Sunday, June 14, 2026

မရမ်းကုန်းမြို့နယ်တွင် ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများက အခမဲ့...

လာမည့် ၂၀၂၆ ခုနှစ် ဇွန်လ ၁၈ ရက် ကြာသပတေးနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၌ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း၍...

နှစ်နိုင်ငံ သဘောတူညီချက်ကို ဒီ‌နေ့ လက်မှတ်ထိုးမယ်လို့...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်စစ်ပွဲကို ရပ်တန့်ဖို့ သဘောတူညီချက်ကို တနင်္ဂနွေနေ့မှာတင် လက်မှတ်ထိုးနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အီရန်ဘက်ကတော့ အဲဒီအချိန်ဇယားကို လက်မခံဘဲ လက်မှတ်ထိုးဖို့ဟာ...

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အဏုမြူရောင်ခြည် SPECT-CT စက်သစ်...

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေကုသနိုင်သည့် SPECT-CT စက်သစ်တစ်လုံးကို ယခုနှစ်အတွင်း ထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါရှာဖွေရာ၌ ခေတ်မီစက်ကြီးများဖြစ်သည့် SPECT-CT နှင့်...

မိုးကုတ်ကထွက်ရှိသည့် အလေးချိန်(၇)သောင်းကျော်ကရက်ရှိ နီလာအရိုင်းတုံးကြီးနှင့် အလေးချိန်(၂)...

မိုးကုတ်ရတနာမြေမှရှာဖွေတွေ့ရှိပြီး ထူးခြားလှပကာ အရွယ်အစားကြီးမားသည့် နီလာအရိုင်းတုံးကြီး အ လေးချိန် ၁၄၃၀၀ ဂရမ်(၇၁,၅၀၀ ကရက်)နှင့် နီလာပုံဆောင်ခဲ ၃၅၄ ဒသမ ၇၇...
HomeInternationalနျူစွမ်းအင်သုံးဒုံးကျည်က မည်သည့်ကာကွယ်ရေးစနစ်ကိုမဆို ရှောင်ကွင်းနိုင်--ပူတင်

နျူစွမ်းအင်သုံးဒုံးကျည်က မည်သည့်ကာကွယ်ရေးစနစ်ကိုမဆို ရှောင်ကွင်းနိုင်–ပူတင်

ရုရှားနိုင်ငံသည် နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သည့် နျူကလီးယားစွမ်းအင်သုံး ဘူရက်ဗ်ဘက်စ်နစ်ခ် ခရုဇ်ဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း၊ ယင်းလက်နက်သည် မည်သည့်ကာကွယ်ရေးစနစ်ကိုမဆို ရှောင်ကွင်းနိုင်ကြောင်း မော်စကိုက ပြောကြားခဲ့သည်။ အဆိုပါလက်နက်ကိုဖြန့်ကျက်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု သမ္မတ ဗလာဒီမာပူတင်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

အောက်တိုဘာလ ၂၁ ရက်နေ့က ဒုံးကျည်ကိုစမ်းသပ်ရာ၌ ဒုံးကျည်သည် အကွာအဝေး ၈,၇၀၀ မိုင်အထိ ပျံသန်းခဲ့ကာ ဝေဟင်တွင် ၁၅ နာရီကြာအထိ ရှိနေခဲ့သည်ဟု ရုရှားစစ်ဦးစီး အရာရှိချုပ် ရုရှားထိပ်တန်းဗိုလ်ချုပ်ကြီး ဗယ်လာရီ ဂါရာစီမော့ဗ်က ပူတင်ကို ပြောကြားခဲ့သည်။

နေတိုးအဖွဲ့က SSC-X-9 Skyfall ဟု အမည်ပေးထားသော 9M730 ခရုဇ်ဒုံးကျည်သည် အကန့်အသတ်မဲ့လုနီးပါးဖြစ်သော အကွာအဝေးနှင့် ကြိုတင်မခန့်မှန်းနိုင်သည့် ပျံသန်းရာလမ်းကြောင်းတို့ကြောင့် လက်ရှိနှင့် အနာဂတ် ဒုံးကျည်ကာကွယ်ရေးစနစ်များက သူ့ကိုဟန့်တားနိုင်စွမ်းမရှိကြောင်း ရုရှားက ပြောကြားခဲ့သည်။

ယင်းလက်နက်သည် ကမ္ဘာပေါ်တွင် မည်သူမျှ မပိုင်ဆိုင်သေးသော တုနှိုင်းမမီလက်နက်တစ်ခုဖြစ်သည်ဟု ယူကရိန်းစစ်ပွဲကို ကြီးကြပ်ရသော ဗိုလ်ချုပ်ကြီးများနှင့် ပြုလုပ်ခဲ့သည့် ကွပ်ကဲရေးဌာနအစည်းအဝေးတွင် ရှေ့တန်းစစ်မြေပြင်သုံး ယူနီဖောင်းကို ဝတ်ဆင်ထားသည့် ပူတင်က ပြောကြားခဲ့ကြောင်း တနင်္ဂနွေနေ့က ခရမ္မလင်၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

ရုရှားပညာရှင်အချို့က ထိုလက်နက်သည် လုံးဝဖြစ်နိုင်ဖွယ်ရာမရှိဟု တစ်ချိန်က သူ့ကိုပြောကြားခဲ့ကြသော်လည်း ယခုတွင်မူ လက်နက်၏ အရေးကြီးသောစမ်းသပ်မှုကို ပြီးမြောက်အောင်မြင်ခဲ့ပြီဟု ပူတင်က ပြောကြားခဲ့သည်။

Ref: အက်စ်စီအမ်ပီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မရမ်းကုန်းမြို့နယ်တွင် ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများက အခမဲ့ ကွင်းဆင်းဆေးကုသပေးမည်

လာမည့် ၂၀၂၆ ခုနှစ် ဇွန်လ ၁၈ ရက် ကြာသပတေးနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၌ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း၍ အခမဲ့ ဆေးကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆေးကုသမှုအစီအစဉ်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးရောဂါကုဆေးရုံကြီး၊ ရန်ကုန်ကလေးဆေးရုံကြီး၊ မျက်စိဆေးရုံကြီး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ လည်ပင်းနှင့် ဦးခေါင်းဆေးရုံကြီး၊ စိတ်ကျန်းမာရေးဆေးရုံကြီးနှင့် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မည်သူမဆို နံနက် ၈ နာရီမှစတင်ကာ လာရောက်ပြသနိုင်မည်ဖြစ်သည်။ ထိုသို့ ဆေးကုသပေးရာတွင် အထွေထွေအထူးကု၊ ဆီးချိုနှင့် ဟော်မုန်းအထူးကု၊...

နှစ်နိုင်ငံ သဘောတူညီချက်ကို ဒီ‌နေ့ လက်မှတ်ထိုးမယ်လို့ ထရမ့်ကပြောပေမဲ့ အီရန်ဘက်ကတော့ အချိန်နဲ့ပတ်သက်ပြီး ငြင်းဆိုထား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်စစ်ပွဲကို ရပ်တန့်ဖို့ သဘောတူညီချက်ကို တနင်္ဂနွေနေ့မှာတင် လက်မှတ်ထိုးနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အီရန်ဘက်ကတော့ အဲဒီအချိန်ဇယားကို လက်မခံဘဲ လက်မှတ်ထိုးဖို့ဟာ "လာမယ့်ရက်ပိုင်းအတွင်း" ဖြစ်လာနိုင်တယ်လို့သာ ဆိုပါတယ်။ သဘောတူညီချက် ရသွားရင် ဟော်မုဇ်ရေလက်ကြားကို "လူတိုင်းအတွက် ဖွင့်ပေးမယ်" လို့ ထရမ့်က ပြောပြီး အီရန်ရဲ့ နျူကလီးယားပစ္စည်းတွေကို အမေရိကန်က နောက်ဆုံးမှာ ရယူသွားနိုင်မယ်လို့လည်း ကြွေးကြော်ထားပြန်ပါသေးတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ လက်ဘနွန်အထိ အကျုံးဝင်ရမယ်လို့ အီရန်ဘက်က တောင်းဆိုထားပေမဲ့ အစ္စရေးတပ်ဖွဲ့တွေကတော့ တိုက်ခိုက်မှုတွေကို ဆက်လုပ်နေတာကြောင့် လက်ဘနွန်တောင်ပိုင်းမှာ ပေါက်ကွဲမှုတွေ...

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အဏုမြူရောင်ခြည် SPECT-CT စက်သစ် ထပ်မံတပ်ဆင်မည်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေကုသနိုင်သည့် SPECT-CT စက်သစ်တစ်လုံးကို ယခုနှစ်အတွင်း ထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါရှာဖွေရာ၌ ခေတ်မီစက်ကြီးများဖြစ်သည့် SPECT-CT နှင့် PET-CT စက်များကို အသုံးပြု၍ ရောဂါအမျိုးအစားအလိုက် ခွဲခြားစစ်ဆေးပေးလျက်ရှိသည်။ ထို့ပြင် သိုင်းရွိုက်၊ အရိုး၊ ကျောက်ကပ်၊ ပါရာသိုင်းရွိုက်၊ အသည်းနှင့် သရက်ရွက်၊ သည်းခြေလမ်းကြောင်းနှင့် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါများကို အဏုမြူရောင်ခြည်ဆေးရည်အသုံးပြုကာ ရှာဖွေကုသပေးနေပြီး ကင်ဆာရောဂါဆိုင်ရာ စမ်းသပ်ရှာဖွေမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ SPECT-CT စက်သည် အဏုမြူရောင်ခြည်ဆေးရည်ကို အသုံးပြု၍ အရိုး၊ ကျောက်ကပ်၊ သိုင်းရွိုက်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071