Monday, February 10, 2025

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို...

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင် သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။ "သဘင်သည်...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့...

ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက်...

“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း”...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား...

(၅) ဦးမြောက် လူငယ် အဆိုတော်/သရုပ်ဆောင်...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ပွဲအတွက် ရွေးချယ်ထားသည့် ဆန်ကာတင် ဇာတ်ကားများထဲတွင်...
HomeInternationalပင်လယ်နီတွင် အမေရိကန် လေယာဉ်တင်သင်္ဘောကို...

ပင်လယ်နီတွင် အမေရိကန် လေယာဉ်တင်သင်္ဘောကို တိုက်ခိုက်ခဲ့ပြီး အမေရိကန် တိုက်လေယာဉ်ကိုလည်း ပစ်ချခဲ့ကြောင်း ဟူသီများပြောကြား

ယီမင်နိုင်ငံ Ansar Allah လှုပ်ရှားမှုမှ ဟူသီများသည် ပင်လယ်နီတွင် USS Harry S. Truman လေယာဉ်တင်သင်္ဘောကို တိုက်ခိုက်ခဲ့ပြီး F/A-18 တိုက်လေယာဉ်တစ်စင်းကိုလည်း ပစ်ချခဲ့ကြောင်း ယင်းလှုပ်ရှားမှု၏ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့၏ လက်နက်ကိုင်တပ်ဖွဲ့များသည် မနေ့ညနေပိုင်းတွင် USS Harry S. Truman လေယာဉ်တင်သင်္ဘော နှင့် အခြားသော ဖျက်သင်္ဘောများကို တိုက်ခိုက်ခြင်းဖြင့် ကျွန်ုပ်တို့နိုင်ငံကို အမေရိကန်နှင့် ဗြိတိန်တို့၏ တိုက်ခိုက်မှုမှ တားဆီးနိုင်ခဲ့သည်” Yahya Sarea က ဟူသီထိန်းချုပ်ထားသော Al Masirah ရုပ်မြင်သံကြားလိုင်းသို့ ပြောကြားခဲ့သည်။

သူ၏ ပြောကြားချက်အရ အမေရိကန်စစ်သင်္ဘောများကို တိုက်ခိုက်ရာတွင် ခရုဇ်ဒုံးကျည် ၈ စင်းနှင့် ဒရုန်း ၁၇ စင်းတို့ကို အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဟူသီတိုက်ခိုက်မှုအတွင်း အနောက်နိုင်ငံများမှ စစ်လေယာဉ်အများစုသည် ပင်လယ်နီ၏ နိုင်ငံတကာရေပိုင်နက်တွင်ရောက်ရှိနေသည့် လေယာဉ်တင်သင်္ဘောကို ခုခံကာကွယ်ရန် ယီမင်လေပိုင်နက်မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

စနေနေ့ညနေပိုင်းတွင် ဟူသီများထိန်းချုပ်ထားသော ယီမင်နိုင်ငံမြို့တော် Sana တွင် ကြီးမားသော လေကြောင်းတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း Al Masirah နှင့် Saba သတင်းဌာနတို့ထံမှ သိရသည်။ အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ်(CENTCOM) ၏ အဆိုအရ အမေရိကန် စစ်တပ်သည် ဟူသီ ကွပ်ကဲမှု စခန်းများနှင့် မြို့တွင်းရှိ ဒုံးကျည် စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဟူသီဒရုန်းအများအပြားနှင့် သင်္ဘောဖျက် ခရုဇ်ဒုံးကျည်များကိုလည်း ပစ်ချခဲ့သည်။

USS Harry S. Truman လေယာဉ်တင်သင်္ဘော ပါဝင်သည့် ရေယာဉ်အုပ်စုမှ ပဲ့ထိန်းဒုံးကျည်တပ် ခရူဇာစစ်သင်္ဘော USS Gettysburg သည် မှားယွင်းပစ်ခတ်မှုတစ်ခုပြုလုပ်ခဲ့ပြီး USS Harry S. Truman လေယာဉ်တင်သင်္ဘောပေါ်မှ ပျံသန်းလာသော F/A-18 တိုက်လေယာဉ်ကို ထိမှန်ခဲ့ကြောင်း အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ်(CENCOM)မှ ပြောကြားခဲ့သည်။လေယာဉ်ပျက်ကျခဲ့သော်လည်း လေယာဉ်မှူးနှစ်ဦးစလုံးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို အမျိုးသမီးဇာတ်ဆောင်ဆု ရမည်ဟု ခန့်မှန်းနေကြ

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင် သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။ "သဘင်သည် မြနှင်းဆီ" ဇာတ်ကားသည် နှစ်ပေါင်းများစွာ မကျွတ်မလွတ်ဘဲရှိနေသည့် အငြိမ့်မင်းသမီး ဝိဉာဉ်အကြောင်းကို ရိုက်ကူးပုံဖော်ထားခြင်းဖြစ်သည်။ ယင်းရုပ်ရှင်ဇာတ်ကား၏ အဓိကသရုပ်ဆောင်ဖြစ်သည့်မေမီကိုကိုသည် ကိုလိုနီခေတ် ဘိလိပ်ပြန်ပညာတတ်သူဌေးသမီး မြစမ်းကြည် ကာရိုက်တာဖြင့် သရုပ်ဆောင်ထားခြင်းဖြစ်သည်။ "သဘင်သည် မြနှင်းဆီ" ဇာတ်ကားကြီးကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ယခင်ဇာတ်လမ်းတွဲကို ဇာတ်လမ်း ကိုဆက်၊ ဇာတ်ညွှန်း အင်ကြင်းဟန်၊ ဒါရိုက်တာ မင်းဆက်က ၁၉၉၀ ဝန်းကျင်ရှိ မြန်မာနိုင်ငံ၌...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ် ၊ နစက ဥက္ကဋ္ဌ ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်

ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ် ၊ နစက ဥက္ကဋ္ဌ ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ချီးမြှင့်သည်ကို တွေ့ရသည်။ မကြာမီ အချိန်အတွင်း ၂၀၂၄ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားများအနက်မှ ဆန်ကာတင် ဇာတ်ကား (၁၈) ကားထဲမှ ထူးချွန်ဆု...

“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း” လား

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား (၁၈) ကားထဲတွင် အကယ်ဒမီ မြင့်မြတ် ပါဝင်သရုပ်ဆောင်ထားသည့် ရုပ်ရှင်ဇာတ်ကား (၂) ကားပါဝင်နေသည်။ "ဘိုးတော်ကင်း" နှင့် " နို့ထမင်း" ရုပ်ရှင်းဇာတ်ကား (၂) ကားတွင် အဓိက ဇာတ်ကောင်နေရာမှ ပါဝင်ထားသည့် မြင့်မြတ် ၏ သရုပ်ဆောင်ပီပြင်မှုများကြောင့် ၂၀၂၄ ခုနှစ်အတွက်အကောင်းဆုံး ဇာတ်ကောင် အကယ်ဒမီဆု ရရှိမည်ဟု ထင်ကြေးပေးခံရသူများထဲတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071