Monday, June 23, 2025

ဆိုးလ်မှာအရပ်သားကို ကာကွယ်ရေးဝန်ကြီးအဖြစ်အမည်စာရင်းတင်

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် အငြိမ်းစားစစ်ဗိုလ်ချုပ်များကို ခန့်အပ်ခြင်း အစဉ်အလာကို ချိုးဖောက်၍ လွှတ်တော် သက်တမ်း ၅ ကြိမ်ရှိသော ဝါရင့် လစ်ဘရယ် အမတ်တစ်ဦးကို...

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁...

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁...

တရုတ်သံရုံးမှဦးဆောင်၍ China Delegation အဖွဲ့...

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှဦးဆောင်၍ China Delegation အဖွဲ့သည် ဇွန် ၂၀ ရက်က ရန်ကုန်တိုင်း၊ သီလဝါစက်မှုဇုန်ရှိ Good Brothers (United...

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၄၁)ဦးကို ယနေ့ ဇွန်လ(၂၃) ရက်၌ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်း- မြန်မာနယ်စပ်‌နေထိုင်သူ...
HomeCelebrities' Newsပင်ကိုဟန်နဲ့ သရုပ်ဆောင်နိုင်အောင် ကြိုးစားနေတဲ့...

ပင်ကိုဟန်နဲ့ သရုပ်ဆောင်နိုင်အောင် ကြိုးစားနေတဲ့ ယမင်းမေဦး

သရုပ်ဆောင် ယမင်းမေဦးက ၂၀၁၅ခုနှစ်မှာ ရွှေနန်းတော်သရဖူကို ရရှိပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူပါ။ အဲဒီအချိန် ကစပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ပိုလုပ်ကိုင်ဖြစ်ခဲ့ပါတယ်။ ပြည်တွင်း ပြိုင်ပွဲတွေပဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံတကာ အလှမယ် ရွေးချယ်တဲ့ပြိုင်ပွဲ တွေကိုတော့ ဝင်ရောက်မယှဉ်ပြိုင်ဖြစ်ခဲ့ပါဘူး။ အနုပညာလောကထဲကို စတင် ဝင်လာတာကလည်း သရုပ်ဆောင်ဖြစ်ချင်လို့ ဝင်လာတာဖြစ်တဲ့အတွက် နိုင်ငံ တကာပွဲတွေအထိ မယှဉ်ပြိုင်ဖြစ်တာပါလို့ ယမင်းမေဦးက ဆိုပါတယ်။ သရုပ် ဆောင်ပိုင်းမှာ စနိုးဝှိုက်ထုတ်လုပ်ရေးမှ ဒါရိုက်တာ ဦးမောင်မောင်ဦးနဲ့ ဦးလွင်တို့ဖြစ်ပြီး စကားသရုပ်ဆောင်သင်တန်းမှ ဦးအုန်းခိုင်တို့ကတော့ ယမင်းမေဦးရဲ့ လက်ဦးဆရာတွေပဲ ဖြစ်ပါတယ်။ မိခင်ဖြစ်သူကြောင့် သရုပ် ဆောင် လမ်းကြောင်းပေါ် ရောက်ရှိလာတဲ့ ယမင်းမေဦးက –

“သရုပ်ဆောင်တာကို ငယ်ငယ် လေးကတည်းက ဝါသနာပါတယ်။ ကိုယ့် ဘာသာကိုယ်တော့မသိခဲ့ဘူး။ သရုပ်ဆောင်အလုပ်ကို ဝါသနာပါမှန်း မေမေ က သိတယ်။ ညီမကို ဆယ်တန်းအောင်ပြီးပြီးချင်း မော်ဒယ်လ်သင်တန်း တက်ခိုင်းတယ်။ သရုပ် ဆောင်လမ်းကြောင်း ပေါ်တင် ပေးလိုက်တယ်။ ကိုယ်က ဒီလမ်းပေါ်ရောက်လာမှ ဒီအလုပ်ကို ဝါသနာပါပါလားဆိုတာ သိသွားတယ်” လို့ ဆိုပါတယ်။ ယမင်းမေဦးက ကြော်ငြာတွေ၊ Music Video တွေလည်း ရိုက်ကူးထားပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကား တွေလည်း ပရိသတ်တွေ မကြာခင်မြင်တွေ့ကြ ရတော့မှာပါ။ သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ကိုယ်ပိုင် စတိုင်လ်ဟန်ပန်တွေနဲ့ သရုပ်ဆောင်နိုင်ဖို့ ကြိုး စား သွားမှာဖြစ်ကြောင်းကို လည်း ယမင်းမေဦးက.. .

“အခွင့်အရေးရသမျှကို ပါဝင်တဲ့ ဝါရင့်သရုပ်ဆောင်တွေ ရဲ့ ဖေးမမှုနဲ့ အတတ်နိုင် ဆုံးကြိုးစား ပါတယ်။ ဒီထက်မကလည်း အခွင့် အရေးတွေရလာဖို့ မျှော်လင့်ပါ တယ်။ သရုပ်ဆောင်တာကတော့ ဇာတ်ကားတွေ လည်းကြည့်ဖြစ် တယ်။ ပြည်တွင်းက ဇာတ်ကားတွေ ရော၊ ပြည်ပက အနုပညာရှင်တွေရဲ့ ဇာတ်ကားတွေရော ကြည့်ဖြစ် တယ်။ သူတို့ကို ကိုးကားပြီးတော့ တစ်ခါတလေ သရုပ်ဆောင်တာ လေးတွေရှိတယ်။ ကိုယ့်ပင်ကို ဟန်နဲ့ သရုပ်ဆောင်နိုင်ဖို့လည်း ကြိုးစားနေ ပါတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available


Continue reading

ဆိုးလ်မှာအရပ်သားကို ကာကွယ်ရေးဝန်ကြီးအဖြစ်အမည်စာရင်းတင်

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် အငြိမ်းစားစစ်ဗိုလ်ချုပ်များကို ခန့်အပ်ခြင်း အစဉ်အလာကို ချိုးဖောက်၍ လွှတ်တော် သက်တမ်း ၅ ကြိမ်ရှိသော ဝါရင့် လစ်ဘရယ် အမတ်တစ်ဦးကို ကာကွယ်ရေးဝန်ကြီးအဖြစ် တနင်္လာနေ့တွင် အမည်စာရင်းတင်ခဲ့သည်။ ဖြုတ်ချခံလိုက်ရသော သမ္မတ ယွန်းဆွတ်ယိုးလ်လက်ထက် ပြီးခဲ့သည့်နှစ်က စစ်အုပ်ချုပ်ရေးဥပဒေပြန်ဌာန်းခဲ့မှုတွင် ၎င်းတို့ပါဝင်ပတ်သက်သော အခန်းကဏ္ဍအတွက် ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယွန်ဟွမ်းအပါအဝင် ထင်ရှားသော ကာကွယ်ရေးအရာရှိများစွာက ရာဇဝတ်မှုများကို ရင်ဆိုင်နေရချိန်တွင် ယခု ကြေညာချက်ထွက်လာခြင်းဖြစ်သည်။ သမ္မတရုံး၏ အဆိုအရ ဝါရင့် နိုင်ငံရေးသမားဖြစ်ပြီး လွှတ်တော်အမတ်အဖြစ် ငါးကြိမ်တာဝန်ထမ်းဆောင်ခဲ့သူ အန်ဂူဘက်ကို ကာကွယ်ရေးဝန်ကြီးရာထူးအတွက် အမည်စာရင်းတင်ခဲ့သည်ဟု ဆိုသည်။...

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁ ဦး အဖ-မ်းခံရ  

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁ ဦး အဖ-မ်းခံလိုက်ရကြောင်း သိရသည်။      အီစူဇူး ပစ်ကပ်ကားသည် အမှတ် ၃၂၃ အဝေးပြေးလမ်းကြောင်းရှိ ထုန်ဖါဖွမ် ခရိုင်မှ အလုပ်သမားများကို ခေါ်သွင်းလာခြင်းဖြစ်သည်ဟု ကန်ချနာဘူရီပြည်နယ် အုပ်ချုပ်ရေးမှူး အာတီဆမ် အင်တာရာက ပြောဆိုသည်။        နံနက် ၃း၄၀ နာရီခန့်က ဝပ်တ်အူလေ-ာင်းမြို့အနီးတွင် ပစ်ကပ်ကားကို ကင်းလှည့်အဖွဲ့က တွေ့ရှိခဲ့ပြီးနောက် ယာဉ်မောင်းက ကားကိုမောင်းထွက်ပြေးခဲ့ရာ ရဲတပ်ဖွဲ့က နောက်မှထပ်ကြပ်မကွာ...

တရုတ်သံရုံးမှဦးဆောင်၍ China Delegation အဖွဲ့ သီလဝါစက်မှုဇုန်ရှိ Good Brothers(United Agri)တန် ၅၀၀ ကျဆန်စက်ကိုလေ့လာ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှဦးဆောင်၍ China Delegation အဖွဲ့သည် ဇွန် ၂၀ ရက်က ရန်ကုန်တိုင်း၊ သီလဝါစက်မှုဇုန်ရှိ Good Brothers (United Agri) တန် ၅၀၀ ကျဆန်စက်ကို လေ့လာခဲ့ကြသည်။ ၎င်းတို့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ၊ Good Brothers ကုမ္ပဏီမှတာဝန်ရှိသူများသည် ဆန်စပါးလုပ်ငန်းဆိုင်ရာအခြေအနေများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအလားအလာများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071