ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ နောင်တောင်းဗုဒ္ဓကောလိပ်နှင့် ပြည်တွင်း/ပြည်ပတက္ကသိုလ်များမှဘွဲ့ရ သံဃာတော်များနှင့် ကျောင်းသား၊ ကျောင်းသူများကို မေ ၂၅ ရက်မွန်းတည့် ၁၂ နာရီက နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်အခမ်းအနားဖြင့် ဘွဲ့လက်မှတ်များပေးအပ်ချီးမြှင့်ခဲ့သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီနှင့် တာဝန်ရှိသူများက နိုင်ငံတော်အစိုးရနှင့် ဝိုင်အမ်ဘီအေအဖွဲ့ကြီးမှ ကပ်လှူပူဇော်သောဘွဲ့ခံဆရာတော်များအား ဘွဲ့တံဆိပ်တော်များနှင့် အလှူငွေများကိုဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့ပြင် ပြည်တွင်း/ပြည်ပ တက္ကသိုလ်အသီးသီးမှ (ဘီအေ/အမ်အေ၊ ဒီပလိုမာ)ဘွဲ့ရသံဃာတော်များနှင့် ကျောင်းသား၊ ကျောင်းသူများ၊ နောင်တောင်းဗု ဒ္ဓကောလိပ်၊ ဗုဒ္ဓဓမ္မလောကဟိတ(ဘီအေ)ဘွဲ့ရသံ ဃာတော်များနှင့် ကျောင်းသား၊ ကျောင်းသူများ၊ နောင်တောင်းဗုဒ္ဓကောလိပ်၊ ဗုဒ္ဓဓမ္မလောကဟိတ (ဒီပလိုမာ)ဘွဲ့ရ သံဃာတော်များနှင့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဘွဲ့လက်မှတ်များအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။