မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် နေပြည်တော်ရှိ ပျဥ်းမနားစိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၏ ရာပြည့်အဆောက်အအုံဖြစ်သော လယ်ယာစက်မှုဌာနအဆောက်အအုံသည်လည်း ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပျ-က်စီးမှုများအား လက်ရှိအချိန်၌ပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်မှ ဇူလိုင် ၄ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးပြီးနောက် ရာပြည့်အဆောက်အအုံအား ရှေးဟောင်းအဆောက်အအုံပြုပြင်မွမ်းမံခြင်းလုပ်ငန်းနှင့်အညီဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပထမအဆင့်ဆွေးနွေးရန် ပြည်ထောင်စုဝန်ကြီးကမှာကြားခဲ့သည်။
အဆိုပါ လယ်ယာစက်မှုဌာနအဆောက်အအုံ(ရာပြည့်အဆောက်အအုံ)အား ၁၉၂၃ ခုနှစ်တွင် စိုက်ပျိုးရေးကျောင်းသစ်အဖြစ်ဆောက်လုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကို သံဂဟေဆက်ခြင်း၊ ပန်းပဲလုပ်ငန်း၊ သစ်သားလုပ်ငန်းစသည့် လယ်ယာလုပ်ငန်းသုံးစက်မှုပညာရပ်များကို သင်ထောက်ကူပစ္စည်းအပြည့်အစုံဖြင့်သင်ကြားပေးခဲ့သည့်နေရာဖြစ်သည်။
ယင်း အဆောက်အအုံကြီးအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက နေပြည်တော်၏ ရှေးဟောင်းအဆောက်အအုံအမှတ် နပတ-၃၀၀၁ အ ဖြစ် ၂၀၂၃ ခုနှစ်တွင်သတ်မှတ်ထားခဲ့သည်။
