပေါင်း(၁၄၀)ခုရရှိခဲ့ပါတယ်။...

MOFA ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန် ကြီး၏ အကြံပေးပုဂ္ဂိုလ်တို့တွေ့ဆုံ   အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက် နှာစာများတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ကလျာဏ ဝိဖတ်သိဖွန် ပရတ်ထေ့ တို့ ယနေ့ မေ ၂၈ ရက်က နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။  တွေ့ဆုံစဉ် နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုပိုမိုမြှင့်တင်ရေး၊ အာဆီယံအပါ အဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ နယ်စပ်တစ်လျှောက် တရားမဝင်ကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများတားဆီးနှိမ်နင်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းမှုဆိုင်ရာများတွင်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071