Monday, August 11, 2025

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးဧက ၁၁ သိန်းကျော်...

ယခုနှစ်မိုးရာသီတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးဧက (၁၁) သိန်းကျော် စိုက်ပျိုးရန်လျာထားပြီး (၁၀) သိန်းကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ တိုင်းဒေသကြီးအတွင်း၌ စပါးကို ဒဂုံမြို့သစ်၊...

အထည်ချုပ်လုပ်ငန်းများမှ အမေရိကန်ဒေါ်လာသန်း တစ်ထောင်ကျော်ရရှိထားယခင်နှစ်ထက် သန်း...

ယခု ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဇွန်လအထိပြည်ပသို့ အထည်ချုပ်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁၂၁၇ ဒသမ ၄၄၈) သန်းရရှိထားကြောင်း သိရသည်။ ယခင်နှစ်ကာလထက်...

မန္တလေးမြို့တွင် ရဟန်း၊ သာမဏေ၊ သီလရှင်...

မန္တလေးမြို့တွင် ရဟန်း၊ သာမဏေ၊ သီလရှင် (၄၅,၇၃၈)ပါးတို့အတွက် ဆွမ်းနှင့်ဆက်စပ်သည့်ဆွမ်းဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်များကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းခဲ့ကြောင်း သိရသည်။ မန္တလေးမြို့ပေါ်...

ဇူလိုင်အတွင်းပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သိန်းကျော်တင်ပို့

ပြီးခဲ့သည့် ဇူလိုင်လတစ်လတာကာကလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သိန်းသုံးသောင်းကျော် တင်ပို့ထားပြီး တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ထားနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ ဇူလိုင်လအတွင်း အမေရိကန်ဒေါ်လာ (၇၇)သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန်...
HomeInternationalနျူစက်ရုံအားသိမ်းယူရန် ယူကရိန်း၏ ကြိုးပမ်းမှုကိုပျက်ပြယ်စေခဲ့ဟု...

နျူစက်ရုံအားသိမ်းယူရန် ယူကရိန်း၏ ကြိုးပမ်းမှုကိုပျက်ပြယ်စေခဲ့ဟု ရုရှားဆို

နျူစက်ရုံအားသိမ်းယူရန် ယူကရိန်း၏ ကြိုးပမ်းမှုကိုပျက်ပြယ်စေခဲ့ဟု ရုရှားဆို


ယူကရိန်းတပ်ဖွဲ့ဝင်များသည် ဇာပိုရီရှိအာနျူဓာတ်အားပေးစက်ရုံအား စက်တင်ဘာ ၂ ရက် သောကြာနေ့ညကတိုက်ခိုက်သိမ်းပိုက်ရန်ကြိုးစားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ၎င်း၏နေ့စဉ်သတင်းစာ ရှင်းလင်းပွဲ၌ စနေနေ့ကပြောကြားခဲ့သည်။

ယူကရိန်းရေတပ်မှ တပ်ဖွဲ့ဝင် ၂၅၀ ကျော်ရှိသောတပ်ဖွဲ့သည် သောကြာနေ့ ဒေသစံတော်ချိန် ည ၁၁ နာရီဝန်းကျင်တွင် ယူကရိန်းတောင်ပိုင်း ဇာပိုရီရှီအာစက်ရုံအနီးရှိ ရေကန်တစ်ခု၏ကမ်းစပ်နားတွင် ဆင်းရန် ကြိုးပမ်းခဲ့ကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။

ဇာပိုရီရှီအာနျူကလီးယားဓာတ်အားပေးစက်ရုံတွင် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (အိုင်အေအီးအေ) မှ ကိုယ်စားလှယ်များ ရှိနေသော်လည်း ကိဗ်အစိုးရက အဆိုပါ စက်ရုံအား ထပ်မံသိမ်းယူရန်ကြိုးပမ်းခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ရုရှားတပ်ဖွဲ့များသည် စစ်ရဟတ်ယာဉ်များနှင့် တိုက်လေယာဉ်များဖြင့် ယူကရိန်း၏ တိုက်ခိုက်ရန်ကြိုးပမ်းမှုကို တားဆီးနိုင်ခဲ့ကြောင်းပြောကြားခဲ့သည်။အဆိုပါတိုက်ခိုက်မှုကြောင့် ယူကရိန်းရေယာဉ် အစီး ၂၀ ပျက်စီးသွားကာ တပ်ဖွဲ့ဝင်များလူစုကွဲသွားစေပြီးယူကရိန်း၏ တိုက်ခိုက်ရန်ကြိုးပမ်းမှုကိုဟန့်တားခဲ့သည်ဟုဆိုသည်။

သို့သော်ရိုက်တာသတင်းဌာနအနေဖြင့် အဆိုပါသတင်းအားသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။မကြာသေးမီကာလများအတွင်း မော်စကိုနှင့်ကိဗ်တို့သည် ဥရောပ၏အကြီးဆုံး နျူဓာတ်အားပေးစက်ရုံအား တိုက်ခိုက်မှုနှင့်ပတ်သက်၍ အပြန်အလှန်စွပ်စွဲလျက်ရှိကြသည်။

အဆိုပါစက်ရုံအား မတ်လကရုရှားတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သော်လည်း ယူကရိန်းဓာတ်အားလိုင်းနှင့် ချိတ်ဆက်ထားဆဲဖြစ်ပြီး ယူကရိန်းဝန်ထမ်းများနှင့်သာ လည်ပတ်နေဆဲဖြစ်သည်ဟုဆိုသည်။

ဥရောပတိုက်တွင် ရှာနိုဘိုင်းလ်ပုံစံနျူကလီးယား ဘေးအန္တရာယ်ကို ဖြစ်ပေါ်စေနိုင်သည်ဟူသော စိုးရိမ်မှုများကြောင့် အိုင်အေအီးအေသည် ယခုသီတင်းပတ်အတွင်း နျူကလီးယားစက်ရုံသို့ မစ်ရှင်တစ်ခု စေလွှတ်ခဲ့သည်။

ယူကရိန်းနှင့်ရုရှားနှစ်ဘက်စလုံးက ၎င်းတို့ကြားအခြေနေမှာတင်းမာလျက်ရှိပြီး နျူကပ်ဆိုးအန္တရာယ်ဖြစ်နိုင်ချေလည်းမြင့်မားသည်ဟုဆိုသည်။ရုရှားသည် အဆိုပါစက်ရုံအား လက်နက်ကြီးဖြင့်ပစ်ခတ်ခံရခြင်းရန်မှကာကွယ်နိုင်သည့် အခြေစိုက်စခန်းအဖြစ်အသုံးပြုနေသည်ဟု ယူကရိန်းနှင့်အနောက်နိုင်ငံများကဆိုကြသည်။

ရုရှားနိုင်ငံမှကာကွယ်ရေးဝန်ကြီး Sergei Shoigu ကမူ ရုရှားအ‌နေဖြင့် ဓာတ်အားပေးစက်ရုံနှင့်အနီးတွင် လက်နက်ကြီးများ တပ်ဆင်ထားခြင်းမရှိကြောင်းဆိုကာ ယူကရိန်းသည်သာ အဆိုပါစက်ရုံအား ၎င်း၏ တိုက်ခိုက်မှုမှတစ်ဆင့် နျူအကြမ်းဖက်မှု ကျူးလွန်ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

ရုရှားသိမ်းပိုက်ထားသော ဇာပိုရီရှီအာတွင် ရုရှား က ခန့်ထား‌ သောအစိုးရ၏ ကိုယ်စားလှယ်တစ်ဦးကမူ စက်ရုံ၏အခြေအနေသည် စနေနေ့နံနက်တွင် ငြိမ်သက်သွားခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source -Reuters/ic

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးဧက ၁၁ သိန်းကျော် စိုက်ပျိုးရန်လျာထားရေဆင်းမှထုတ်လုပ်သည့် အောင်နိုင်တိုးမျိုးစပါးသစ် စတင်စိုက်ပျိုး

ယခုနှစ်မိုးရာသီတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးဧက (၁၁) သိန်းကျော် စိုက်ပျိုးရန်လျာထားပြီး (၁၀) သိန်းကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ တိုင်းဒေသကြီးအတွင်း၌ စပါးကို ဒဂုံမြို့သစ်၊ သန်လျင်၊ တွံတေး၊ မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီး၊ မင်္ဂလာဒုံ၊ အင်းစိန်နှင့် အလုံစသည့် ခရိုင်တို့တွင် စိုက်ပျိုးကြပြီး အထွက်နှုန်းကောင်းမျိုးများဖြစ်သည့် မနောသုခ၊ ဆင်းသုခ၊ ရက်-၉၀၊ ရာကျော်၊ ရွှေဝါထွန်း၊ မှော်ဘီ-၃၊ အောင်နိုင်တိုး မျိုးစပါးအုပ်စုများနှင့် ဒေသမျိုးများဖြစ်သည့် ငစိန်၊ မြီးတုံး၊ ကောက်ညှင်း စသည့်မျိုးစပါးအုပ်စုများကို ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အဖြစ်...

အထည်ချုပ်လုပ်ငန်းများမှ အမေရိကန်ဒေါ်လာသန်း တစ်ထောင်ကျော်ရရှိထားယခင်နှစ်ထက် သန်း နှစ်ရာနီးပါးပို

ယခု ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဇွန်လအထိပြည်ပသို့ အထည်ချုပ်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁၂၁၇ ဒသမ ၄၄၈) သန်းရရှိထားကြောင်း သိရသည်။ ယခင်နှစ်ကာလထက် အမေရိကန်ဒေါ်လာ (၁၇၁ ဒသမ ၃၄ ၇) သန်း ပိုမိုရရှိခဲ့ကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် အထည်ချုပ်လုပ်ငန်းကို ပြည်ပမှ ကုန်ကြမ်းသွင်းကာ ပြည်တွင်း၌ ပြန်လည်ချုပ်လုပ်သည့် CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ယင်းကဲ့သို့ လက်ခစားစနစ်ဖြင့် မြန်မာနိုင်ငံသို့ အော်ဒါမှာယူနေသာ အများဆုံး (၁၀)နိုင်ငံစာရင်းတွင် အီးယူ (ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ)၊ ဂျပန်၊ ကိုရီးယား၊...

မန္တလေးမြို့တွင် ရဟန်း၊ သာမဏေ၊ သီလရှင် (၄)သောင်းကျော်အတွက် ဆွမ်းနှင့်ဆက်စပ်သည်များလှူဒါန်း

မန္တလေးမြို့တွင် ရဟန်း၊ သာမဏေ၊ သီလရှင် (၄၅,၇၃၈)ပါးတို့အတွက် ဆွမ်းနှင့်ဆက်စပ်သည့်ဆွမ်းဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်များကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းခဲ့ကြောင်း သိရသည်။ မန္တလေးမြို့ပေါ် (၇)မြို့နယ်ရှိ ကျောင်းတိုက်များ၌ ဝါဆို၊ ဝါကပ်တော်မူသည့် ရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် လှူဒါန်းခဲ့ခြင်းလည်း ဖြစ်သည်။ လှူဒါန်းမှုကို ဩဂုတ်လ (၉)ရက်က အောင်မြေသာစံမြို့နယ်ရှိ အတုမရှိကျောင်းတော်ကြီး၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သံဃမဟာနယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်ကြီးအမှူးပြုသည့် သံဃာတော် (၄၅)ပါး ကြွရောက်တော်မူပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့လည်း တက်ရောက်ခဲ့သည်။ လှူဒါန်းရာ၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က စုစုပေါင်းတန်ဖိုး ကျပ်သိန်း (၈၈၀၀)ကျော်ရှိသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071