Tuesday, February 3, 2026

ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော စားသောက်ကုန်များရောင်းချခြင်းမရှိစေရန်စစ်ဆေး

မကွေးတိုင်း၊ မင်းဘူးမြို့ရှိ မြို့မစျေးအတွင်းဖွင့်လှစ်ထားသော စျေးဆိုင်များ၌ ကျန်းမာရေးနှင့်ညီညွတ်မှုမရှိသော၊ ဘေးထွက်ဆိုးကျိုးဖြစ်စေသော စားသောက်ကုန်များရောင်းချခြင်းမရှိစေရေးအတွက် ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ဈေးဆိုင်များတွင် ဘေးအန္တရာယ်ဖြစ်စေသော...

AI စနစ်ကို အလွန်အမင်းမှီခိုခြင်းမပြုဘဲ အထောက်အကူပြုကိရိယာတစ်ရပ်အဖြစ်...

AI စနစ်ကို အလွန်အမင်းမှီခိုခြင်းမပြုဘဲ အထောက်အကူပြု ကိရိယာတစ်ရပ်အဖြစ် သုံးစွဲကြရန် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်မှ ဖေဖော်ဝါရီ ၂ ရက်ကကျင်းပသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၌...

ကြို့ပင်ကောက်တွင် ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ အိမ်ခြံဝင်းထဲရှိသစ်ပင်ကိုဝင်တို-က် (၂)...

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ အိမ်ခြံဝင်းထဲရှိ သစ်ပင်ကိုဝင်တို-က်မိခဲ့မှု ဖေဖော်ဝါရီ ၂ ရက်ည ၈ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ...

ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းနှင့် ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးတို့တွေ့ဆုံ

အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန်ကြိုးပမ်းမှုများကိုတန်ပြန်ခြင်းအားဆွေးနွေး အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နိုင်ငံ တော်သမ္မတရုံးဝန်ကြီးဌာန(၁)ပြည်ထောင်စုဝန်ကြီး ဦး တင်အောင်စန်းနှင့် ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ ဆာဂေးရွှိုင်းဂူတို့ ဖေဖော်ဝါရီ ၂ ရက်က...
HomePopular Academyနေပြည်တော်ပိတောက်မနက်ခင်းနဲ့ ရင်ခုန်ရမယ့် ညခင်းအကယ်ဒမီမှာ အကယ်ဒမီ...

နေပြည်တော်ပိတောက်မနက်ခင်းနဲ့ ရင်ခုန်ရမယ့် ညခင်းအကယ်ဒမီမှာ အကယ်ဒမီ စိုင်းစိုင်း ဖြစ်လာနိုင်လား

ဒီကနေ့ အကယ်ဒမီ မနက်ခင်းမှာတော့ နေပြည်တော်က ပိတောက်ပင်တချို့လည်း အဖူးကျန်လို့ ပွင့်ဖို့အားယူနေကြပါတယ်။

ပြီးခဲ့တဲ့ (၄)ရက်နေ့ ညနေစောင်းတုန်းက မိုးဖျောက်ဖျောက်ကြောင့် ပိတောက်တွေက ကြပါတော့မယ်။

ဒီလိုသာ ပိတောက်တွေ ကခဲ့ရင်
ဘယ်သူ‌တွေ ပျော်ကြမလဲ ။ ပျော်ရသူတွေက ဘယ်သူတွေဖြစ်မလဲ ၊ ပိတောက် ချစ်သူတို့ကတော့ မျှော်နေကြပါပြီတဲ့နော် ။

ဟုတ်ပါတယ် ၊ နေပြည်တော်မှာ ပိတောက်က ဖို့ “ပိတောက်ကတဲ့ ဂီတ” ကို ဒီကနေ့ညအတွက်ရင်ခုန်နေကြသူတွေ ရှိပါတယ်။

တခြားတော့ မဟုတ်ပါဘူး ။

Frenzon Production က စီစဉ်ထုတ်လုပ်ကာ ဒါရိုက်တာ မီးပွားက ဖန်တီးပုံဖော် ရိုက်ကူးထုတ်လုပ်ပြီး အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ အေးမြတ်သူ၊ ပိုးမမှီသာတို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ဇာတ်ကားဟာ ၂၀၂၀ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ဆန်ကာတင်စာရင်းမှာ ပါဝင်ပြီး ပျိုမေတို့ အသည်းကျော် စိုင်းစိုင်းတစ်ယောက် အကယ်ဒမီ ရွှေစင်ရုပ်ထုကြီး လက်ဝယ်ပိုင်ပိုင် အရယူနိုင်တော့မယ်လို့ သတင်းစကားတွေ ကြားနေရတာပဲ ဖြစ်ပါတယ်။

ဒီ “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ဇာတ်ကားဟာ သင်္ကြန်နောက်ခံ အချစ်ဇာတ်လမ်းဖြစ်ပြီး ဂီတနဲ့ သုံးပွင့်ဆိုင်အချစ်တွေအကြားက ဖြစ်လေ့ဖြစ်ထ သဘောသဘာဝတွေကို ပီပီပြင်ပြင် ရိုက်ကူးပုံဖော်ပြထားတာ ဖြစ်သလို ပရဟိတမင်းသားကြီး အကယ်ဒမီကျော်သူ၊ အကယ်ဒမီဇဝင်ဝိုင်း၊ အကယ်ဒမီချိုပြုံး၊ အကယ်ဒမီစိုးမြတ်သူဇာ ၊ အကယ်ဒမီ မေသဉ္ဇာဦးနဲ့ ဝါရင့်အနုပညာရှင်တွေကလည်း ပါဝင်အားဖြည့်ထားတဲ့အတွက် ရုံတင်စဉ်မှာ စံချိန်တင် အားပေးခံခဲ့ရတဲ့ ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။

အခုဆိုရင်တော့ “ပိတောက်ကတဲ့ ဂီတ” နဲ့ အကယ်ဒမီ တစ်ပြေးနေတဲ့  စိုင်းစိုင်းခမ်းလှိုင်ဟာလည်း အကယ်ဒမီပွဲတက်ဖို့ နေပြည်တော်မှာရောက်ရှိနေပြီဖြစ်ပါတယ်။

အဲ့ကားမှာပါဝင်တဲ့ သရုပ်ဆောင် ပိုးမမှီသာလည်း စိုင်းစိုင်း တည်းတဲ့ နေပြည်တော်ကဟော်တယ်မှာပဲ မိသားစုနဲ့ ရောက်ရှိတည်းခိုနေပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော စားသောက်ကုန်များရောင်းချခြင်းမရှိစေရန်စစ်ဆေး

မကွေးတိုင်း၊ မင်းဘူးမြို့ရှိ မြို့မစျေးအတွင်းဖွင့်လှစ်ထားသော စျေးဆိုင်များ၌ ကျန်းမာရေးနှင့်ညီညွတ်မှုမရှိသော၊ ဘေးထွက်ဆိုးကျိုးဖြစ်စေသော စားသောက်ကုန်များရောင်းချခြင်းမရှိစေရေးအတွက် ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ဈေးဆိုင်များတွင် ဘေးအန္တရာယ်ဖြစ်စေသော ဓာတုပစ္စည်းများ၊ အဏုဇီဝပိုးမွှားများပါဝင်မှုရှိ/မရှိ၊ စားသုံးဆီများတွင် ကျန်းမာရေးအတွက်ဆိုးကျိုးဖြစ်စေသော အသွင်ပြောင်းအဆီပါဝင်မှုနှုန်း၊ ငရုတ်သီးမှုန့်၊ မြေပဲ၊ ပဲအမျိုးမျိုး၊ နှမ်း၊ မြေပဲဆီနှင့် ပြောင်းနှင့်လုပ်သော မုန့်များတွင် မှိုပါဝင်မှုရှိ/မရှိ၊ အစားအသောက်များတွင် လူကိုဘေးဥပဒ်ဖြစ်စေတတ်သော ဓာတ်သတ္တုများပါဝင်မှုရှိ/မရှိ၊ အစားအသောက်၊ ဆေးဝါး၊ ဆေးဝါးနှင့် အလှကုန်စသည့် စားသောက်ကုန်ပစ္စည်း (၁၅) မျိုးကို ဓာတ်ခွဲစစ်ဆေးခဲ့ကြကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်...

AI စနစ်ကို အလွန်အမင်းမှီခိုခြင်းမပြုဘဲ အထောက်အကူပြုကိရိယာတစ်ရပ်အဖြစ် သုံးစွဲကြရန် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်မှာကြား

AI စနစ်ကို အလွန်အမင်းမှီခိုခြင်းမပြုဘဲ အထောက်အကူပြု ကိရိယာတစ်ရပ်အဖြစ် သုံးစွဲကြရန် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်မှ ဖေဖော်ဝါရီ ၂ ရက်ကကျင်းပသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၌ AI နည်းပညာအခြေခံလုပ်ငန်းခွင် အသုံးချမှုသင်တန်းဖွင့်ပွဲတွင် မှာကြားခဲ့ခြင်းဖြစ်သည်။ AI နည်းပညာသည် မရှိမဖြစ်နည်းပညာတစ်ခုအဖြစ် ရပ်တည်လာပြီဖြစ်ရာ လုပ်ငန်းနယ်ပယ်များတွင် AI နည်းပညာကိုအသုံးပြုခြင်းဖြင့် အချိန်ကုန်သက်သာစေသည့် အားသာချက်များစွာရှိပြီး လိုအပ်သောအချက်အလက်များကို မြန်မြန်ဆန်ဆန်စုစည်း၍ စနစ်တကျအသုံးချလျက်ရှိသည်ဟု ပြောသည်။ ထို့ပြင် လူ့စွမ်းအား၊ စက်မှုစွမ်းအားများလျှော့ချပြီး AI နည်းပညာနှင့်အစားထိုး၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စက်မှုလက်မှုကဏ္ဍတို့တွင် ကျယ်ကျယ်ပြန့်ပြန့်...

ကြို့ပင်ကောက်တွင် ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ အိမ်ခြံဝင်းထဲရှိသစ်ပင်ကိုဝင်တို-က် (၂) ဦး ဒ-ဏ်ရာရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ အိမ်ခြံဝင်းထဲရှိ သစ်ပင်ကိုဝင်တို-က်မိခဲ့မှု ဖေဖော်ဝါရီ ၂ ရက်ည ၈ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ ကြို့ပင်ကောက်မြို့နယ် ရန်ကုန်-ပြည်လမ်းသွားကားလမ်းအတိုင်းမောင်းနှင်လာသော ကားတစ်စီးသည် မိုင်တိုင်အမှတ် ၁၂၀/၂ အရောက် အရှိန်မထိန်းနိုင်ဘဲ ဂုမ္မကွင်းကျေးရွာရှိ လမ်းဘေးနေအိမ်ခြံဝန်းအတွင်းရောက်ရှိကာ ခြံဝန်းအတွင်းမှ သစ်ပင်ကိုဝင်တို-က်မိခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် ကားပေါ်မှ အမျိုးသား(၂)ဦးတွင် ထိခိုက်ဒ-ဏ်ရာများ (စိုးရိမ်ရ) ရရှိခဲ့သဖြင့် ကြို့ပင်ကောက် မြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ပြီးနောက် မြတ်မွန်စေတနာလူမှုကူညီရေးအသင်းက ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071