ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)ဥက္ကဋ္ဌဦးခင်ရီနှင့် ရုရှား-မြန်မာချစ်ကြည် ရေးအသင်း ဒု-ဥက္ကဋ္ဌ Mr. Alexander OSTROVSKIY တို့တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ် သည်။
USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ ရုရှား-မြန်မာချစ် ကြည်ရေးအသင်း ဒု-ဥက္ကဋ္ဌ Mr.Alexander OSTROVSKIY အား ဒီဇင်ဘာ ၂၀ ရက်နံနက် ၁၀ နာရီက USDP ပါတီဌာနချုပ်၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဥ် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်မှုမှတဆင့် နှစ်ပါတီချင်းဆက်ဆံရေးတိုးမြှင့် ဆောင် ရွက်ရန်၊မြန်မာနိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအ ခြေအနေများ၊ ၂၀၂၃ ခုနှစ် အထွေထွေရွေး ကောက်ပွဲနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်နိုင်မှုအခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဒု- ဥက္ကဋ္ဌများဖြစ်သည့် ဦးလှထွန်း၊ဦးမျိုးဇော်သိန်း၊အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ဗဟိုအလုပ်အမှုဆောင်ဦးအောင်စိုး၊ဦးလှသိန်း၊ဦးအေးလွင်၊ ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒု-ဥက္ကဋ္ဌ Mr. Alexander OSTROVSKIY နှင့်အတူ အဖွဲ့ဝင် ၃ ဦးလည်းတက်ရောက်ခဲ့ကြကြောင်း သိရသည်။


