Tuesday, June 10, 2025

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ထပ်မံပြီးစီးသည့် တိုက် (၄)...

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ ထပ်မံပြီးစီးသည့် တိုက် (၄) လုံးကို မကြာမီ မဲနှိုက်နေရာချထားပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့အငှားအိမ်ရာ အိပ်ခန်းနေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ သိရသည်။ ထို့ပြင်...

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့)အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ယနေ့ ဇွန် ၁၀ ရက်နံနက်ပိုင်းက နယုန်လပြည့်(မဟာသမယအခါတော်နေ့)အခမ်းအနားအား စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ စေတီတော်ရင်ပြင်ရှိသတ် မှတ်နေရာများ၌ကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ပြည့်စုံလင်းနှင့် တာဝန်ရှိသူများတက်ရာက် ကြည်ညိုပူဇော်ခဲ့ကြသည်။ အခမ်းအနားတွင်...

ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရန် သတိပေး

မိုးအလွန်အကျွံ ရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ငါးမွေးမြူရေးကန်များအနေဖြင့် ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းရေးအတွက် လုပ်ဆောင်ရမည့်အချက်များကို စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနက အသိပေးထားသည်။ နိုင်ငံတော် စားနပ်ရိက္ခာ ဖူလုံရေးနှင့်...

မန္တလေးမြို့ ဧရာဝတီမြစ်ရေတိုးဝင်လာမှု အန္တရာယ်ကို မပေါ့ဆကြရန်နှင့်...

မန္တလေးမြို့ ဧရာဝတီမြစ်ရေတိုးဝင်လာမှု အန္တရာယ်ကို မပေါ့ဆကြရန်နှင့် အမြဲသတိရှိကြရန် မန္တလေးတိုင်း လူမှုကယ်ဆယ်ရေးဗဟိုကော်မတီက ယနေ့တွင် တို-က်တွန်းနှိုးဆော်ထားသည်။ "ငလျင် ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ မျက်စိနဲ့မြင်ရနိုင်တဲ့...
HomeNewsLocal Newsနှစ်ရက်ကြာပျောက်ဆုံးနေသည့် ရေဖြူမြို့မှ သုံးနှစ်သမီးကို...

နှစ်ရက်ကြာပျောက်ဆုံးနေသည့် ရေဖြူမြို့မှ သုံးနှစ်သမီးကို ရေနစ်သေဆုံးလျက် ပြန်လည်တွေ့ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ သဲချောင်းရွာမှ နှစ်ရက်အကြာပျောက်ဆုံးနေသည့် သုံးနှစ်အရွယ်သမီးငယ်ကို ယနေ့ ဇူလိုင်လ ၆ ရက်၊ နံနက် ၁၀ နာရီခန့်က ရေနစ်သေဆုံးလျက် ပြန်လည်တွေ့ရှိကြောင်း မိသားစုထံမှ သိရသည်။

သုံးနှစ်အရွယ်သမီးငယ်၏ အလောင်းကို နေအိမ်နှင့် မနီးမဝေး လယ်ကွင်းအတွင်း ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ ၊ မွန်းလွဲပိုင်းက မိခင်ဖြစ်သူသည် ကလေးငယ်နှင့်အတူရှိနေစဉ် ကလေးငယ်အား ဖုန်းတစ်လုံးဖြင့်ထားခဲ့ကာ နွားသွားရှာခဲ့ကြောင်းနှင့် အိမ်သို့ပြန်ရောက်ချိန်တွင် ဖုန်းကိုသာတွေ့ရပြီး ကလေးငယ်မှာ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

” ကလေးက သာမန်ရေနစ်ပြီး သေဆုံးတာပဲဖြစ်ပါတယ်။ သူ့အမေ နောက်လိုက်သွားရင်း ရေမြောင်းထဲကိုကျပြီးဆုံးသွားတာပေါ့” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ကလေးငယ်၏ ရုပ်အလောင်းကိုသေဆုံးလျက် ပြန်လည်တွေ့ရှိသည့်အတွက် ကံပေါက်တိုက်နယ်ဆေးရုံသို့ သယ်ဆောင်သွားခဲ့ပြီး ဆရာဝန်ရဲ့ဆေးစစ်ချက်အဖြေကိုရယူပြီးနောက် ရွာသုသာန်တွင်ပင် နေ့ချင်းသဂြိုလ်ပေးလိုက်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ပုံစာ – ရေနစ်သေ‌ဆုံးသွားရရှာသည့် သမီးငယ် မနဒီ ရွှေစင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ထပ်မံပြီးစီးသည့် တိုက် (၄) လုံး မဲနှိုက်နေရာချပေးမည်

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ ထပ်မံပြီးစီးသည့် တိုက် (၄) လုံးကို မကြာမီ မဲနှိုက်နေရာချထားပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့အငှားအိမ်ရာ အိပ်ခန်းနေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ သိရသည်။ ထို့ပြင် မဲနှိုက်ခွင့်ရရှိသည့် မြို့နယ်နှင့် ဌာနဆိုင်ရာအမည်များကို ဇွန် (၁၀) ရက်တွင် အသိပေးကြေညာသွားမည်ဖြစ် ကြောင်း သိရသည်။ ထို့ပြင် အိမ်ခန်းငှားရမ်း နေထိုင်ခွင့်ရရှိသူများအနေဖြင့် အိမ်ခန်းကို ထပ်ဆင့်ငှားရမ်းခြင်း၊ လွှဲပြောင်းငှားရမ်းခြင်း ၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ပေါင်နှံခြင်းမျိုး မပြုလုပ်ရန် အသိပေးထားသည်။ ငှားရမ်းခွင့် ရရှိသူများအနေဖြင့် သတ်မှတ်စည်းကမ်းချက်များကို ဖေ-ာက်ဖျ-က်ကျူးလွန်ပါက ငှားရမ်းခွင့်ပြုထားသည့် အိမ်ခန်းကို ပြန်လည်သိမ်းယူမည့်အပြင်...

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့)အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ယနေ့ ဇွန် ၁၀ ရက်နံနက်ပိုင်းက နယုန်လပြည့်(မဟာသမယအခါတော်နေ့)အခမ်းအနားအား စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ စေတီတော်ရင်ပြင်ရှိသတ် မှတ်နေရာများ၌ကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ပြည့်စုံလင်းနှင့် တာဝန်ရှိသူများတက်ရာက် ကြည်ညိုပူဇော်ခဲ့ကြသည်။ အခမ်းအနားတွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ယောဆရာတော်ထံမှ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသူများက နဝင်္ဂသီလခံယူဆောက်တည်ခဲ့ကြကာ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် စေတီတော်ရင်ပြင်တော် ချမ်းသာကြီးတန်ဆောင်းမှစတင်၍ နယုန်လပြည့် မဟာသမယအခါတော်နေ့လှည်လည်ပူဇော်ပွဲကျင်းပရာ မဟာသမယအခါတော်နေ့ဖြစ်ပေါ်လာပုံအားဖော်ကျူးသည့်အနေဖြင့် ကပိလဝတ်နှင့် ကောလိယ နှစ်ပြည်ထောင်ကိုယ်စားပြုမင်း၊ မူးမတ်၊ အဆောင်အယောင်များဖြင့် ရာဇာ၀င်းခင်းကာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား...

ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရန် သတိပေး

မိုးအလွန်အကျွံ ရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ငါးမွေးမြူရေးကန်များအနေဖြင့် ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းရေးအတွက် လုပ်ဆောင်ရမည့်အချက်များကို စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနက အသိပေးထားသည်။ နိုင်ငံတော် စားနပ်ရိက္ခာ ဖူလုံရေးနှင့် နိုင်ငံခြားဝင်ငွေရရှိရန် နိုင်ငံအနှံ့အပြား၌ ငါးမွေးမြူရေးကန်များဖြင့် မွေးမြူရေးဆောင်ရွက်နေခြင်းဖြစ်သည်။ ငါမွေးမြူရေးကန်များ၏ ကန်ပေါင်များခိုင်ခံရန်အတွက် ကမ်းပါးနိမ့်သော နေရာတွေမှာ သဲအိတ်များဖို့ထားပြီး ကန် ပေါင်ခိုင်ခံအောင်ပြုလုပ်ရန်၊ သိုလှောင်ထားသော ငါးအစာနှင့် လုပ်ငန်းသုံးပစ္စည်းများကို ရေလွတ်သောနေရာသို့ ရွေ့ပြောင်းထားရန်အပါအဝင် အချက် (၁၀) ချက်ကို အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။ အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက နီးစပ်ရာ ငါးလုပ်ငန်းဦးစီးဌာနသို့ ဆက်သွယ်အကူညီတောင်းခံကြရန်လည်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071