Thursday, March 20, 2025

ပူတင်၊ ဇီလန်စကီတို့နှင့် ဖုန်းပြောဆိုမှုများ ‘အလွန်ကောင်းမွန်’...

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်နှင့် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီတို့နှင့် မကြာသေးမီက ဖုန်းပြောဆိုမှုများမှာ အလွန်ကောင်းမွန်သည်ဟုပြောကြားခဲ့သည်။ “ကျွန်တော်တို့...

ဝါးအလယ်ကျွန်း သဘာဝအခြေခံ အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သည့်...

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း ခရိုင်အတွင်းရှိ ဝါးအလယ်ကျွန်း သဘာဝအခြေခံ အပန်းဖြေစခန်းသို့ ယခုနှစ်တွင် လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် လျော့နည်းလာသော်လည်း ခရီးသွားဧည့်သည် လုံးဝပြတ်သွားခြင်းမျိုးမရှိကြောင်း သိရသည်။ ဝါးအလယ်ကျွန်း...

ဂါဇာကမ်းမြှောင်ဒေသအနီးရှိ နယ်နိမိတ်များကို အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံး...

ဂါဇာကမ်းမြှောင်ဒေသအနီးရှိ နယ်နိမိတ်များကို သဘာဝပတ်ဝန်းကျင် စူးစမ်းလေ့လာရန် အထူးပြုခရီးစဉ်အဖြစ် အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်းက အစ္စရေးအခြေစိုက် သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် အတူ...

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသည်တင်ယာဉ် တိမ်းမှေ-ာက်မှု...

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၊ မိုင်တိုင်အမှတ် (၃၄၆ /ဝ) ဖာလုံအနီးတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှေ-ာက်မှု ဖြစ်ပွားရာ ယာဉ်ပေါ်ပါသူများအနက် (၉)ဦး ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း...
HomeNewsLocal Newsနှစ်နိုင်ငံဆက်ဆံရေး ပြန်လည်​ကောင်းမွန်ရန် ပြင်သစ်သို့သွားရောက်မည့်...

နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်​ကောင်းမွန်ရန် ပြင်သစ်သို့သွားရောက်မည့် ဩစတြေးလျ ဝန်ကြီးချုပ်

နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်​ကောင်းမွန်ရန် ပြင်သစ်သို့သွားရောက်မည့် ဩစတြေးလျ ဝန်ကြီးချုပ်

ကင်ဘာရာ၊ ဇွန် ၂၃ ရက်

ဩစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်သည် လာမည့်အပတ်အတွင်း ပြင်သစ် သမ္မတ မက်ခရွန်န်နှင့် တွေ့ဆုံသွားမည်ဖြစ်ကာ ယခင်အစိုးရလက်ထက် ရေငုပ်သင်္ဘောစာချုပ် ဖျက်သိမ်းမှုကြောင့် ပျက်စီးသွားသော နှစ်နိုင်ငံဆက်ဆံရေးအား ပြန်လည်ကောင်းမွန်လာအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇွန်လ ၂၃ ရက် ကြာသပတေးနေ့ က ပြောကြားခဲ့သည်။

အယ်လ်ဘာနီးစ်သည် စပိန်၌ကျင်းပသည့် နေတိုး ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဥရောပ၌ ရှိနေစဉ် မက်ခရွန်က ပြင်သစ်သို့ လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း အယ်လ်ဘနီးစ်က ပြောသည်။

နှစ်နိုင်ငံ ဆက်ဆံရေးပြန်လည်ချိန်ညှိရန် လိုအပ်သဖြင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်ထားကာ ရေငုပ်သင်္ဘောကိစ္စနှင့် ပတ်သက်သော အစီအစဉ်များကိုလည်းပြန်လည်သုံးသပ်ပြုပြင်​နေကြောင်း အယ်လ်ဘာနီးစ်က ဩစတြေးလျ အသံလွှင့်ဌာနကို ပြောကြားခဲ့သည်။

ဩစတြေးလျဝန်ကြီးချုပ်ဟောင်း စကော့ ​မောရစ်ဆွန်သည် ပြင်သစ်အစိုးရပိုင်ကုမ္ပဏီမှ တည်ဆောက်မည့် ဒီဇယ်-လျှပ်စစ် ရေငုပ်သင်္ဘော ၁၂ စင်းပါဝင်သော ဒေါ်လာ ၆၂ ဘီလီယံ တန်ကြေးရှိ ကန်ထရိုက်ကို ဖျက်သိမ်းကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ၌ ကြေငြာခဲ့သဖြင့် ပြင်သစ်နိုင်ငံမှ အကြီးကျယ်​ဒေါသထွက်ခဲ့သည်။

ထို့နောက် ဩစတြေးလျသည် အမေရိကန်မှ နျူကလီယားနည်းပညာသုံး ရေငုပ်သင်္ဘောများပံပိုးပေးရန် အမေရိကန်၊ ဗြိတိန်တို့နှင့် သဘောတူညီမှုရယူခဲ့သဖြင့် ပြင်သစ်သည် ၎င်း၏သံတမန်များကို အမေရိကန်နှင့် ဩစတြေးတို့မှ ယာယီရုတ်သိမ်းခဲ့သည်။

မေလ ၂၁ ရက် ရွေးကောက်ပွဲ၌ အယ်လ်ဘာနီးစ်၏ လေဘာပါတီအာဏာရရှိလာကာ ယခင်အစိုးရဟောင်း၏ စာချုပ်ဖောက်ဖျက်မှုအတွက် ပြင်သစ်ရေတပ်အုပ်စုအား ဒေါ်လာ ၅၈၃ သန်း ပေးချေကာ ပြန်လည်သင့်မြတ်အောင် ပြုလုပ်သွားမည်ဖြစ်ကြောင်း လွန်ခဲ့သည့် နှစ်ပတ်က ကြေငြာခဲ့သည်။

Source: ABC News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပူတင်၊ ဇီလန်စကီတို့နှင့် ဖုန်းပြောဆိုမှုများ ‘အလွန်ကောင်းမွန်’ ဟု ထရမ့်ပြောကြား

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်နှင့် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီတို့နှင့် မကြာသေးမီက ဖုန်းပြောဆိုမှုများမှာ အလွန်ကောင်းမွန်သည်ဟုပြောကြားခဲ့သည်။ “ကျွန်တော်တို့ ဖုန်းပြောဆိုမှု နှစ်ကြိမ်စလုံးဟာ အလွန်ကောင်းမွန်ခဲ့ပြီး၊ သဘောတူညီမှုတစ်ခု ရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲဒီမှာ ဖြစ်ပွားနေတဲ့ သွေးထွက်သံယိုမှုတွေကို ရပ်တန့်နိုင်ဖို့ပါ။” ဟု ထရမ့်က Breitbart News နှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ သူ၏ရည်မှန်းချက်မှာ “ဒီနိုင်ငံနှစ်ခုကို ပေါင်းစည်းပေးဖို့” ဖြစ်ပြီး ယူကရိန်းအား အမေရိကန်၏ ထောက်ပံ့မှု ကုန်ကျစရိတ်ကို လျှော့ချရန်ဖြစ်သည်ဟု ထရမ့်ကဆိုသည်။ “ကျွန်တော်...

ဝါးအလယ်ကျွန်း သဘာဝအခြေခံ အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် လျော့နည်းလာ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း ခရိုင်အတွင်းရှိ ဝါးအလယ်ကျွန်း သဘာဝအခြေခံ အပန်းဖြေစခန်းသို့ ယခုနှစ်တွင် လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် လျော့နည်းလာသော်လည်း ခရီးသွားဧည့်သည် လုံးဝပြတ်သွားခြင်းမျိုးမရှိကြောင်း သိရသည်။ ဝါးအလယ်ကျွန်း သဘာဝအခြေခံ အပန်းဖြေစခန်းသည် ကုန်းနေရေနေ သယံဇာတကြွယ်ဝပြီး သဘာဝအလှများစွာမပျက်စီးဘဲ တည်ရှိမှုကြောင့် ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွားများပါ လာရောက်အပန်းဖြေလေ့လာကြသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်သည်။ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်အတွင်း ဧရိယာ (၁၀၀ ဒ သမ ၁၅) ဧက အကျယ်တွင် ဝါးအလယ်ကျွန်းအပန်းဖြေစခန်းကို ဖွင့်လှစ်ထားရှိပြီး ရုက္ခ၊ ဇီဝနှင့် အဏ္ဏဝါဆိုင်ရာသဘာဝ ကုန်းနေ/ ရေနေ တောရိုင်းတိရစ္ဆာန်များ...

ဂါဇာကမ်းမြှောင်ဒေသအနီးရှိ နယ်နိမိတ်များကို အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး သွားရောက်လေ့လာ

ဂါဇာကမ်းမြှောင်ဒေသအနီးရှိ နယ်နိမိတ်များကို သဘာဝပတ်ဝန်းကျင် စူးစမ်းလေ့လာရန် အထူးပြုခရီးစဉ်အဖြစ် အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်းက အစ္စရေးအခြေစိုက် သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် အတူ သွားရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်းက Keren Kayemeth Lelsrael - ဂျူး အမျိုးသားရန်ပုံငွေ (KKL-JNF)၊ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အစ္စရေး သံအမတ်ကြီးများအသင်း (The Ambassadors' Club of Israel) တို့ ပူးပေါင်းစီစဉ်သောခရီးစဉ်ကို သွားရောက်ခဲ့ခြင်းဖြစ်သည်။ ခရီးစဉ်အတွင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071