မန္တလေးမြို့တွင် ယနေ့ ည (ဇန်နဝါရီ တစ်ရက်) က ၄.၉ အဆင့်ရှိသည့် ငလျင်လှုပ်ခတ်မှု ရှိခဲ့သည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
ထိုလှုပ်ခတ်မှုသည် ဇန်နဝါရီ တစ်ရက်နေ့ တနေ့တည်းတွင် လှုပ်ခတ်ခဲ့သည့် ဒုတိယအကြိမ်မြောက် ငလျင်လည်း ဖြစ်သည်။
“သိသိသာသာလှုပ်တယ်၊ ပြင်းတယ်၊ ကျောက်ဆည်ကလည်း သိလိုက်တယ်” ဟု ထိုငလျင်လှုပ်ခတ်မှုကို လူမှုကွန်ယက်တွင် မျှဝေနေကြသည်။
ငလျင်သည် သပိတ်ကျင်းမြို့၏ တောင်ဘက် ကိုးမိုင်ခန့်ကို ဗဟိုပြုကာ အနက် ၁၃ကီလိုမီတာ၌ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟူလည်း ဆိုသည်။
ထို့အပြင် ယနေ့ နံနက် နံနက် ၂ နာရီ ၃၆ မိနစ်အချိန်ခန့်တွင်လည်း မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့၏ အရှေ့မြောက်ဘက် (၁၃) မိုင်ခန့်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၁ အဆင့် ရှိငလျင်ဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က သတင်းထုတ်ပြန်ထားသေးသည်။
မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးနောက်ပိုင်း၊ နောက်ဆက်တွဲငလျင်ပေါင်း (၂၅၅) ခန့်လှုပ်ခတ်ထားကြောင်း မိုး/ဇလ၏ငလျင်နောက်ဆက်တွဲသတင်းများအရသိရသည်။
