Monday, February 17, 2025

တရုတ်လေယာဉ် ၂၄ စီး ကို...

တိုင်ပေ၊ဖေဖော်ဝါရီ ၁၆ ကနေဒါစစ်သင်္ဘောတစ်စီးသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းစဉ် တရုတ်လေယာဉ် ၂၄ စီး ကိုကျွန်းတစ်ဝိုက်တွေ့ရှိခဲ့ရသည်ဟု ထိုင်ဝမ်ဘက်ကပြောကြားခဲ့သည်။ အဆိုပါကနေဒါရေတပ်သင်္ဘောသည် ပထမဆုံးအကြိမ် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းသည့်သင်္ဘောဖြစ်ကြောင်း...

ထိုင်းနိုင်ငံမှ ကုန်စည်တင်သွင်းမှုကို ထပ်မံ ကန့်သတ်လာမည်ကို...

ထိုင်းနိုင်ငံမှ ‌အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကြောင့် လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ပြီးနောက်ပိုင်း ကုန်စည်တင်သွင်းမှုများကိုပါ ထပ်မံကန့်သတ်လာမည်ကို ဒေသခံများအကြား စိုးရိမ်နေကြောင်း သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ (၁၅)...

နီပေါ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်...

နီပေါ လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ယနေ့ ဖေဖော်ဝါရီ (၁၆)ရက် မွန်းလွဲပိုင်းအချိန်က ပြိုင်ပွဲကျင်းပမည့် Dasharath...

ပူတာအို ရေခဲတောင်တက်ခရီးစဥ်တွင် အဓိကအားထားရသည့် ဖုန်ရင်ချောင်းကူးတံတား...

ကချင်ပြည်နယ်၊ ပူတာအိုဒေသအတွင်းရှိ ဖုန်ရင်ရာဇီနှင့် ဖန်ဂရမ်ရာဇီ ရေခဲတောင်တက်ခရီးစဉ်များအတွင်း အဓိက အားထားသွားလာရသည့် ဖုန်ရင်ချောင်းကူးတံတား ပြင်ဆင်ပြီးစီးပြီဖြစ်သဖြင့် ပြန်လည်ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း ‌အဆိုပါ တံတားပြုပြင်ရေးတွင် ပါဝင်သူဒေသခံတစ်ဦးက...
HomeInternationalပင်တဂွန်ထက်၁၀ဆကြီးသော စစ်ဌာနချုပ် တရုတ်...

ပင်တဂွန်ထက်၁၀ဆကြီးသော စစ်ဌာနချုပ် တရုတ် တည်ဆောက်နေ

တရုတ်နိုင်ငံသည် ပင်တဂွန်စစ်ဌာနချုပ်ထက် ၁၀ ဆခန့်ကြီးမားသော စစ်ဌာချုပ်အသစ်ကို မြို့တော်ပေကျင်းအနီးတွင် တည်ဆောက်နေသည်ဟု အမေရိကန်ထောက်လှမ်းရေးအရာရှိများက ပြောကြားလိုက်သည်။

မြို့တော်အနောက်တောင်ဘက် မိုင် ၂၀ ခန့်အကွာရှိ ဂြိုဟ်တုဓါတ်ပုံများအရ ဧက ၁,၅၀၀ ကျယ်ဝန်းသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရပြီး နျူကလီးယာစစ်ပွဲတစ်ခုဖြစ်လာချိန်တွင် တိုင်းပြည်၏ ထိပ်တန်းစစ်ဘက်အရာရှိများကို ကာကွယ်နိုင်စေရန် ပိုမိုခိုင်ခန့်သော ဘန်ကာများထားရှိနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။

“ပေကျင်းစစ်မြို့တော်” ဟု အမည်ပြောင်ပေးထားသော အဆောက်အအုံကြီးပြီးစီးပါက ကမ္ဘာ့အကြီးဆုံး ရုံးဌာနဟု လူသိများသော ပင်တဂွန်ကို တဲပုတ်ဖြစ်သွားစေဖွယ်ရှိသည်။

Financial Times က ရရှိခဲ့သော ဓါတ်ပုံများအရ ၂၀၂၇ ခုနှစ်တွင် ကျရောက်မည့် ၎င်း၏ ရာပြည့်အထိမ်းအမှတ်အတွက် ပြင်ဆင်နေသော ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် စီမံကိန်း၏ အကြီးစားတည်ဆောက်မှုကို ၂၀၂၄ နှစ်လယ်တွင် စတင်ခဲ့သည်ဟု ဖော်ပြသည်။

စီအိုင်အေ၏ တရုတ်ရေးရာဌာန အကြီးအကဲဟောင်း ဒန်းနစ် ဝိုင်ဒါက စီမံကိန်းကို အတည်ပြုနိုင်ပါက အဆောက်အအုံသစ်သည် နျူကလီးယားစစ်ပွဲတိုက်ခိုက်ရေးစွမ်းရည် တိုးတက်စေရန် ပေကျင်း၏ ရည်ရွယ်ချက်ကို ဖော်ပြနေသည်ဟု ပြောကြားခဲ့သည်။

National Geospatial ထောက်လှမ်းရေးအေဂျင်စီမှ ဓါတ်ပုံဆိုင်ရာ လေ့လာသူဟောင်း Renny Babiarz က ဂြိုဟ်တုဓါတ်ပုံများအရ သုံးမိုင်ကျယ်သော ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ဝိုက်တွင် မြေအောက်ဥမင်လိုဏ်ခေါင်းများဖြင့် ချိတ်ဆက်ထားသော မြေအောက်အဆောက်အအုံများကို ဆောက်လုပ်ရာတွင် အထောက်အကူဖြစ်စေသော ကရိန်းအစင်း ၁၀၀ ခန့်တွေ့ရှိရသည်ဟု မှတ်ချက်ပြုခဲ့သည်။

တရုတ်တွင် မြေဈေးကွက်အကျပ်အတည်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်အများစု ရပ်နားထားရချိန်တွင် ယင်းနယ်မြေ၌ ပျားပန်းခတ်အလုပ်များနေခြင်းသည် ဆန့်ကျင်ဘက်ဖြစ်နေသည်။

တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်လုပ်ဆောင်နေသော်လည်း တရုတ်ဝက်ဘ်ဆိုက်များတွင်မူ တရားဝင်ဖော်ပြခြင်း မရှိပေ။

လုပ်ငန်းခွင်ရှိရာသို့ ဝင်ရောက်ခွင့်ကို တင်းတင်းကျပ်ကျပ်တားမြစ်ထားရာ စီမံကိန်းတွင် စစ်ဘက်ဆိုင်ရာနှင့် ပတ်သက်၍ သိသာမြင်သာသော ပုံစံအခြင်းအရာများ မတွေ့ရပေ။

လုပ်ငန်းခွင်အပြင်ဘက်တွင် ဒရုန်းများကို ပျံသန်းခွင့်မပြုကြောင်းနှင့် ဓါတ်ပုံရိုက်ခွင့်မပြုကြောင်း ဆိုင်းဘုတ်များဖြင့် သတိပေးထားသည်။ လုပ်ငန်းခွင်နောက်ကျောဘက်တွင် စစ်ဆေးရေးဂိတ်တစ်ခု ချထားပြီး အနီးရှိ လူကြိုက်များသော တောက်တက်လမ်းကို အသုံးပြုခြင်းကို တားမြစ်ထားသည်ဟု ဆိုသည်။

အဆိုပါအခြေစိုက်စခန်းအသစ်သည် နျူကလီးယားတိုက်ခိုက်မှုမှ အကာအကွယ်ယူရန် ကြိုးပမ်းနေသည့် တရုတ်အရာရှိများအတွက် လုံခြုံသောဘန်ကာတစ်ခုအဖြစ် ထမ်းဆောင်ပေးနိုင်သည်ဟု အမေရိကန်ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးက သုံးသပ်ခဲ့သည်။

Ref: တယ်လီဂရပ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်လေယာဉ် ၂၄ စီး ကို ကျွန်းတစ်ဝိုက်၌ တွေ့ရှိရဟုထိုင်ဝမ်ပြော

တိုင်ပေ၊ဖေဖော်ဝါရီ ၁၆ ကနေဒါစစ်သင်္ဘောတစ်စီးသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းစဉ် တရုတ်လေယာဉ် ၂၄ စီး ကိုကျွန်းတစ်ဝိုက်တွေ့ရှိခဲ့ရသည်ဟု ထိုင်ဝမ်ဘက်ကပြောကြားခဲ့သည်။ အဆိုပါကနေဒါရေတပ်သင်္ဘောသည် ပထမဆုံးအကြိမ် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းသည့်သင်္ဘောဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။အဆိုပါသင်္ဘောသည် အမေရိကန်သင်္ဘောနှစ်စင်းဖြတ်သန်းပြီးရက်ပိုင်းအကြာတွင်ရောက်လာခဲ့ခြင်းလည်းဖြစ်သည်။ ပေကျင်းသည် ထိုင်ဝမ်အား မအုပ်ချုပ်ခဲ့ဖူးသော်လည်း ထိုင်ဝမ်အား၎င်း၏ပိုင်နက်အဖြစ်ယူဆထားပြီး လိုအပ်လာပါက တစ်ချိန်တွင် အင်အားသုံးသိမ်းမည်ဟုလည်းပြောကြားထားသည်။ ကနေဒါရေတပ်သင်္ဘောသည် ထိုင်ဝမ်ရေလက်ကြား၏လွတ်လပ်မှုနှင့် ငြိမ်းချမ်းပွင့်လင်းမှုကိုထိန်းထားနိုင်ရန်အတွက် ၎င်း၏အခိုင်အမာရပ်တည်ချက်ကို ဖော်ပြသည့်အနေနှင့်သာမက ထိုင်ဝမ်ရေလက်ကြားသည် နိုင်ငံတကာရေပိုင်နက်ဖြစ်သည်ဟူသောအချက်ကိုပါ ပြသနိုင်ရန်အတွက် ယခုကဲ့သို့ဖြတ်သန်းခဲ့ခြင်းလည်းဖြစ်သည်ဟုသိရသည်။ ယင်းသို့ကနေဒါရေတပ်သင်္ဘောဖြတ်သန်းစဉ်တွင် တရုတ်ဘက်မှ တိုက်လေယာဉ်များနှင့်မောင်းသူမဲ့လေယာဉ်များအပါအဝင် လေယာဉ် ၂၄ စီးကိုတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်

ထိုင်းနိုင်ငံမှ ကုန်စည်တင်သွင်းမှုကို ထပ်မံ ကန့်သတ်လာမည်ကို ဒေသခံများအကြား စိုးရိမ်နေ

ထိုင်းနိုင်ငံမှ ‌အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကြောင့် လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ပြီးနောက်ပိုင်း ကုန်စည်တင်သွင်းမှုများကိုပါ ထပ်မံကန့်သတ်လာမည်ကို ဒေသခံများအကြား စိုးရိမ်နေကြောင်း သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ (၁၅) ရက်နေ့၌ ထိုင်းအာဏာပိုင်များက ဘုရားသုံးဆူနယ်စပ်သို့ စစ်ဆေးရေးပြုလုပ်ရန်သတင်းများထွက်ပေါ်နေပြီး ယင်းအတွက် နှစ်နိုင်ငံကုန်စည်ဖြတ် သန်းခွင့်ကိုပါ ကန့်သတ်ပိတ်ဆို့လာမည်ကို စိုးရိမ်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးထံက သိရသည်။ လက်ရှိတွင် ဘုရားသုံးဆူမြို့၌ လျှပ်စစ် မီးဖြတ်တောက်ထားသည့်အတွက် ဒေသထုတ်ကုန်ပစ္စည်းများဈေးမြင့်တက်လာကာ နယ်စပ်ကုန်သွယ်မှုကိုထပ်မံ ကန့်သတ်လိုက်မည်ဆိုပါက အလုပ်အကိုင်များအပြင် တစ်ပိုင်တနိုင်ကုန်စည် ကူးသန်းရောင်းဝယ်သူများပါ အခက်အခဲဖြစ်ပေါ်လာနိုင်ကြောင်း ဆိုသည်။ " အခုလောလောဆယ်တော့ ကန့်သတ်တာတွေ ပိတ်ဆို့တာတွေမရှိသေးပါဘူး။ ဖြစ်လာမှာကို...

နီပေါ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း ယနေ့ Official Training ပြုလုပ်

နီပေါ လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ယနေ့ ဖေဖော်ဝါရီ (၁၆)ရက် မွန်းလွဲပိုင်းအချိန်က ပြိုင်ပွဲကျင်းပမည့် Dasharath ကွင်းတွင် Official Training ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့် ဖေဖော်ဝါ ရီ(၁၇)ရက် မွန်းလွဲ(၂)နာရီအချိန်၌ လက်ဘနွန် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဗိုလ်စွဲနိုင်ရေး ရေပန်းအစားဆုံးအသင်းတစ်ခုအဖြစ် စိတ်ဝင်စားမှုမြင့်တက် နေသည်။ ထို့အတူ ဖေဖော်ဝါရီ (၂၀) ရက်တွင် ကာဂျစ္စတန်၊ ဖေဖော် ဝါရီ (၂၃) ရက်တွင် အိမ်ရှင် နီပေါအသင်းတို့နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071