နေပြည်တော်နှင့် မန္တလေးတိုင်းတို့မှ ငလျင်ဒဏ်သင့်ခဲ့သည့် မြန်မာဘရူဝါရီလီမိတက် ဝန်ထမ်းများ၊ ဖြန့် ဖြူးရေးကိုယ်စားလှယ်များနှင့် ဆိုင်ရှင်များ၏ပြန် လည်ထူထောင်ရေးအတွက် MBL ကုမ္ပဏီ၊ ဝန်ထမ်းများနှင့်ဖြန့်ဖြူးရေးကိုယ်စားလှယ်ကြီးများက ငွေကျပ်သိန်း(၄၀၀၀)အားကူညီထောက်ပံ့ပေးခဲ့သည်။
မြန်မာဘရူဝါရီလီမိတက်မှ ကရုဏာရှေးရှုမြန်မာမှုအစီအစဉ်အဖြစ် ငလျင်ဖြစ်ပြီးစကာလတွင် မန္တ လေးမြို့၊ စစ်ကိုင်းမြို့၊ ကျောက်ဆည်မြို့တို့ရှိ င လျင်ဒဏ်သင့်သူများအတွက် သောက်သုံးရေ၊ လျှပ်စစ်မီး၊ အမိုးအကာနှင့် တကိုယ်ရေသန့်ရှင်းရေးအတွက်ဆပ်ပြာများကို ထောက်ပံ့လှူဒါန်းပေးခဲ့သည်။
ထို့ပြင် ဇွန် ၆ ရက်ကလည်း မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့်အိမ်ထောင်စု(၁၆၀)အား ဆီ၊ ဆန်၊ လျှပ် စစ်ပန်ကာ၊ လျှပ်စစ်မီးအိမ် ၊ ဂတ်စ်မီးဖိုနှင့် ထောက်ပံ့ငွေများကိုလည်း ပေးအပ်လှူဒါန်းခဲ့သည်။
