Saturday, May 30, 2026

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့...

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းရှိ...
HomeNewsLocal Newsနေပြည်တော် လက်လုပ်တောင်တောရရှိ ရွှေနန်းသွင်းစေတီတော်မြတ်ကြီးအား...

နေပြည်တော် လက်လုပ်တောင်တောရရှိ ရွှေနန်းသွင်းစေတီတော်မြတ်ကြီးအား သီတင်းကျွတ်လပြည့်ည၌ဆီမီး(၁၀၀၀)ထွန်းညှိပူဇော်မည်

နေပြည်တော်၊လက်လုပ်တောင်တောရရှိ ရွှေနန်းသွင်းစေတီတော်မြတ်ကြီးအား အောက်တိုဘာ ၂၉ ရက်(သီတင်းကျွတ်လပြည့်ည)ည ၆ နာရီမှစတင်၍ ဆီမီး(၁၀၀၀)ထွန်းညှိပူဇော်သွားမည်ဖြစ် သည်။

ဆီမီး(၁၀၀၀)ထွန်းညှိပူဇော်ခြင်းနှင့်အတူ မဟာသမယသုတ်၊ပရိတ်၊ပဋ္ဌာန်းတရားတော်များရွတ် ဖတ်သရဇ္ဈာယ်ခြင်းများဖြင့်လည်း ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်လုပ်တောင်တောရ၊ခေါင်နန်းဓမ္မာရုံတွင် ဆရာတော်၊သံဃာတော်အပါး ၃၀ ၏ ပဝါရ ဏာပြုကုသိုလ်ပွဲကိုလည်း အောက်တိုဘာ ၂၉ ရက်(သီတင်းကျွတ်လပြည့်နေ့)မွန်းတည့် ၁၂ နာ ရီမှစတင်၍ ကျင်းပသွားမည်ဖြစ်သည်။

ပဝါရဏာပြုကုသိုလ်ပွဲတွင် လက်လုပ်တောင်တောရဆရာတော်ဦးခေမာစာရဦးစီး၍ ဆရာ တော်၊သံဃာတော် အပါး ၃၀ ပဝါရဏာပြုကြမည်ဖြစ်ကာ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများလည်းပြုလုပ်သွားမည်ဖြစ်သည်။

ပဝါရဏာပြုကုသိုလ်ပွဲ၌ နေ့လယ် ၁ နာရီတွင် ပဝါ ရဏာပြုမည့် ဆရာတော်၊သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူ၍ လက်လုပ်တောင်တောရဆရာတော်မှ အနုမောဒနာတရား ဟောကြားကာ အမျှပေးဝေသွားမည်ဖြစ်သည်။

စတုဒိသာကျွေးမွေးလှူဒါန်းရာ၌ မွန်းတည့် ၁၂ နာ ရီတွင် လက်လုပ်တောင်တောရဆရာတော်နှင့်တပည့်သာဝကများမှ ဟင်္သာတမုန့်ဟင်းခါး၊ နေ့ လယ် ၃ နာရီမှညနေ ၅ နာရီအထိအား “ဆုလာဘ်ပိုင”ကုမ္ပဏီမိသားစု၊ Linn IT & Mobile mart (Naypyitaw) မိသားစု၊ “ရှင်းသန့်သစ္စာ” ကုမ္ပ ဏီမိသားစု၊ မမာလာ၊ မအေးဖြူ၊ မရွှန်း၊ မဇာ၊ မဝေဖြာ၊ မမီ မိသားစုတို့မှ ကြာဇံဟင်းခါး၊မုန့်လက်ဆောင်း၊ကောက်ညှင်းပေါင်း၊အကြော်စုံ၊ကော်ဖီနှင့်မြန်မာမုန့်မျိုးစုံတို့ကို ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုသည် ညနေ ၄ နာရီ ၃၆ မိနစ် ၄၈ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမှဝန်ထမ်းများနှင့် ပညာတော်သင်များကိုတွေ့ဆုံ

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို မြန်မာသံရုံး၌တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာသံရုံး၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်လက်မှတ်ရေးထိုးပြီး ဩဝါဒစ ကားပြောကြားကာအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတည်ခင်းဧည့်ခံသည့် ညစာစားပွဲကို တက်ရောက်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့ မေ ၃၀ ရက်တွင် လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးတို့ သည် နှစ်နိုင်ငံအကျိုးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071