Saturday, April 11, 2026

ဖနောင်းပင်စီးပွားရေး 4.5 ရာခိုင်နှုန်း တိုးတက်ရန်...

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာ့ကုန်စည်ဈေးကွက် အနှောင့်အယှက်များသည် ကာလ မရှည်ကြာပါက ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၆ ခုနှစ်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်း...

ဥပဒေအခြေခံများကို အခြေခံပညာအထက်တန်းအဆင့်၌သင်ကြားပေးနေပြီဖြစ်

တရားဥပဒေစိုးမိုးမှုအားကောင်းစေရေးအတွက် ဥပဒေပညာအရေးကြီးခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ  ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်း/ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒု-ဝန် ကြီးများနှင့်တွေ့ဆုံစဥ်...

စွမ်းအင်နှင့်ပတ်သက်၍ နိုင်ငံ​တော်သမ္မတ၏ ​ပြောကြားမှုများ

လျှပ်စစ်ကဏ္ဍသည် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးတိုးတက်မှုတို့အတွက်အခြေခံကျကာ လျှပ်စစ်စွမ်းအင်သုံးယာဉ်များကို ပိုမိုသုံးစွဲနိုင်အောင်စီမံဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊...

ပြည်ထောင်စုလွှတ်တော်ရှေ့မှောက်တွင် ကတိသစ္စာပြုထား၍ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်...

မိမိတို့အနေဖြင့် ပြည်ထောင်စုလွှတ်တော်ရှေ့မှောက်တွင် ကတိသစ္စာပြုထားကြ၍ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေရမည်ဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊...
HomeNewsLocal Newsနှစ်နိုင်ငံ ခေါင်းဆောင်များ၏ အမျှော်အမြင်ရှိမှုကြောင့်...

နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အမျှော်အမြင်ရှိမှုကြောင့် မြန်မာ-ရုရှား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာဟုဆို

မြန်မာ – ရုရှား နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အမြော်အ မြင်ရှိမှုနှင့် နှစ်ဖက်ပူးတွဲအားထုတ်မှုများကြောင့် နစက အစိုးရလက်ထက်တွင် နှစ်နိုင်ငံဆက်ဆံရေး သိသာထင် ရှား စွာတိုးတက်လာကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

နေပြည်တော်ရှိ Hilton ဟိုတယ်၌ ဖေဖော်ဝါရီ ၁၈ ရက်ညပိုင်းက ကျင်းပခဲ့သည့် မြန်မာ – ရုရှား နှစ်နိုင်ငံသံတမန်ဆ က်ဆံရေး (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ်ဧည့်ခံ ပွဲတွင် နစက ဒုတိယ ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ်သ ည်။

မြန်မာ-ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ (၁၈) ရက်တွင် စတင်ထူထောင်ခဲ့ပြီး မြန် မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ဆက်ဆံရေးသည် ခိုင်မာသထက် ခိုင်မာလျက်ရှိကာ နှစ်နိုင်ငံလုံးအနေဖြင့် ရင်းနှီးချစ်ကြည်ပြီး နီးကပ်သည့်ဆက်ဆံရေးအား တန်ဖိုးထားထိန်းသိမ်းနိုင်ခဲ့ကြောင်းလည်း နစက ဒုတိယဥက္ကဋ္ဌက ပြောသည်။

မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေးကာလအစ ကောင်းမွန်သည့် ပြယုဂ်များအဖြစ် ရုရှား-မြန်မာ ချစ်ကြည်ရေးအ တွက် ရုရှားနိုင်ငံမှ တာဝန်ယူပြီး ၁၉၆၁ ခုနှစ်က ရှမ်းပြည် နယ် တောင်ကြီးမြို့တွင် ဖွင့်လှစ်ခဲ့သည့် စဝ်စံထွန်းဆေး ရုံ၊ ၁၉၆၁ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့သည့် ရန်ကုန်နည်းပညာတက္ကသိုလ်၊ ၁၉၆၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် ရန်ကုန်အ င်းယားလိတ်ဟိုတယ်နှင့် ၁၉၆၇ ခုနှစ်တွင် ပြီးစီးခဲ့သည့် ကြက်မောက်တောင်ဆည်တို့သည် နှစ်နိုင်ငံကြားဆက်ဆံရေး ရေရှည်တည်တံ့ခိုင်မြဲမှုကိုအမြဲတမ်းပေါ် လွင်ထင်ဟ တ်နေမည်ဟု ဆိုသည်။

၂၀၂၁ ခုနှစ် နစက အစိုးရ လက်ထက်တွင် မြန်မာ- ရုရှား ဆက်ဆံရေးသည် သိသာထင်ရှားစွာတိုး တက်လာကာ နှ စ်နိုင်ငံခေါင်းဆောင်များ၏ အမြော်အမြင်ရှိမှုနှင့်နှစ်ဖက်ပူးတွဲအားထုတ်မှုများကြောင့် မြန်မာ-ရုရှား နှစ်နိုင်ငံဆက် ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ယနေ့အချိန်တွင် အမြင့်ဆုံးသို့ရောက်ရှိနေပြီကို ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားနိုင်ပြီဖြစ်‌ကြောင်းလည်း ၎င်းကဆိုသည်။

နှစ်နိုင်ငံ အကြား သံတမန်ဆက်ဆံရေးအရ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့တို့တွင် မြန်မာကောင် စစ်ဝန်ချုပ်ရုံးများကို မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရုရှားနိုင်ငံတွင် ယခုကဲ့သို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသစ်များ ဖွင့်လှစ်နိုင်ခြင်းသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို သိသိသာသာအထော က်အကူဖြစ်စေမည်ဟုလည်း နစက ဒုဥက္ကဋ္ဌက ပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖနောင်းပင်စီးပွားရေး 4.5 ရာခိုင်နှုန်း တိုးတက်ရန် မျှော်မှန်း

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာ့ကုန်စည်ဈေးကွက် အနှောင့်အယှက်များသည် ကာလ မရှည်ကြာပါက ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၆ ခုနှစ်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်း တိုးလာရန် မျှော်မှန်းထားကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ၏ နောက်ဆုံးထုတ်ဝေသော စီးပွားရေး အစီရင်ခံစာတွင် ဧပြီလ ၁၀ ရက်က ဖေါ်ပြထားသည်။ တိုးတက်မှုကို ပြန်လည်ရုန်းထနိုင်စွမ်းရှိသော ကုန်ထုတ်လုပ်မှု စွမ်းဆောင်ရည်ဖြင့် ပံ့ပိုးပေးထားပြီး ပြင်ပအခြေအနေများ တိုးတက်ကောင်းမွန်လာကာ ပြည်တွင်း ပြုပြင်ပြောင်းလဲမှုများသည် စီးပွားရေးကုန်ထုတ်စွမ်းအားကို ဆက်လက်မြှင့်တင်နိုင်သောကြောင့် တိုးတက်မှုနှုန်းသည် 2027 ခုနှစ်တွင် 5...

ဥပဒေအခြေခံများကို အခြေခံပညာအထက်တန်းအဆင့်၌သင်ကြားပေးနေပြီဖြစ်

တရားဥပဒေစိုးမိုးမှုအားကောင်းစေရေးအတွက် ဥပဒေပညာအရေးကြီးခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ  ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်း/ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒု-ဝန် ကြီးများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ " ဒီနေ့နိုင်ငံမှာတွေ့ကြုံနေရတာက အများစုဟာတည်ဆဲဥပဒေတွေကို နားလည်မှုနည်းပါးတာ၊ အလေးဂရုမပြုတာတွေကြောင့် တရားဥပဒေစိုးမိုးမှုအားနည်းနေတာကို တွေ့ရပါတယ်။ ပြည်သူအားလုံး ဥပဒေကိုသိရှိလိုက်နာမှသာ စည်းကမ်းပြည့်ဝပြီးအေးချမ်းသာယာကြမှာပါ"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် ဥပဒေများကို သိရှိလိုက်နာတတ်စေရန် ကျောင်းနေစဉ်ကပင် သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ပြီး ပညာရေးအားနည်းပါက တရားဥပဒေလိုက်နာမှု၊ တရားဥပဒေစိုးမိုးမှုမှာ အားနည်းလာမည်ဖြစ်၍ အခြေ ခံပညာကျောင်းများတွင် ဥပဒေအခြေခံများကို အထက်တန်းအဆင့်၌သင်ကြားပေးနေကာ ပြည်နယ်/တိုင်းတက္ကသိုလ်အသီးသီးတွင် ဝိဇ္ဇာဘွဲ့(ဥပဒေ)ပေးနိုင်ရန်တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်ဟု...

စွမ်းအင်နှင့်ပတ်သက်၍ နိုင်ငံ​တော်သမ္မတ၏ ​ပြောကြားမှုများ

လျှပ်စစ်ကဏ္ဍသည် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးတိုးတက်မှုတို့အတွက်အခြေခံကျကာ လျှပ်စစ်စွမ်းအင်သုံးယာဉ်များကို ပိုမိုသုံးစွဲနိုင်အောင်စီမံဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အ ယစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒု-ဝန်ကြီးများအားတွေ့ဆုံ ၍မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများစားဝတ်နေရေးအဆင်ပြေချောမွေ့စေရေးတို့အတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန်၊ လျှပ်စစ်မီးရရှိရန်၊ ရေကောင်းရေသန့်ရရှိရန်စသည့် အခြေခံအဆောက်အအုံများ ပြည့်စုံလုံလောက်ရန်လိုအပ်ပြီး လျှပ်စစ်ကဏ္ဍသည် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးတိုးတက်မှုတို့အတွက် အခြေခံကျသည်ဟု ပြောသည်။ နိုင်ငံတွင်လိုအပ်နေသည့် လျှပ်စစ်စွမ်းအင်ကဏ္ဍမြှင့်တင်ရေးကို အလေးထားလုပ်ဆောင်ရမည်ဖြစ်ကာ ဆောင်ရွက်ဆဲစီမံကိန်းများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန်၊ အကြောင်းအမျိုးမျိုးကြောင့် ဆိုင်းငံ့ထားရသော၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071