Monday, December 29, 2025

လင်းခေးမြို့တွင် ကျားဖြူပါတီမှ ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရ

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးမြို့နယ်တွင် ပြည်သူ့လွှတ်တော်နေရာအတွက် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ / SNDP) မှ စိုင်းဆေဟန် အနိုင်ရရှိခဲ့ကြောင်း အဆိုပါ ပါတီမှသိရသည်။ ၎င်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲ အပိုင်း (၃)...

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ကျင်းပခဲ့ပြီးဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း မဲရုံ (၁၃၁၃) ရုံ ဖွင့်လှစ်ပြီး မဲပေးမှုများလုပ်ဆောင်နိုင်ခဲ့ကြောင်း...

ရွေးကောက်ပွဲ အပိုင်း (၁) တွင်...

ဒီဇင်ဘာ (၂၈) ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲရေတွက်မှုရလဒ်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အသာစီးရနေကြောင်း မဲရေတွက်မှုရလဒ်များအရ...

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်းကို ရုရှားသံအမတ်ကြီး သင်ခန်းစာလာရောက်ပို့ချ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်-မြန်မာသံတမန်သင်တန်းကျောင်း (Myanmar Diplomatic Academy–MDA) ၌ ဖွင့်လှစ်လျက်ရှိသည့် သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်းကို မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander...
HomeNewsLocal Newsနေပြည်တော်ဘူတာကြီးကို နိုင်ငံတော် ယာယီသမ္မတကြည့်ရှုစစ်ဆေး

နေပြည်တော်ဘူတာကြီးကို နိုင်ငံတော် ယာယီသမ္မတကြည့်ရှုစစ်ဆေး

ဘူတာရုံအတွင်းရှိ လူသွားစင်္ကြံ အားအဆင့်မြှင့်တင်ရန်မှာကြား

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဒီဇင်ဘာ ၂၈ ရက်နံနက်ပိုင်းက နေပြည်တော်ဘူတာကြီးအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နေပြည်တော်မှ ရန်ကုန်သို့ထွက်ခွာမည့် ဒီဇယ်လျှပ်စစ်သုံး(DEMU)အစုန်ရထား ဘူတာရုံ၌ဆိုက်ကပ်ထားရှိမှုနှင့် ဘူတာရုံအတွင်းတို့အား နိုင်ငံတော် ယာယီသမ္မတမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော် ယာယီသမ္မတမှ ဘူတာရုံအတွင်းရှိ လူသွားစင်္ကြံအား အဆင့်မြှင့်တင်ရန်၊ ရထားဘူတာရုံအတွင်း သန့် ရှင်းသာယာလှပမှုရှိစေရေးနှင့် မျက်စိပ သာဒဖြစ်စေရေး၊ ရထားဝန်ထမ်းများနှင့် ခရီးသည်များ ၏ သွားလာနေထိုင်မှုများစည်းကမ်းစနစ်တကျဖြစ်စေရေး၊ ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော် ယာယီသမ္မတမှ ပုဗ္ဗသီရိမြို့နယ်အ တွင်း သန့် ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှု၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှုတို့ကိုလည်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လင်းခေးမြို့တွင် ကျားဖြူပါတီမှ ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရ

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးမြို့နယ်တွင် ပြည်သူ့လွှတ်တော်နေရာအတွက် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ / SNDP) မှ စိုင်းဆေဟန် အနိုင်ရရှိခဲ့ကြောင်း အဆိုပါ ပါတီမှသိရသည်။ ၎င်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာကျော်ထွန်းကို အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "မန္တလေးက မြို့နှစ်မြို့နဲ့ ရှမ်းပြည်က တစ်မြို့ ကျွန်တော်တို့အနိုင်ရထားပါတယ်။ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက်က မန္တလေးမှာ နှစ်နေရာနိုင်ထားတယ်။ သူကတစ်တိုင်းလုံးပြန်ပေါင်းမှာ။ တစ်တိုင်းလုံးနိုင်မှ တတ်မှာ။ လင်းခေးမြို့ကတော့ ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရတာပါ" ဟု ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ / SNDP)...

ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲ အပိုင်း (၃) ပိုင်းအတွက် မဲရုံ စုစုပေါင်း (၃၇၈၄) ရုံ ဖွင့်လှစ်မည်ဖြစ်ပြီးဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၄,၉၃၈,၈၂၃) ဦးရှိ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ကျင်းပခဲ့ပြီးဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း မဲရုံ (၁၃၁၃) ရုံ ဖွင့်လှစ်ပြီး မဲပေးမှုများလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲ အပိုင်း (၃) ပိုင်းလုံးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်တွင် မဲရုံပေါင်း ၃၇၈၄ ရုံ ဖွင့်လှစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၉၃၈၈၂၃ ဦးရှိကြောင်း သိရသည်။ ထို့အတူ နိုင်ငံရေးပါတီပေါင်း ၂၀ နှင့် တစ်သီးပုဂ္ဂလ ၄၆ ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၈၂ ဦး...

ရွေးကောက်ပွဲ အပိုင်း (၁) တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲရေတွက်မှုများအရ USDP က အသာစီးရနေ

ဒီဇင်ဘာ (၂၈) ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲရေတွက်မှုရလဒ်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အသာစီးရနေကြောင်း မဲရေတွက်မှုရလဒ်များအရ သိရသည်။ ထို့ပြင် ပြည်သူ့ရှေ့ဆောင်ပါတီနှင့် ပြည်သူ့ပါတီမှာလည်း အပြိုင်အဆိုင်မဲရလဒ်များ ရရှိထားကြောင်းလည်း သိရသည်။ "ကျွန်တော်တို့ပါတီက နေရာတော်တော်များများမှာ အသာစီးရထားပါတယ်" ဟု USDP မှ ကိုယ်စားလှယ်လောင်းတစ်ဦးကပြောသည်။ ရွေးကောက်ပွဲပထမပိုင်းတွင် ကမာရွတ်၊ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ သန်လျင်မြို့နယ်နှင့် အလုံမြို့နယ်တို့ပါဝင်ပြီး ယင်းမြို့နယ်များ၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071