Wednesday, August 6, 2025

တိုင်းနှင့်ပြည်နယ်က အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးခွဲများတွင် ဓါတ်ခွဲစမ်းသပ်စစ်ဆေးပေးနိုင်ရန် စီမံဆောင်ရွက်သွားရမည်

သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးခွဲများတွင် အစားအသောက်များကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးနိုင်ရန် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကျန်းမားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ‌ဒေါက်တာသက်ခိုင်ဝင်း ကပြောသည်။ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့်အလှကုန်ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ယမန်နေ့ ဩဂုတ်...

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် မိုးစပါးစိုက်ဧက(၃)ထောင်ကျော်ပျက်စီး

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာရွာ သွန်းပြီး မြစ်ရေမြင့်တက်ကာ ရေကြီးရေလျှံမှုကြောင့် ကရင်ပြည်နယ်အတွင်းရှိ မိုးစပါးစိုက်ဧက (၃,၄၄၉)ဧက ပျက်စီးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်အတွင်း၌ စိုက်ပျိုးပြီးမိုးစပါး (၁၉၁,၅၃၁)ဧကအနက် (၂၉,၃၄၉)ဧကမှာ...

ငလျင်ဘေးကျရောက်ခဲ့သည့်ဒေသက အာမခံအလုပ်သမားများ မိသားစုထောက်ပံမှုအကျိုးခံစားခွင့် လျှောက်လွှာများပေးပို့ရန်...

ငလျင်ဘေးကျရောက်ခဲ့သည့်ဒေသများရှိ အာမခံအလုပ်သမားများ သဘာဝဘေးအန္တာရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံမှုအကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း လျှောက်လွှာများကို သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးများ သို့ ပေးပို့လျှောက်ထားကြရန် ယနေ့ ဩဂုတ်(၆)ရက်နေ့တွင် အသိပေးကြေညာထားသည်။ ငလျင်ဘေးခံစားခဲ့ရသည့်...

ယူကရိန်းစစ်ပွဲကနေ အမေရိကန်ကို ရုန်းထွက်နိုင်ဖို့ ကြိုးစားနေတယ်လို့...

"ဒါဟာ ဘိုင်ဒင်ရဲ့စစ်ပွဲပဲ၊ ဒါကျွန်တော့်စစ်ပွဲမဟုတ်ဘူး။ အမေရိကန်ကို ဒီစစ်ပွဲကနေ ရုန်းထွက်နိုင်ဖို့ ကျွန်တော်ဒီမှာရှိနေတာ" လို့ သူက သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက...
HomeNewsLocal Newsပခုက္ကူစာပေ တစ်သက်တာဆုရ ဆရာမကြီး...

ပခုက္ကူစာပေ တစ်သက်တာဆုရ ဆရာမကြီး (၂)ဦးနှင့် အခြား ဆုရသူများအား နေပြည်တော်တွင် ဆုချီးမြှင့်

(၂၉)ကြိမ်မြောက်၊ ပခုက္ကူစာပေ တစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေ ပညာရည်ချွန်ဆုနှင့် ပခုက္ကူဦးအုံးဖေစာကြည့်တိုက်စာအုပ်ဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ဇွန်လ (၉) ရက်၊ နံနက်ပိုင်းက နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပခုက္ကူ ဦးအုံးဖေ စာပေဆုသည် ၁၉၉၄ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး သက်တမ်းရှည် ပုဂ္ဂလိကစာပေဆုတစ်ခုဖြစ်ကာ ယခုအခါတွင် တစ်သက်တာ စာပေဆုနှင့် ဘာသာရပ်ငါးမျိုးကို ဆုချီးမြှင့်လျက်ရှိပြီး ဘဝတစ်သက်တာလုံး စာပေအကျိုးကို တစိုက်မတ်မတ်စွမ်းစွမ်းတမံ သယ်ပိုးထမ်းရွက်ခဲ့သည့် စာရေးဆရာ၊ စာရေးဆရာမကြီးများကို တစ်သက်တာစာပေဆုအဖြစ် ဂုဏ်ပြုချီးမြှင့်ခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၃၅) ဦးအထိ ရှိပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် နစက အဖွဲ့ဝင် မန်းငြိမ်းမောင်က ပခုက္ကူ စာပေတစ်သက်တာဆုရ ဆရာမကြီး ဒေါက်တာရီရီလှ (ယုဝတီခင်ဦး)နှင့် ဆရာမကြီးဒေါ်တင်ရီ(တင်ရီမ-ညောင်ဦး)၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းမှ ဝတ္ထုရှည်ပထမဆုရ မောင်ငြိမ်းမွန် (ချောင်းဦး)၊ ဒုတိယဆုရ ပုသိမ်အောင်သန်းဦးနှင့် တတိယဆုရ ဘိုမျိုး (ရွှေ ဘို)တို့ကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုမှ ဝတ္ထုတိုပထမဆုရ စိုးမြင့်(စက်မှုတက္ကသိုလ်)၊ ဒုတိယဆုရ သက်နှင်းညိုနှင့် တတိယဆုရ ကိုကေအီး(နိဗ္ဗာန်)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်မှ ကျမ်းစာပေ ပထမဆုရ မောင်မြကျော်၊ ဒုတိယဆုရ ကျော်သက်ခိုင်(မုံရွာ)နှင့် တတိယဆုရ သိဒ္ဓိမောင်ဒွေး၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က သုတေသနစာပေ ပထမဆုရတင်တော်၊ ဒုတိယဆုရဒေါက်တာခင်စန်းရီနှင့် တတိယဆုရ မင်းသူရိန်(ထားဝယ်)တို့ကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့အတူ ဒု-ဝန်ကြီးဦးရဲတင့်က (၂၉)ကြိမ်မြောက် ပညာရည်ချွန်ဆုရ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာနမှ ဒုတိယနှစ်ကျောင်းသူ မခိုင်သဇင်သိန်းနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ ဒုတိယ နှစ်ကျောင်းသူ မမြတ်ရွှေစင်မှူးတို့ကို ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)မှလည်း ကဗျာပေါင်းချုပ် ပထမဆုရ ဌေးသစ်လွင်(ပရိမ္မ)၊ ဒုတိယဆုရ ချစ်စုအောင်နှင့် တတိယဆုရ ခက်ဇော်(ကဗျာ)၊ ပခုက္ကူစာပေဆုရန်ပုံငွေကြီးကြပ်ရေးကော်မတီ ဒု-ဥက္ကဋ္ဌ ဦးသိန်းခိုင်ဦးက ပခုက္ကူဦးအုံးဖေစာကြည့်တိုက်ဆုရ MP Maung Myint ၊ အောင်တိုး (စိန်ခြယ်)နှင့် ဦးမြင့်နိုင်တို့ကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဆုချီးမြှင့်ပွဲတွင် တစ်သက်တာစာပေဆု အပါအဝင် ဝတ္ထုရှည်ဆု၊ ဝတ္ထုတိုပေါင်းချုပ်ဆု၊ ကဗျာပေါင်းချုပ်ဆု၊ ကျမ်းစာပေဆုနှင့် သုတေသနစာပေဆု(စုစုပေါင်း ၁၇ ဆု) ချီးမြှင့်ခဲ့ပြီး ပခုက္ကူဦးအုံးဖေစာကြည့်တိုက်ဆု (၃) ဆုနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ပညာသင်ဆု (၂)ဆုကိုလည်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုင်းနှင့်ပြည်နယ်က အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးခွဲများတွင် ဓါတ်ခွဲစမ်းသပ်စစ်ဆေးပေးနိုင်ရန် စီမံဆောင်ရွက်သွားရမည်

သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးခွဲများတွင် အစားအသောက်များကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးနိုင်ရန် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကျန်းမားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ‌ဒေါက်တာသက်ခိုင်ဝင်း ကပြောသည်။ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့်အလှကုန်ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ယမန်နေ့ ဩဂုတ် ၅ ရက်နေ့က တိုင်းဒေသကြီး၊ ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူးများ၊ တာဝန်ခံများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုတို-က်ဖျ-က်ရေး ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ တင်သွင်းမှုကို ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်လျက်ရှိရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဆေးဝါးများကို နယ်စပ်စခန်းများတွင် စနစ်တကျစစ်ဆေးရန် လိုအပ်ကြောင်းလည်း ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ဦးစီးဌာနအနေဖြင့် ဆေးဝါးဓာတုဓာတ်ခွဲခန်းများနှင့် အစားအသောက်ဓာတုဓာတ်ခွဲခန်းများအား နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO...

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် မိုးစပါးစိုက်ဧက(၃)ထောင်ကျော်ပျက်စီး

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာရွာ သွန်းပြီး မြစ်ရေမြင့်တက်ကာ ရေကြီးရေလျှံမှုကြောင့် ကရင်ပြည်နယ်အတွင်းရှိ မိုးစပါးစိုက်ဧက (၃,၄၄၉)ဧက ပျက်စီးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်အတွင်း၌ စိုက်ပျိုးပြီးမိုးစပါး (၁၉၁,၅၃၁)ဧကအနက် (၂၉,၃၄၉)ဧကမှာ ရေကြီးရေလျှံမှုဖြစ်ပွားစဥ် ရေဖုံးလွှမ်းခဲ့ရာမှ ဩဂုတ် ၄ ရက်အထိ (၁၁,၄၃၆)ဧကရေပြန်ပေါ်ခဲ့ပြီး (၃,၄၄၉)ဧကမှာပျက်စီးခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အချိန်မီပြန်လည်ကုစားထွန်ယက်စိုက် ပျိုးနိုင်ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးမှ ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ကွင်းအမှတ် ၁၁၈၄၊ ထောင်ဝိကွင်း၊ ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာ၊ ထန်းတပင်ကွင်း၊ ကွင်းအမှတ် ၁၂၀၇-က၊ ၁၂၀၇-ခ၊ ၁၂၀၈-က နှင့် ၁၂၀၈-ခ တို့တွင်...

ငလျင်ဘေးကျရောက်ခဲ့သည့်ဒေသက အာမခံအလုပ်သမားများ မိသားစုထောက်ပံမှုအကျိုးခံစားခွင့် လျှောက်လွှာများပေးပို့ရန် အသိပေး

ငလျင်ဘေးကျရောက်ခဲ့သည့်ဒေသများရှိ အာမခံအလုပ်သမားများ သဘာဝဘေးအန္တာရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံမှုအကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း လျှောက်လွှာများကို သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးများ သို့ ပေးပို့လျှောက်ထားကြရန် ယနေ့ ဩဂုတ်(၆)ရက်နေ့တွင် အသိပေးကြေညာထားသည်။ ငလျင်ဘေးခံစားခဲ့ရသည့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်း ငလျင်ဘေးကျရောက်သည့် ဒေသများရှိ အာမခံအလုပ်သမားများကို မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အသိပေးထားသည်။ ထိုကြောင့် အာမခံအလုပ်သမားများအနေဖြင့် စက်တင်ဘာ(၆)ရက်နေ့နောက်ဆုံးထားပြီး သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးများ သို့ ပေးပို့လျှောက်ထားကြရန်လည်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071