Saturday, February 14, 2026

နီပေါရွေးကောက်ပွဲနီးလာချိန်ဘုရင်စနစ်ထောက်ခံသူများ ဆန္ဒထုတ်ဖော်

အဂတိလိုက်စားမှုကို ဆန့်ကျင်သော ဂျန်ဇီးအုံကြွမှု ဖြစ်ပေါ်ပြီးနောက် ပထမဆုံးကျင်းပမည့် ရွေးကောက်ပွဲနီးလာချိန်တွင် နီပေါနိုင်ငံ၏ ဘုရင်ဟောင်းကို ထောက်ခံသူထောင်ပေါင်းများစွာသည် ဖေဖော်ဝါရီလ ၁၃ ရက် နေ့၌...

ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီအနိုင်ရ၊ တရုတ်နိုင်ငံက ဂုဏ်ပြုစကားဆို

ပေကျင်း၊ ဖေဖော်ဝါရီ ၁၃ ရက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို တည်ငြိမ်ချောမွေ့စွာ ကျင်းပနိုင်ခဲ့သည်ကို အသိအမှတ်ပြုကြောင်းနှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (ဘီအင်န်ပီ)...

ပုသိမ်မြို့အတွင်း ခရီးသွားများဝင်ရောက်လည်ပတ်မှု သိသိသာသာ တိုးတက်လာ

ပွင့်လင်းခရီးသွားရာသီ အစ၌ပင် ပုသိမ်မြို့တွင်းသို့ ဘုရား ဖူး၊ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုမှာ အရင်နှစ်များထက် သိသိသာသာ တိုးတက်မြင့်မားလာကြောင်းသိရသည်။ "အရင်က ငွေဆောင်၊ ချောင်းသာသွားတယ်ဆို ကြိုးတံတား...

မြန်မာနိုင်ငံအနေဖြင့် ၁၈ နှစ်အတွင်း အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆု...

အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆု စတင်ပေးအပ်ချီးမြှင့်ခဲ့သည့် ၂၀၀၈ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့အထိ ၁၈ နှစ်အတွင်း မြန်မာနိုင်ငံအနေဖြင့် ဆုပေါင်း...
HomeNewsLocal Newsနှစ်သစ်ကူးမှာတရုတ်‌တွေရုရှားနှင့် ထိုင်းသို့အသွားများမည်

နှစ်သစ်ကူးမှာတရုတ်‌တွေရုရှားနှင့် ထိုင်းသို့အသွားများမည်

လာမည့်ရက်သတ္တပတ် တရုတ်နှစ်သစ်ကူး အားလပ်ရက်အတွင်း၌ တရုတ်ခရီးသွားများ ပိုမိုများပြားလာမည်ဟု မျှော်လင့်ရပြီး ရုရှားနှင့် သြစတြေးလျမှသည် ထိုင်းနှင့် တောင်ကိုရီးယားအထိ ၎င်းတို့ ထိပ်တန်းသွားရောက်ရာနေရာများပါဝင်ကြောင်း ခရီးသွားအေဂျင်စီများက ပြောကြားခဲ့ကြသည်။ ဂျပန်သို့ ခရီးသွားခြင်းမှာမူ အတန်ငယ်ကျဆင်းသွားခဲ့ကြောင်း သူတို့က ပြောကြားခဲ့ကြသည်။

တရုတ်နှစ်သစ်ကူး သို့မဟုတ် နွေဦးပွဲတော်သည် တရုတ်နိုင်ငံ၏ အရှည်ဆုံး ရုံးပိတ်ရက်များထဲမှတစ်ခုဖြစ်ပြီး တရုတ်ရာသီခွင်တွင် မြင်းနှစ်ကိုကြိုဆိုသော ၂၀၂၆ ခုနှစ်တွင် ဖေဖော်ဝါရီလ ၉ ရက် နေ့မှစတင်ကာ ၉ ရက်ကြာမြင့်မည်ဖြစ်ပြီး ပုံမှန်ထက် တစ်ရက်ပိုသည်။

ထိုအချိန်အတွင်း သန်းပေါင်းများစွာသော လူများသည် မိသားစုပြန်လည်စုံဆည်းကြရန် အိမ်ပြန်လေ့ရှိပြီး နိုင်ငံတစ်ဝန်းနှင့် ပြည်ပရှိ မိသားစုများဝင်များ အတူတကွ ဆင်နွှဲကြသောကြောင့် ဈေးဆိုင်များ၊ ရုပ်ရှင်ရုံများနှင့် စားသောက်ဆိုင်များတွင် သုံးစွဲမှုမြင့်တက်သည်။

ရက် ၄၀ ကြာခရီးသွားကာလအတွင်း ခရီးသွားခရီးစဉ်သည် ၂၀၂၅ ခုနှစ်တွင် ၉ ဒဿမ ၀၂ ဘီလျံရှိခဲ့ရာမှ ၉ ဒဿမ ၅ ဘီလျံအထိ စံချိန်တင်မြင့်တက်မည်ဟု တရုတ်က မျှော်မှန်းသည်။ ၂၀၂၆ ၏ ရက်ပိုရှည်သောပွဲတော်သည် အားလပ်ရက်ခရီးသွားများကို ပြည်တွင်းလည်ပတ်ခြင်း သို့မဟုတ် ပြည်ပအထိ သွားလာလည်ပတ်ခြင်းများ ပိုမိုပြုလုပ်လာရန် လှုံဆော်ပေးလိမ့်မည်ဟု အရာရှိများက မျှော်လင့်ထားသည်။

“တရုတ်နိုင်ငံရဲ့ နေရာအများစုမှာ အေးနေတဲ့အချိန် ထိုင်းနိုင်ငံမှာတော့ သူ့ရဲ့ရာသီဥတုအနေအထားကြောင့် ထိပ်တန်းပြည်ပခရီးစဉ်နေရာအဖြစ် ပြန်ရောက်ရှိလာပါပြီ” ဟု ရှန်ဟိုင်းအခြေစိုက် ခရီးသွားလုပ်ငန်း စပရင်းတိုးရ် ဒုတိယအထွေထွေမန်နေဂျာ Zhou Weihong က ပြောကြားခဲ့သည်။

စပရင်းတိုးရ်သည် စရိတ်နည်းလေကြောင်းလိုင်း စပရင်းအဲရ်လိုင်းစ်၏ ခရီးသွားလုပ်ငန်းခွဲတစ်ခုဖြစ်သည်။

၂၀၂၆ ခုနှစ်တွင် ပြည်တွင်းအပန်းဖြေခရီးစဉ်၏ ဝယ်လိုအားသည် နွေးထွေးသောနေရာများနှင့် နှင်းဖုံးဒေသများအကြား ကွဲပြားပြီး အပူပိုင်းဒေသဟိုင်နန်ကျွန်းနှင့် အရှေ့မြောက်ပိုင်း ချန်းဘေးတောင် ခရီးစဉ်များသည် ရေပန်းစားကြောင်း စပရင်းတိုးရ်က ဆက်လက်ပြောကြားခဲ့သည်။

၎င်း၏ ပလက်ဖောင်းတွင် ရုရှားသို့ ဘွတ်ကင်များသည် ၂၀၂၅ ခုနှစ်ထက် နှစ်ဆကျော်မြင့်တက်လာခဲ့ပြီး မြောက်ဥရောပသို့ ခရီးစဉ်များလည်း မြင့်တက်လာခဲ့သည်။

“ဒီနှစ်ကုန်အထိ ရုရှားကိုသွားမယ့် တရုတ်ခရီးသွားတွေ တိုးလာဖွယ်ရှိပါတယ်” ဟု Dragon Trail Research ၏ ဈေးကွက်ရှာဖွေရေးနှင့် ဆက်သွယ်ရေး ဒါရို-က်တာ မစ္စ စီယင်နာ ပါရူလစ်ကွတ်က ပြောကြားခဲ့သည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နီပေါရွေးကောက်ပွဲနီးလာချိန်ဘုရင်စနစ်ထောက်ခံသူများ ဆန္ဒထုတ်ဖော်

အဂတိလိုက်စားမှုကို ဆန့်ကျင်သော ဂျန်ဇီးအုံကြွမှု ဖြစ်ပေါ်ပြီးနောက် ပထမဆုံးကျင်းပမည့် ရွေးကောက်ပွဲနီးလာချိန်တွင် နီပေါနိုင်ငံ၏ ဘုရင်ဟောင်းကို ထောက်ခံသူထောင်ပေါင်းများစွာသည် ဖေဖော်ဝါရီလ ၁၃ ရက် နေ့၌ ခတ္တမန္ဒူတွင် စုဝေးကာ အားလပ်ရက်အပန်းဖြေရာမှ နေရပ်ပြန်လာသော ၎င်းတို့၏ နောက်ဆုံးဘုရင် ဂါနန်ဒရာကို ကြိုဆိုခဲ့ကြသည်။         ၂၀၀၈ ခုနှစ်တွင် ယခင်မော်ဝါဒီသူပုန်ဟောင်းများ လွှမ်းမိုးသော အထူးအစည်းအဝေးတစ်ရပ်၌ နီပေါနိုင်ငံ၏ ဘုရင်စနစ်ကို ဖျက်သိမ်းခဲ့ကာ ဟိန္ဒူဘာသာဝင်အများစုနေထိုင်သော ဟိမဝန္တာတောင်တန်းနိုင်ငံကိုဘာသာရေးဖြင့်အုပ်ချုပ်ခြင်းမဟုတ်သော သမ္မတနိုင်ငံအဖြစ် ပြောင်းလဲခဲ့သည်။       ထိုအချိန်မှစ၍ နောက်ဆုံးဘုရင်ဖြစ်သော မစ္စတာဂရန်နာဒါ(၇၈ နှစ်) သည် ခတ္တမန္ဒူရှိ ၎င်း၏ နေအိမ်တွင်...

ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီအနိုင်ရ၊ တရုတ်နိုင်ငံက ဂုဏ်ပြုစကားဆို

ပေကျင်း၊ ဖေဖော်ဝါရီ ၁၃ ရက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို တည်ငြိမ်ချောမွေ့စွာ ကျင်းပနိုင်ခဲ့သည်ကို အသိအမှတ်ပြုကြောင်းနှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (ဘီအင်န်ပီ) ကို ဂုဏ်ပြုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သောကြာနေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။ ကြာသပတေးနေ့က ကျင်းပခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၁၃) ကြိမ်မြောက် ပါလီမန် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြောကြားပေးရန် တောင်းဆိုမှုကို ပြောရေးဆိုခွင့်ရှိသူက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ အကြိုရလဒ်များအရ ကြေညာပြီးစီးခဲ့သည့် တိုက်ရိုက်ရွေးကောက်တင်မြှောက်သော အမတ်နေရာ ၂၉၇ နေရာအနက်...

ပုသိမ်မြို့အတွင်း ခရီးသွားများဝင်ရောက်လည်ပတ်မှု သိသိသာသာ တိုးတက်လာ

ပွင့်လင်းခရီးသွားရာသီ အစ၌ပင် ပုသိမ်မြို့တွင်းသို့ ဘုရား ဖူး၊ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုမှာ အရင်နှစ်များထက် သိသိသာသာ တိုးတက်မြင့်မားလာကြောင်းသိရသည်။ "အရင်က ငွေဆောင်၊ ချောင်းသာသွားတယ်ဆို ကြိုးတံတား ဟောင်းကနေ မြို့ရှောင်လမ်းအတိုင်းသွားကြတော့ ပုသိမ်မြို့ထဲဝင်ပြီး လည်တာပတ်တာ နည်းကြတယ်။ အခုက ပုသိမ်မြို့တွင်းမှာရှိတဲ့ တံတားသစ်ကနေ သွားကြတော့ မြို့ထဲဝင်လည်၊ ဘုရားဖူး၊ စျေးဝယ်တွေလုပ်ကြတယ်"လို့ ပုသိမ်မြို့ရှိ ရွှေမုဌော ဘုရားတန်ဆောင်း စျေးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ ပုသိမ်မြို့တွင်းတံတားသစ်ကြီးမှာ တန်ခိုးကြီးရွှေမောဌော စေတီတော်မြတ်ကြီးနှင့် ဒေသထွက်ကုန်စည်တွေရောင်းချရာ မြို့မစျေးကြီးအနီးတွင် တည်ရှိနေခြင်းကြောင့် ခရီးသွားများ မြို့တွင်းလည်ပတ်မှု ယခင်ထက် ပိုများလာခြင်းဖြစ်သည်။ "ခရီးသွားဧည့်သည်ကားတွေ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071