လာမည်ရွေးကောက်ပွဲတွင် နောင်ချိုမြို့နယ်အတွင်းရှိ မဲပေးခွင့်ရရှိသူအားလုံး မဲပေးနိုင်စေရန် လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများကို အမြန်ဆုံး ပြန်လည်ပြုလုပ်ပေးမည်ဖြစ်ကြောင်း နစက ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
ယမန်နေ့ ဇူလိုင်(၂၁)ရက်က ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နောင်ချိုမြို့သို့ သွားရောက်စဉ်အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခုနှစ်ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကို အောင်မြင်စွာကျင်းပသွားမည်ဖြစ်ကြောင်းနှင့် မဲပေးပိုင်ခွင့်ရှိသည့် မည်သူမဆို ပါဝင်မဲပေးခွင့်ရရှိရန် လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုစာရင်းများကို အကြောင်းအမျိုးမျိုးကြောင့် ပျေ-ာက်ဆုံးခဲ့လျှင်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများက အမြန်ဆုံးပြုလုပ်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် အစိုးရအုပ်ချုပ်မှုယန္တယား အမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေး နှင့် မြို့နယ်ရပ်ကွက်ကျေးရွာအလိုက် အဆင့်ဆင့် ပြန်လည်ဖွဲ့စည်းဆောင်ရွက်ရန်နှင့် မကြာမီကျင်းပမည် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်ဆုံးရှုံးမှုမရရှိရေး လိုအပ်သည်များ ကြိုတင်စီစဉ်ဆောင်ရွက်သွားရန်လည်း ပြောကြားခဲ့ကြောင်း သိရသည်။
လာမည်ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာလ နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အသိပေးထားသည်။
