Tuesday, December 9, 2025

ဥရောပဟာ ‘မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ဦးတည်နေတယ်’...

ဥရောပကော်မရှင် (European Commission) က X (ယခင် Twitter) အပေါ် ဒ-ဏ်ငွေချမှတ်ခဲ့တာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပြီး ဥရောပဟာ...

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ ဆီးဂိမ်းပြိုင်ပွဲတွင်...

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ နှစ်ဦးမှာ ယခုကျင်းပပြုလုပ်သည့် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံရှိ မွေထိုင်းလက်ဝှေ့ကလပ်တွင် သွားရောက်လေ့ကျင့်နေသည့် နော်ဥမ္မာစိုးသည် ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ရန်ကုန်မြို့ရှိ...

ပေ (၁၀၀၀) နက်သည့် ချောက်တွင်...

ရှမ်းပြည်နယ်မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေး ရွာအုပ်စု၊ နောင်ပြစ်ကျေးရွာအနီးရှိ ပေ (၁၀၀၀)နက်သော နမ့်ဆောင်ဟောင် ချောက်ကမ်းပါးအတွင်းသို့ ပြုတ်ကျကာ (၆) ရက်ကြာ ပိတ်မိနေသူကို...

နောင်ချိုမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုများ ဆောင်ရွက်နေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုများကို ဒေသအာဏာပိုင်များက ဆောင်ရွက်နေသည်။ နောင်ချိုမြို့နယ် မြို့မဈေးနှင့်နောင်ချို-ကံကြီး လမ်းမကြီးပေါ်ရှိ ဈေးရောင်းချနေသော ဈေးဆိုင်များ၊ လမ်းသွားလမ်းလာပြည်သူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊...
HomeNewsLocal Newsပခုက္ကူစာပေ တစ်သက်တာဆုရ ဆရာမကြီး...

ပခုက္ကူစာပေ တစ်သက်တာဆုရ ဆရာမကြီး (၂)ဦးနှင့် အခြား ဆုရသူများအား နေပြည်တော်တွင် ဆုချီးမြှင့်

(၂၉)ကြိမ်မြောက်၊ ပခုက္ကူစာပေ တစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေ ပညာရည်ချွန်ဆုနှင့် ပခုက္ကူဦးအုံးဖေစာကြည့်တိုက်စာအုပ်ဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ဇွန်လ (၉) ရက်၊ နံနက်ပိုင်းက နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပခုက္ကူ ဦးအုံးဖေ စာပေဆုသည် ၁၉၉၄ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး သက်တမ်းရှည် ပုဂ္ဂလိကစာပေဆုတစ်ခုဖြစ်ကာ ယခုအခါတွင် တစ်သက်တာ စာပေဆုနှင့် ဘာသာရပ်ငါးမျိုးကို ဆုချီးမြှင့်လျက်ရှိပြီး ဘဝတစ်သက်တာလုံး စာပေအကျိုးကို တစိုက်မတ်မတ်စွမ်းစွမ်းတမံ သယ်ပိုးထမ်းရွက်ခဲ့သည့် စာရေးဆရာ၊ စာရေးဆရာမကြီးများကို တစ်သက်တာစာပေဆုအဖြစ် ဂုဏ်ပြုချီးမြှင့်ခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၃၅) ဦးအထိ ရှိပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် နစက အဖွဲ့ဝင် မန်းငြိမ်းမောင်က ပခုက္ကူ စာပေတစ်သက်တာဆုရ ဆရာမကြီး ဒေါက်တာရီရီလှ (ယုဝတီခင်ဦး)နှင့် ဆရာမကြီးဒေါ်တင်ရီ(တင်ရီမ-ညောင်ဦး)၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းမှ ဝတ္ထုရှည်ပထမဆုရ မောင်ငြိမ်းမွန် (ချောင်းဦး)၊ ဒုတိယဆုရ ပုသိမ်အောင်သန်းဦးနှင့် တတိယဆုရ ဘိုမျိုး (ရွှေ ဘို)တို့ကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုမှ ဝတ္ထုတိုပထမဆုရ စိုးမြင့်(စက်မှုတက္ကသိုလ်)၊ ဒုတိယဆုရ သက်နှင်းညိုနှင့် တတိယဆုရ ကိုကေအီး(နိဗ္ဗာန်)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်မှ ကျမ်းစာပေ ပထမဆုရ မောင်မြကျော်၊ ဒုတိယဆုရ ကျော်သက်ခိုင်(မုံရွာ)နှင့် တတိယဆုရ သိဒ္ဓိမောင်ဒွေး၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က သုတေသနစာပေ ပထမဆုရတင်တော်၊ ဒုတိယဆုရဒေါက်တာခင်စန်းရီနှင့် တတိယဆုရ မင်းသူရိန်(ထားဝယ်)တို့ကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့အတူ ဒု-ဝန်ကြီးဦးရဲတင့်က (၂၉)ကြိမ်မြောက် ပညာရည်ချွန်ဆုရ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာနမှ ဒုတိယနှစ်ကျောင်းသူ မခိုင်သဇင်သိန်းနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ ဒုတိယ နှစ်ကျောင်းသူ မမြတ်ရွှေစင်မှူးတို့ကို ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)မှလည်း ကဗျာပေါင်းချုပ် ပထမဆုရ ဌေးသစ်လွင်(ပရိမ္မ)၊ ဒုတိယဆုရ ချစ်စုအောင်နှင့် တတိယဆုရ ခက်ဇော်(ကဗျာ)၊ ပခုက္ကူစာပေဆုရန်ပုံငွေကြီးကြပ်ရေးကော်မတီ ဒု-ဥက္ကဋ္ဌ ဦးသိန်းခိုင်ဦးက ပခုက္ကူဦးအုံးဖေစာကြည့်တိုက်ဆုရ MP Maung Myint ၊ အောင်တိုး (စိန်ခြယ်)နှင့် ဦးမြင့်နိုင်တို့ကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဆုချီးမြှင့်ပွဲတွင် တစ်သက်တာစာပေဆု အပါအဝင် ဝတ္ထုရှည်ဆု၊ ဝတ္ထုတိုပေါင်းချုပ်ဆု၊ ကဗျာပေါင်းချုပ်ဆု၊ ကျမ်းစာပေဆုနှင့် သုတေသနစာပေဆု(စုစုပေါင်း ၁၇ ဆု) ချီးမြှင့်ခဲ့ပြီး ပခုက္ကူဦးအုံးဖေစာကြည့်တိုက်ဆု (၃) ဆုနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ပညာသင်ဆု (၂)ဆုကိုလည်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဥရောပဟာ ‘မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ဦးတည်နေတယ်’ ဟု ထရမ့်ဆို

ဥရောပကော်မရှင် (European Commission) က X (ယခင် Twitter) အပေါ် ဒ-ဏ်ငွေချမှတ်ခဲ့တာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပြီး ဥရောပဟာ "မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ရွေ့လျားနေတယ်" လို့ သတိပေးပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော်မှာ စိုက်ပျိုးရေးလုပ်ငန်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲမှာ ဒီဒဏ်ငွေကိစ္စကို မေးမြန်းတဲ့အခါ ထရန့်က ဘရပ်ဆဲလ်ရဲ့ ဆုံးဖြတ်ချက်ကို "မကောင်းဆိုးဝါးဆန်တယ်" လို့ ပြောဆိုခဲ့ပြီး၊ "ဥရောပက အရမ်းသတိထားရလိမ့်မယ်" လို့လဲ ဖြည့်စွက်ပြောခဲ့ပါတယ်။ သူက EU နိုင်ငံတွေ လိုက်လျှောက်နေတဲ့ လက်ရှိနိုင်ငံရေး လမ်းကြောင်းအပေါ် စိုးရိမ်ကြောင်း...

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ နှစ်ဦးမှာ ယခုကျင်းပပြုလုပ်သည့် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံရှိ မွေထိုင်းလက်ဝှေ့ကလပ်တွင် သွားရောက်လေ့ကျင့်နေသည့် နော်ဥမ္မာစိုးသည် ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ရန်ကုန်မြို့ရှိ လက်ဝှေ့အဖွဲ့ချုပ်အဖြစ် လာရောက်ပူးပေါင်းနေပြီဖြစ်သည်ဟု သိရသည်။ ယနေ့ နံနက်ပိုင်းတွင် နော်ဥမ္မာစိုးအပါအဝင် လက်ဝှေ့ကစားသမားအချို့ ရွှေတိဂုံဘုရားသို့ လာရောက် လည်ပတ်ဖူးမျှော်ကြသည်ကို သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားမျှဝေထားသည်ကိုတွေ့ရသည်။ ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလက်ဝှေ့အားကစားသမားများမှာ ရိုးရာလက်ဝှေ့ကျော် ရာမာန်၊ သွေးလင်းထက်၊ ထွန်းမင်းအောင်၊ ထွန်းမင်းနိုင်၊ ဆလိုင်းထန်ခွီးရှိန်တို့ ပါဝင်ကြောင်း သိရသည်။ ဆီးဂိမ်းလက်ဝှေ့ပွဲစဉ်များကို ဒီဇင်ဘာ (၁၃)ရက်နေ့၌ စတင်ကျင်းပမည်ဖြစ်ပြီး၊ ONE ပွဲစဉ်များ...

ပေ (၁၀၀၀) နက်သည့် ချောက်တွင် (၆)ရက်ကြာ ပိတ်မိနေသူကို အသက်ရှင်လျက် ကယ်ထုတ်

ရှမ်းပြည်နယ်မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေး ရွာအုပ်စု၊ နောင်ပြစ်ကျေးရွာအနီးရှိ ပေ (၁၀၀၀)နက်သော နမ့်ဆောင်ဟောင် ချောက်ကမ်းပါးအတွင်းသို့ ပြုတ်ကျကာ (၆) ရက်ကြာ ပိတ်မိနေသူကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ ပြုတ်ကျသူသည် နောင်ပြစ်ကျေးရွာသား အိုက်မုန်း အသ က် (၂၉) နှစ်ဖြစ်ပြီး ကျောက်မဲခရိုင် မီးသတ်တပ်ဖွဲ့မှ ဒီဇင် ဘာ (၈)ရက်၊ မွန်းလွဲ (၂) နာရီအချိန်တွင် ခက်ခက်ခဲခဲ အသ က်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ‌ဒီဇင်ဘာ (၃) ရက် နံနက်ပိုင်းက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071