ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ အသက် (၁၅) နှစ်အောက်ကလေးများအား အသက်အရွယ် အလိုက် လိုအပ်သောကာကွယ်ဆေးများကို (Special Immuniza tion Activities) အထူးအစီအစဥ် နှင့် အမီလိုက် (Big Catc hup) နည်းလမ်းများဖြင့် ထိုးနှံ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
ကျန်းမာရေး ဝန်ကြီးဌာနသည် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများပိုမိုဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနအောက်ရှိ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲ (၂၄) ခု ပြန်လည်ဖွင့်လှစ်ပြီး အားဖြည့်ဆောင်ရွက်လျက်ရှိသည်။
နောင်ချိုမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများအား အခြေခံကျန်းမာရေး ဝန်ထမ်းများသည် ကွင်းဆင်း၍ ကျန်းမာရေးပညာပေးခြင်းလုပ်ငန်း၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းနှင့် အသက် (၅) နှစ်အောက်နှင့် ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများ ဖြစ်ပွားနိုင်ခြေများပြီး အစုအဝေးဖြင့် နေထိုင်သောနေ ရာများမှ အသက်အရွယ်အလိုက် လိုအပ်သော ကာကွယ် ဆေး များမရရှိခဲ့သည့် အသက် (၁၅) နှစ်အောက်ကလေးများအား အသက်အရွယ်အလိုက် လိုအပ်သော ကာကွယ် ဆေးများ အထူးအစီအစဉ်ဖြင့် ထိုးနှံတိုက်ကျွေးခြင်းလုပ် ငန်း (Special Immunization Activities)နှင့် အမီလိုက် (Big Catchup) နည်းလမ်းတို့ဖြင့် ထိုးနှံပေး၊ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇူလိုင် (၂၅) ရက်မှ ဩဂုတ် (၃၀) ရက်အထိ အခြေခံကျန်းမာရေးဝန်ထမ်းများသည် နောင်ချိုမြို့ပေါ်နှင့် ကျေးရွာများရှိ ကျောင်းပေါင်း (၇၆)ကျောင်းနှင့် ကျောင်းသားပေါင်း (၁၂၁၇၈) ဦးအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်း မာရေးအသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့ပေါ်နှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် ဒေသခံတို င်းရင်းသားပြည်သူ စုစုပေါင်း (၁၈၁၆) ဦးအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် အသက် (၅) နှစ် အောက်နှင့် အသက်အရွယ်အလိုက် လိုအပ်သော ကာကွယ်ဆေးများမရရှိခဲ့သည့် အသက် (၁၅) နှစ်အောက်ကလေး (၂၈၁၂) ဦးအား လိုအပ်သော ကာကွယ် ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
