Thursday, May 21, 2026

တောင်ငူ ကေတုမတီမြို့ဟောင်းပြန်လည်ဖော်ထုတ်ထိန်းသိမ်းထားရှိ

မြောက်ဘက်မြို့ရိုး မော်ကွန်းတံခါး ကို  မူလပုံသဏ္ဌာန်မပျက် ပြန်လည်တည်ဆောက်ပြသရန် လုပ်ဆောင်နေ တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုး မော်ကွန်းတံခါး တူးဖော်ထိန်းသိမ်းထားရှိမှုနှင့် မြို့ရိုးအနီး ကျုံးကူးတံတားတည်ဆောက်ရန် လျာထားသည့်နေရာတို့ကို...

ပြင်ဦးလွင် တောင်ပုလတောင်တော်တွင် တတိယအကြိမ် ဒူးရင်းသီးစတုဒိသာပွဲတော်...

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ပိတ်ချင်းမြှောင်လိုဏ်ဂူအနီး တောင်ပုလတောင်တော်တွင် တတိယအကြိမ်မြောက် ဒူးရင်းသီးစတုဒိသာပွဲတော်ကို လာမည့် မေ ၂၄ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပွဲကို နံနက်...

မိုင်းခတ်မြို့နယ်မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသားများနှင့်...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား(၆၂)ဦးတို့ကို အဆောက်အအုံများ၊ လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက မေ ၂၀...

၂၀၂၆ နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညိုဖြစ်ပေါ်နိုင်ဟု...

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များအရ အယ်လ်နီညိုဖြစ်ပေါ်နိုင်သည့် အခြေအနေများကို တွေ့ရှိရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၆ ခုနှစ် မေလ ၂၁...
HomeMoviesနှစ်စဉ်လျှပ်စစ်ဓာတ်အား (၃၄ ဒသမ...

နှစ်စဉ်လျှပ်စစ်ဓာတ်အား (၃၄ ဒသမ ၆၈)သန်းကီလိုဝပ်နာရီပျဉ်းမျှထုတ်လုပ်နိုင်မည့် ဟုမ္မလင်းမြို့နယ်မှ “နမ့်ပင”အသေးစားရေအားလျှပ်စစ်စီမံကိန်း

နှစ်စဉ်လျှပ်စစ်ဓာတ်အား (၃၄ ဒသမ ၆၈)သန်းကီလို ဝပ်နာရီပျဉ်းမျှထုတ်လုပ်နိုင်မည့် “နမ့်ပင”အသေးစားရေအားလျှပ်စစ်စီမံကိန်းကို စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီးရှိ နမ့်ပငချောင်းပေါ်တွင်တည်ဆောက်လျက်ရှိသည်။

အဆိုပါ စီမံကိန်း၏ တမံအမျိုးအစားမှာ Concrete Gravity Dam ဖြစ်ပြီး တပ်ဆင်စက်အင်အား(၆)မဂ္ဂါဝပ်ဖြစ်၍ နှစ်စဉ်လျှပ်စစ်ဓာတ်အား(၃၄ ဒသမ ၆၈) သန်းကီလိုဝပ်နာရီပျဉ်းမျှထုတ်လုပ်နိုင်မည်ဖြစ်သည်။

ယင်း စီမံကိန်းဖော်ဆောင်နေသည့် လုပ်ငန်းခွင်အတွင်း ဖိအားမြင့်သံမဏိပိုက်လိုင်း၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်နေမှုနှင့် ရေယူအဆောက်အဦးတည်ဆောက်နေမှုတို့ကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးကိုလေးနှင့် တာဝန်ရှိသူများက မေ ၂၀ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဒေသခံများလိုအပ်သည့် လျှပ်စစ်မီးအမြန်ရရှိရန် ယခု စီမံကိန်းအား အမြန်ပြီးစီးအောင်ကြိုပမ်းဆောင်ရွက်ရန်၊ ရရှိထားသည့်ဘဏ္ဍာငွေများ အလေအလွင့်မရှိအောင်သုံးစွဲရန်တို့ကို တိုင်းဝန်ကြီးချုပ်ကမှာ ကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တောင်ငူ ကေတုမတီမြို့ဟောင်းပြန်လည်ဖော်ထုတ်ထိန်းသိမ်းထားရှိ

မြောက်ဘက်မြို့ရိုး မော်ကွန်းတံခါး ကို  မူလပုံသဏ္ဌာန်မပျက် ပြန်လည်တည်ဆောက်ပြသရန် လုပ်ဆောင်နေ တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုး မော်ကွန်းတံခါး တူးဖော်ထိန်းသိမ်းထားရှိမှုနှင့် မြို့ရိုးအနီး ကျုံးကူးတံတားတည်ဆောက်ရန် လျာထားသည့်နေရာတို့ကို ယမန်နေ့ က ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ “မော်ကွန်းတံခါးနေရာအား မူလပုံသဏ္ဌာန်မပျက် ပြန်လည်တည်ဆောက်ပြသရန်၊ မူလတည်ဆောက်ခဲ့သော ကျုံးကူးတံတား၏ သစ်သားတိုင်များအား ရှာဖွေတွေ့ရှိခဲ့သော မူလနေရာတွင် ပြန်လည်တည်ဆောက်ရန်၊ တည်ဆောက်ရာတွင် သက်ဆိုင်ရာပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်၍ မူလပုံသဏ္ဌာန်အတိုင်း တတ်နိုင်သရွေ့ ရှာဖွေပုံစံထုတ်ရန်နှင့် ကြံ့ခိုင်အောင်ဆောင်ရွက်ရန်” ပြည်ထောင်စုဝန်ကြီး...

ပြင်ဦးလွင် တောင်ပုလတောင်တော်တွင် တတိယအကြိမ် ဒူးရင်းသီးစတုဒိသာပွဲတော် မေ ၂၄ ရက် ကျင်းပမည်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ပိတ်ချင်းမြှောင်လိုဏ်ဂူအနီး တောင်ပုလတောင်တော်တွင် တတိယအကြိမ်မြောက် ဒူးရင်းသီးစတုဒိသာပွဲတော်ကို လာမည့် မေ ၂၄ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပွဲကို နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး တောင်ပေါ်သို့ ဘုရားဖူးလာရောက်သူများအား လတ်ဆတ်ချိုမြိန်သည့် ဒူးရင်းသီး အလုံး ၅,၀၀၀ ဝန်းကျင်ဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်သည်။ ထို့အပြင် စတုဒိသာထမင်းနှင့် ဟင်းလျာများကိုလည်း အခမဲ့ သုံးဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ပွဲတော်နှင့်ပတ်သက်၍ တောင်ပုလဆရာတော်က လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားရာတွင် ဒူးရင်းသီးကို နှစ်သက်စွာ သုံးဆောင်သူများအနေဖြင့် အခြားသူများလည်း...

မိုင်းခတ်မြို့နယ်မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား(၆၂)ဦးဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား(၆၂)ဦးတို့ကို အဆောက်အအုံများ၊ လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက မေ ၂၀ ရက်တွင် မိုင်းခတ်မြို့နယ်၊ မိုင်းဟန်ကျေးရွာအုပ်စု၊ ဖားငင်ကျေးရွာအနီးမှ တရားမဝင်အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများနှင့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆက်လက်စစ်ဆေးရှာဖွေမှုကြောင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားများ၊ မြန်မာနိုင်ငံသားများ၊ ဗီယက်နမ်နိုင်ငံသား (စုစုပေါင်း ၆၂ ဦး)ကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး စစ်ဆေးပြီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကာ သိမ်းဆည်းရမိခဲ့သည့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများကိုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071