ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ (ဇွန် ၅)ကိုနှစ်စဥ်ဆင်နွဲလာသည်မှာယခုနှစ်သည် နှစ် ၅၀ ပြည့် ဖြစ်သောကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော ကမ္ဘာမြေကြီး ဖြစ်စေရန် အသိပညာပေးခြင်း နှင့် လှုပ်ရှားမှုများ ပြုလုပ်ရန် နှိုးဆော်အပ်ပါသည်။
ကျွန်ုပ်တို့၏ ကမ္ဘာသည် ပလတ်စတစ်သုံးစွဲမူနှင့်စွန့်ပစ်မူကြားမြေစာပင် ဖြစ်လာနေသည်။
မနက်သုံးသည့် ခေါင်းလျှော်ရည်ဗူးကနေ ညစာ ထုပ်ပိုးတဲ့အချိန်အထိအားလုံး ပလပ်စတစ်နဲ့ မကင်းကြပေ။ထိုအဆင်ပြေမှုသည် သဘာဝပတ်ဝန်းကျင် အတွက်ကုန်ကျစရိတ်ဖြစ်လာသည်။
၂၀၁၉ ခုနှစ်တွင် ပလပ်စတစ်ထုတ်လုပ်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းမှ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုသည် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၁၈၉ ရုံမှထွက်သည့်ဖန်လုံအိမ်ဓါတ်ငွေ့ပမာဏ နှင့် ညီမျှသည်။ ၎င်းသည် ပိုမိုဆိုးရွားလာဖို့သာရှိသည်။
ပလတ်စတစ်ကင်းစင်သော ကမ္ဘာကြီးသည် စိတ်ကူးကြည့်ရန် မဖြစ်နိုင်သလို ပလပ်စတစ်စွန့်ပစ်မူကိုနမော်နမဲ့ထားလိုက်လျှင် လူ့ဘောင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကို နှောင့်နှေးသွားစေလိမ့်မည်။
ကျွန်ုပ်တို့၏ကမ္ဘာမြေကို ကာကွယ်ရန် စဥ်းစားလုပ်ဆောင်ကြဖို့လိုပါသည်။ကိုယ့်ကိုပြန်လည်ထိခိုက်မူမရှိနိုင်သည့်ပလပ်စတစ်ဖြင့်နေထိုင်နည်းကောင်းများကို မျှဝေကြပါစို့။
Ref: chinadaily