နောင်ချိုမြို့မှ နေအိမ်များကိုစွန့်ခွာ၍ ယာယီတိမ်းရှောင်နေရသည့် ဒေသခံများသည် တပ်မတော်မှ နောင်ချိုမြို့အား ပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။
ဒေသခံများယာယီတိမ်းရှောင်နေစဥ် ၎င်းတို့၏ သန်းခေါင်စာရင်းများ၊ မှတ်ပုံတင်များ ပျေ-ာက်ဆုံး/ပျ-က်စီးမှုဖြစ်ပေါ်ခဲ့ရသူများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နောင်ချိုမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဇူလိုင် ၂၁ ရက်မှစ၍ နောင်ချိုမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇူလိုင် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် နောင်ချိုမြို့သို့ ပြန်လည်ဝင်ရောက်လာသူများအနက် ဒေသခံ(၆၀) ဦးကို လိုအပ်သောစာရွက်စာတမ်းများနှင့် ကိုယ်ရေးအချက်အလက်များဖြည့်သွင်းကာ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်များကို ထုတ်ပေးခဲ့ပြီး ယင်းသို့ ဆောင်ရွက်မှုအား စဉ်ဆက်မပြတ်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှလည်း နောင်ချိုမြို့ခရီးစဥ်၌ ယခုနှစ် ဒီဇင်ဘာလအတွင်းကျင်းပမည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာတွင် မဲပေးပိုင်ခွင့်ရှိသည့် မည်သူမဆို ပါဝင်မဲပေးခွင့်ရရှိရန်လိုအပ်သည့် မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများကို အကြောင်းအမျိုးမျိုးကြောင့်ပျေ-ာက်ဆုံးခဲ့ပါက သက်ဆိုင်ရာဝန်ကြီးဌာနမှ ဝန်ထမ်းများက အမြန်ဆုံးပြန်လည်ပြုလုပ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။
