Monday, August 3, 2026

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုတွင် စပါးခင်းများရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာဘောင်ကျိုး၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၃)သောင်းကျော်အနက် အချို့ မိုးစပါးစိုက်ဧက(၁)သောင်းကျော်၏ စပါးပင်များရေနစ်မြုတ်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများမှ...

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES...

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က...

International Youth Day 2026...

ရန်ကုန်၊ ဩဂုတ် ၃ International Youth Day 2026 အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်ပြသရန်နှင့် လူငယ်ထုကြား အမှန်တကယ် လိုအပ်နေသည့်...
HomeNewsLocal Newsနေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ၈...

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ၈ ခုမှ မြန်မာနိုင်ငံသား ၂၀၀ ကျော် ထိုင်းနိုင်ငံ ပကျွတ်ခီရီခရမ်ခရိုင်တွင်ဖမ်းဆီးခံရ

(Unicode)

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ၈ ခုမှ မြန်မာနိုင်ငံသား ၂၀၀ ကျော် ထိုင်းနိုင်ငံ ပကျွတ်ခီရီခရမ်ခရိုင်တွင်ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ခဲ့သည့် နေပြည်တော်၊ပဲခူး၊မွန်ပြည်နယ်၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊မန္တလေးတိုင်းနှင့်ရခိုင်ပြည်နယ်တို့မှ မြန်မာနိုင်ငံသား ၂၁၈ ဦးအား ဖေဖော်ဝါရီ ၁၉ ရက်တွင် ထိုင်းဘုရင့်တပ်မတော်မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံသား ၂၁၈ ဦးသည် ပကျွတ်ခီရီခရမ်ခရိုင်အတွင်းရှိ တရားမဝင်နယ်စပ်လမ်း ကြောင်းမှတဆင့်ဝင်ရောက်ခဲ့သူများဖြစ်ပြီး ယင်ခရိုင်အတွင်း၌ပင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။

“မြန်မာအလုပ်သမားတွေထိုင်းကိုလာရောက်ရတဲ့အကြောင်းရင်းကိုနားလည်ပေမယ့် တစ်ခုအသိ ပေးချင်တာက ထိုင်းနိုင်ငံဟာ ဟိုးအရင်ကလိုခေတ်မကောင်းတော့ပါဘူး လာမယ်ဆိုရင်လည်း တရားဝင်ပဲလာစေချင်ပါတယ်”ဟုထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးဆောင် ရွက်ပေးနေသူတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၂၁၈ ဦးသည် ပွဲစားများအား တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၀၀၀၀ မှ ၂၅၀၀၀ အထိပေးချေကာ တရားမဝင်နယ်စပ်လမ်းကြောင်းများမှတဆင့် ထိုင်းနိုင်ငံအ တွင်းရှိ နေရာအသီးသီး၌အလုပ်လုပ်ကိုင်ရန်ဝင်ရောက်လာကြသူများဖြစ်ကြောင်း သိရသည်။

“ပွဲစားတွေရဲ့စကားကိုနားမယောင်တာအကောင်းဆုံးပဲ အခုတော့ ပိုက်ဆံလည်းဆုံးတယ် အဖမ်းလည်းခံရတယ် ဥပဒေအရလည်းအရေးယူခံရတော့မယ် အဘက်ဘက်ကနစ်နာရတာတွေကြီးပဲ”ဟုမြန်မာအလုပ်သမားများအရေးဆောင်ရွက်ပေးနေသူကပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသား ၂၁၈ ဦးအား ထိုင်းကျန်းမာရေးဝန်ထမ်းများက ကိုဗစ်(၁၉) ရောဂါပိုးရှိ၊မရှိနှင့် လိုအပ်သည့်ကျန်းမာရေးစစ် ဆေးမှုများပြုလုပ်ကာ ထိုင်းနိုင်ငံဥပဒေအရအ ရေးယူရန် သက်ဆိုင်ရာရဲတပ်ဖွဲ့သို့လွှဲပြောင်းခဲ့သည်ဟု သိရသည်။

(Zawgyi)

ေနျပည္ေတာ္အပါအဝင္ တိုင္းႏွင့္ျပည္နယ္ ၈ ခုမွ ျမန္မာႏိုင္ငံသား ၂၀၀ ေက်ာ္ ထိုင္းႏိုင္ငံ ပကြၽတ္ခီရီခရမ္ခ႐ိုင္တြင္ဖမ္းဆီးခံရ

ထိုင္းႏိုင္ငံအတြင္းသို႔ တရားမဝင္ဝင္ေရာက္ခဲ့သည့္ ေနျပည္ေတာ္၊ပဲခူး၊မြန္ျပည္နယ္၊ရန္ကုန္တိုင္း၊ဧရာဝတီတိုင္း၊တနသၤာရီတိုင္း၊မႏၲေလးတိုင္းႏွင့္ရခိုင္ျပည္နယ္တို႔မွ ျမန္မာႏိုင္ငံသား ၂၁၈ ဦးအား ေဖေဖာ္ဝါရီ ၁၉ ရက္တြင္ ထိုင္းဘုရင့္တပ္မေတာ္မွ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

အဆိုပါ ျမန္မာႏိုင္ငံသား ၂၁၈ ဦးသည္ ပကြၽတ္ခီရီခရမ္ခ႐ိုင္အတြင္းရွိ တရားမဝင္နယ္စပ္လမ္း ေၾကာင္းမွတဆင့္ဝင္ေရာက္ခဲ့သူမ်ားျဖစ္ၿပီး ယင္ခ႐ိုင္အတြင္း၌ပင္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ ေၾကာင္း သိရသည္။

“ျမန္မာအလုပ္သမားေတြထိုင္းကိုလာေရာက္ရတဲ့အေၾကာင္းရင္းကိုနားလည္ေပမယ့္ တစ္ခုအသိ ေပးခ်င္တာက ထိုင္းႏိုင္ငံဟာ ဟိုးအရင္ကလိုေခတ္မေကာင္းေတာ့ပါဘူး လာမယ္ဆိုရင္လည္း တရားဝင္ပဲလာေစခ်င္ပါတယ္”ဟုထိုင္းႏိုင္ငံေရာက္ ျမန္မာအလုပ္သမားမ်ားအေရးေဆာင္ ႐ြက္ေပးေနသူတစ္ဦးကေျပာသည္။

ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသား ၂၁၈ ဦးသည္ ပြဲစားမ်ားအား တစ္ဦးလ်င္ ထိုင္းဘတ္ေငြ ၂၀၀၀၀ မွ ၂၅၀၀၀ အထိေပးေခ်ကာ တရားမဝင္နယ္စပ္လမ္းေၾကာင္းမ်ားမွတဆင့္ ထိုင္းႏိုင္ငံအ တြင္းရွိ ေနရာအသီးသီး၌အလုပ္လုပ္ကိုင္ရန္ဝင္ေရာက္လာၾကသူမ်ားျဖစ္ေၾကာင္း သိရသည္။

“ပြဲစားေတြရဲ႕စကားကိုနားမေယာင္တာအေကာင္းဆုံးပဲ အခုေတာ့ ပိုက္ဆံလည္းဆုံးတယ္ အဖမ္းလည္းခံရတယ္ ဥပေဒအရလည္းအေရးယူခံရေတာ့မယ္ အဘက္ဘက္ကနစ္နာရတာေတြႀကီးပဲ”ဟုျမန္မာအလုပ္သမားမ်ားအေရးေဆာင္႐ြက္ေပးေနသူကေျပာသည္။

ဖမ္းဆီးခံခဲ့ရသည့္ ျမန္မာႏိုင္ငံသား ၂၁၈ ဦးအား ထိုင္းက်န္းမာေရးဝန္ထမ္းမ်ားက ကိုဗစ္(၁၉) ေရာဂါပိုးရွိ၊မရွိႏွင့္ လိုအပ္သည့္က်န္းမာေရးစစ္ ေဆးမႈမ်ားျပဳလုပ္ကာ ထိုင္းႏိုင္ငံဥပေဒအရအ ေရးယူရန္ သက္ဆိုင္ရာရဲတပ္ဖြဲ႕သို႔လႊဲေျပာင္းခဲ့သည္ဟု သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုတွင် စပါးခင်းများရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုအတွက် စိုးရိမ်စရာမရှိ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာဘောင်ကျိုး၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၃)သောင်းကျော်အနက် အချို့ မိုးစပါးစိုက်ဧက(၁)သောင်းကျော်၏ စပါးပင်များရေနစ်မြုတ်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများမှ စပါးပင်များရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုသည်(၄၇၃)ရာခိုင်နှုန်းကျော်ရှိနေ၍ ဆန်ဖူလုံမှုအတွက်စိုးရိမ်ပူပန်စရာမရှိဟု တိုင်းအစိုး ရအဖွဲ့ကအသိပေးထားကြောင်း သိရသည်။ ထို့ပြင် စပါးပင်များသည် ရေနစ်မြုပ်မှုအား(၁၄)ရက်ခန်ခံနိုင်ရည်ရှိရာ လက်ရှိကာအတွင်း ရေပြန်လည်ကျဆင်းသွားပါက စပါးပင်များထိခိုက်မှုမရှိနိုင်ကြောင်း တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်း၌ မိုးစပါးအားစိုက်ဧက(၃ ဒသမ ၇)သန်းတွင်စိုက်ပျိုးထား၍ လေးမျက်နှာမြို့နယ်၏ မိုးစပါးစိုက်ဧကများအတွင်းရေနစ်မြုပ်မှုသည် တိုင်းစပါးစိုက်ဧက၏(၀ ဒသမ ၃၁)ရာခိုင်နှုန်းသာရှိရာ မိုးစပါးစိုက်ပျိုးမှုအပေါ် ကြီးမားသည့်ထိခိုက်မှုမရှိနိုင်ဟု တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES မှ သုံးရက်ကြာ သင်တန်းပြုလုပ်မည်

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES) က သဘာဝပတ်ဝန်းကျင်အရေး၊ အလင်းညစ်ညမ်းမှု (Light Pollution) နှင့် အာကာသခရီးသွားလုပ်ငန်း (Astrotourism) တို့အပေါ် ကျိုးကြောင်းခိုင်လုံစွာ ဆွေးနွေးလိုသည့် စိတ်အားထက်သန်သော လူငယ်များအတွက် သုံးရက်ကြာ အခမဲ့သင်တန်း ပြုလုပ်မည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ သင်တန်းတွင် အလင်းညစ်ညမ်းမှုနှင့် ဂေဟစနစ် ထိခိုက်မှုများ၏ အခြေခံသဘောတရားများ၊ ရှုပ်ထွေးမှုများနှင့် လက်တွေ့အသုံးချမှုများကို Public...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ နေပြည်တော် ဩဂုတ် ၃

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071