နှစ်သစ်ကူးအခါသမယမှာ မိမိသူတစ်ပါး အားလုံးအ တွက် ကောင်းကျိုးချမ်းသာမျိုးစုံရအောင်ဆောင်ရွက်နိုင်ကြသည့် သူတော်ကောင်းများဖြစ်ကြပါစေဟု အ ပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒမှ ၂၀၂၆ ခုနှစ်အတွက် နှစ်သစ်ကူးဩ ဝါဒကထာအဖြစ် ယနေ့ ဇန်နဝါရီ ၁ ရက်ကမိန့်ကြားတော်မူခဲ့သည်။
ယခု နှစ်သစ်ကူးအခါသမယမှာ မိမိကောင်းကျိုး၊ အ များကောင်းကျိုး၊ မိမိနိုင်ငံကောင်းကျိုး၊ တစ်ကမ္ဘာလုံးကောင်းကျိုးအတွက်ဆောင်ရွက်နိုင်ရန် အသိဉာဏ်ပ ညာမျိုးစုံကိုရရှိအောင်စတင်ဆောင်ရွက်ရင်းဖြင့် မိမိသူ တစ်ပါးအားလုံးအတွက် ကောင်းကျိုးချမ်းသာမျိုးစုံရအောင်ဆောင်ရွက်နိုင်ကြသည့် သူတော်ကောင်းများဖြစ်ကြပါစေဟု နှစ်သစ်ကူးသြဝါဒကထာမိန့်ကြားတော်မူသည်။
ထို့ပြင် လောကချမ်းသာမျိုးစုံရရှိရေးအတွက် အသိပ ညာ၊ အတတ်ပညာနှင့် ဗဟုသုတများရှာမှီးပြီး လူတိုင်းလူတိုင်းက မိမိနေထိုင်သည့် အိမ်၊ ရွာ၊ ရပ်ကွက်၊ မြို့၊ နိုင်ငံ၊ ကမ္ဘာစသောပတ်ဝန်းကျင်ကို စွမ်းနိုင်သမျှကောင်းအောင်၊ ချမ်းသာအောင်ဆောင်ရွက်ကြစေချင်ပြီး မိမိတို့နေထိုင်သည့် လူ့လောကကြီးကိုလည်း မိမိတို့ပဲ ကောင်းမွန်အောင်ယေ၊ ချမ်းသာအောင် အကျိုးရှိအောင်ဆောင်ရွက်ကြရမည်ဟုလည်း သြဝါဒကထာမိန့်ကြားတော်မူခဲ့သည်။
