Friday, November 7, 2025

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများကိုဆွေးနွေး

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး(UNOPS) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Mr. Sanjay Mathur...

ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများခန့်အပ်တာဝန်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ ယ နေ့ နိုဝင်ဘာ ၆ ရက်က အမိန့်အမှတ် ၄၈ /၂၀၂၅ ဖြင့် ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း...

ပဲခူးတန်ဆောင်တိုင်ပွဲတော် ပထမနေ့တွင် နေ့အရုပ်မီးပုံးပျံ (၇)...

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရား၏ ယာဥ်ရပ်နားဝင်းအတွင်း၌ ယနေ့ နိုဝင်ဘာ ၆ ရက်မှစတင်ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော် (ပထမနေ့) ညနေ ၄ နာရီတွင်...

ကံတလူတိုးဂိတ်အနီးတွင် ယာဥ်တို-က်မှုဖြစ် (၁)ဦးဒ-ဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကံတလူတိုးဂိတ်အနီးတွင် ယနေ့ နိုဝင်ဘာ ၆ ရက်နေ့လည် ၃ နာရီကျော်ခန့်က ယာဥ်တို-က်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးသွားကားလမ်းမကြီး၏...
HomeInternationalနျူစွမ်းအင်သုံးဒုံးကျည်က မည်သည့်ကာကွယ်ရေးစနစ်ကိုမဆို ရှောင်ကွင်းနိုင်--ပူတင်

နျူစွမ်းအင်သုံးဒုံးကျည်က မည်သည့်ကာကွယ်ရေးစနစ်ကိုမဆို ရှောင်ကွင်းနိုင်–ပူတင်

ရုရှားနိုင်ငံသည် နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သည့် နျူကလီးယားစွမ်းအင်သုံး ဘူရက်ဗ်ဘက်စ်နစ်ခ် ခရုဇ်ဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း၊ ယင်းလက်နက်သည် မည်သည့်ကာကွယ်ရေးစနစ်ကိုမဆို ရှောင်ကွင်းနိုင်ကြောင်း မော်စကိုက ပြောကြားခဲ့သည်။ အဆိုပါလက်နက်ကိုဖြန့်ကျက်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု သမ္မတ ဗလာဒီမာပူတင်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

အောက်တိုဘာလ ၂၁ ရက်နေ့က ဒုံးကျည်ကိုစမ်းသပ်ရာ၌ ဒုံးကျည်သည် အကွာအဝေး ၈,၇၀၀ မိုင်အထိ ပျံသန်းခဲ့ကာ ဝေဟင်တွင် ၁၅ နာရီကြာအထိ ရှိနေခဲ့သည်ဟု ရုရှားစစ်ဦးစီး အရာရှိချုပ် ရုရှားထိပ်တန်းဗိုလ်ချုပ်ကြီး ဗယ်လာရီ ဂါရာစီမော့ဗ်က ပူတင်ကို ပြောကြားခဲ့သည်။

နေတိုးအဖွဲ့က SSC-X-9 Skyfall ဟု အမည်ပေးထားသော 9M730 ခရုဇ်ဒုံးကျည်သည် အကန့်အသတ်မဲ့လုနီးပါးဖြစ်သော အကွာအဝေးနှင့် ကြိုတင်မခန့်မှန်းနိုင်သည့် ပျံသန်းရာလမ်းကြောင်းတို့ကြောင့် လက်ရှိနှင့် အနာဂတ် ဒုံးကျည်ကာကွယ်ရေးစနစ်များက သူ့ကိုဟန့်တားနိုင်စွမ်းမရှိကြောင်း ရုရှားက ပြောကြားခဲ့သည်။

ယင်းလက်နက်သည် ကမ္ဘာပေါ်တွင် မည်သူမျှ မပိုင်ဆိုင်သေးသော တုနှိုင်းမမီလက်နက်တစ်ခုဖြစ်သည်ဟု ယူကရိန်းစစ်ပွဲကို ကြီးကြပ်ရသော ဗိုလ်ချုပ်ကြီးများနှင့် ပြုလုပ်ခဲ့သည့် ကွပ်ကဲရေးဌာနအစည်းအဝေးတွင် ရှေ့တန်းစစ်မြေပြင်သုံး ယူနီဖောင်းကို ဝတ်ဆင်ထားသည့် ပူတင်က ပြောကြားခဲ့ကြောင်း တနင်္ဂနွေနေ့က ခရမ္မလင်၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

ရုရှားပညာရှင်အချို့က ထိုလက်နက်သည် လုံးဝဖြစ်နိုင်ဖွယ်ရာမရှိဟု တစ်ချိန်က သူ့ကိုပြောကြားခဲ့ကြသော်လည်း ယခုတွင်မူ လက်နက်၏ အရေးကြီးသောစမ်းသပ်မှုကို ပြီးမြောက်အောင်မြင်ခဲ့ပြီဟု ပူတင်က ပြောကြားခဲ့သည်။

Ref: အက်စ်စီအမ်ပီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများကိုဆွေးနွေး

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး(UNOPS) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Mr. Sanjay Mathur တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ နိုဝင်ဘာ ၆ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ UNOPS ၏ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ် Ms. Sara Austin Netzer တို့တက်ရောက်ခဲ့ကြသည်။ 

ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများခန့်အပ်တာဝန်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ ယ နေ့ နိုဝင်ဘာ ၆ ရက်က အမိန့်အမှတ် ၄၈ /၂၀၂၅ ဖြင့် ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ ဗိုလ် ချုပ်အောင်မျိုးသန့်အား ကာကွယ်ရေးဝန်ကြီးဌာန၊ ဦးသန့်စင်လွင်အား ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဦးသိုက်စိုးအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့၏ ဒု-ဝန်ကြီးများအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။

ပဲခူးတန်ဆောင်တိုင်ပွဲတော် ပထမနေ့တွင် နေ့အရုပ်မီးပုံးပျံ (၇) ခုလွှတ်တင်ပူဇော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရား၏ ယာဥ်ရပ်နားဝင်းအတွင်း၌ ယနေ့ နိုဝင်ဘာ ၆ ရက်မှစတင်ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော် (ပထမနေ့) ညနေ ၄ နာရီတွင် နေ့အရုပ်မီးပုံးပျံများကို လွှတ်တင်ပူဇော်ခဲ့ကြသည်။ နွား၊ သိန်းငှက်၊ ကြက်၊ ဆင်၊ ငန်း၊ ဘဲ စသည့်နေ့အရုပ်မီးပုံးပျံ (၇) ခုအားလွှတ်တင်ပူဇော်ခဲ့ကြပြီး ညပိုင်းတွင်လည်း မီးစင်္ကြာလှည့်လည်ပူဇော်ပွဲ၊ တန်ဆောင်တိုင်ဖွင့်ပွဲ၊ မီးပုံးပျံအကြီး၊ အသေးလွှတ်တင်ပူဇော်ခြင်းနှင့် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများဖြင့်ကျင်းပလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071