ဝါရှင်တန်၊ဩဂုတ် ၃
အမေရိကနှင့် တရုတ် နိုင်ငံတော်လုံခြုံရေး ထိပ်တန်းအရာရှိများအကြား ရှားရှားပါးပါးအဆင့်မြင့်ဆက်ဆံမှုတစ်ရပ်အနေဖြင့် ပင်တဂွန်၏အာရှဆိုင်ရာထိပ်တန်းအရာရှိသည် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှအရာရှိတစ်ဦးနှင့် တွေ့ဆုံစကားပြောခဲ့ကြောင်း ပင်တဂွန်ကထုတ်ပြန်ကြေငြာခဲ့သည်။
လက်ထောက် ကာကွယ်ရေး ဝန်ကြီး ရက်ထ်နာနှင့် ညွှန်ကြားရေးမှုးချုပ် ယမ်တို့သည် အမေရိက – တရုတ်ကာကွယ်ရေးဆိုင်ရာဆက်ဆံရေးအပြင် ဒေသတွင်းလုံခြုံရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“အမေရိကနှင့်တရုတ်အကြား စစ်ဘက်ဆိုင်ရာဆက်သွယ်မှုလမ်းကြောင်းဖွင့်ထားရန် ဦးစီးဌာန၏ ဆက်လက်လုပ်ဆောင်မည့်ကတိကဝတ်ကိုလည်း လက်ထောက်ကာကွယ်ရေး ဝန်ကြီးက အလေးပေးပြောကြားခဲ့သည်” ဟု အဆိုပါပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်ဟုလည်းသိရသည်။
Source : Reuters