Tuesday, May 26, 2026

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆွတ်ခူးခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအ...

မလေးရှားနိုင်ငံတွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ပြီးနောက် ငွေတံ ဆိပ်နှင့် ကြေးတံဆိပ် တစ်ခုစီဆွတ်ခူးခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအသင်းအား ငွေကျပ်သိန်း (၄၀၀) ကျော် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ...

ရန်ကုန်-မန္တလေး ကားလမ်းဟောင်းတွင် ဆီဘောက်ဆာ ကားတိမ်းမှောက်...

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယနေ့ မေ ၂၆ ရက်နံနက် ၈ နာရီခွဲခန့်က ဆီဘောက်ဆာကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ညောင်လေးပင်မြို့နယ်၊...

ရန်ကုန်မြို့၌ဖွင့်လှစ်သည့် ခရိုင်အဆင့်ရှာဖွေကယ် ဆယ်ရေးသင်တန်း (၁/၂၀၂၆)

သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာချိန်၌ စောလျင်စွာရှာဖွေကယ်ဆယ်မှုများပြုလုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၆) ကို ယနေ့ မေ ၂၆ ရက်ကဖွင့်လှစ်ခဲ့သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူက သင်တန်းသားများကို အမှာစကားပြောကြားပြီးနောက် သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၌အသုံးပြုသည့်ပစ္စည်းများအပါအဝင်...

ရန်ကုန်မြို့မှ အထူးကု၊ ဆေးကုသရေးအဖွဲ့ ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင်...

ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဥ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်ခုတင် ၅၀၀ အထူးကုဆေးရုံကြီးတို့မှ အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင်၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ၃၁...
HomeNewsLocal Newsနေပြည်တော်တွင်ယာဉ်လိုင်းများလမ်းကြောင်းကို တိုးချဲ့ ပြေးဆွဲပေးမည်

နေပြည်တော်တွင်ယာဉ်လိုင်းများလမ်းကြောင်းကို တိုးချဲ့ ပြေးဆွဲပေးမည်

နေပြည်တော်ရှိ ဝန်ထမ်းများ၊ လုပ်သားပြည်သူများ အဆင်ပြေစေရန်အတွက် ယခင် ပြေးဆွဲပေးနေသည့် ယာဉ်လိုင်းများ လမ်းကြောင်းကို တိုးချဲ့ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။

ထပ်တိုးလမ်းကြောင်းသည် ဘောဂသီရိ- ရွာတော်- Ocean – ဖိုးဇောင်းတောင်အဝိုင်း- အလုပ်သမားရုံး- ရုံးအမှတ်(၁၄)- သစ်တော- လျှပ်စစ်- နံချွန်တံတား- သုခတော်ဝင်-မြို့မဈေး ဖြစ်သည်။

ဂိတ်စမှ ဂိတ်ဆုံးကို သုံးထောင်ကျပ်ဖြင့် ပြေးဆွဲပေးမည်ဖြစ်ကာ နေ့စဉ် နံနက်(၀၈:၀၀) နာရီမှစတင်၍ ဘောဂသီရိကားကွင်းက စတင်ထွက်ခွာပြီး ဂိတ်ဆုံးဖြစ်သည့် မြို့မဈေးသို့ (၀၉:၃၀) နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

နေပြည်တော်တွင် တော်ဝင်မော်တော်ယာဉ်လိုင်း(၄)လိုင်းဖြင့် ပြေးဆွဲပေးလျက်ရှိနေကာ လမ်းကြောင်းများအဖြစ် ဇမ္ဗူသီရိလမ်းကြောင်း၊ လယ်ဝေးလမ်းကြောင်း၊ ပုဗ္ဗသီရိ ရန်ကုန်-မန္တလေး လမ်းဟောင်း လမ်းကြောင်း၊ ပုဗ္ဗသီရိလမ်းကြောင်းများအဖြစ် ပြေးဆွဲပေးနေခြင်း ဖြစ်သည်။

ဇမ္ဗူသီရိလမ်းကြောင်းတွင်မူ ဘောဂသီရိ- နှင်းဆီးပန်းအဝိုင်း- ရွှေညောင်ပင်-နေပြည်တော်ကောင်စီ- စည်ပင်ဧည့်ရိပ်သာ- သပြေကုန်း- ပရဆေးဥယျာဉ်- ဓါတုဇယဘုရား- နည်းပညာတက္ကသိုလ်- မာရဝိဇယဘုရား- ဘိုးဘွားရိပ်သာ- ဉာဏသိဒ္ဓိရပ်ကွက်-Naypyitaw State Academy ကျောင်း- ဝဏ္ဏသိဒ္ဓိရပ်ကွက်- သုခတော်ဝင်- မြို့မဈေး တို့ဖြစ်ပြီး ယာဉ်စီးခအနေဖြင့် ခရီးစဉ်အစအဆုံး ငွေကျပ် ၂,၀၀၀ကျပ် ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

လယ်ဝေးလမ်းကြောင်းတွင်မူ လယ်ဝေးမြို့မဈေး- လယ်ဝေး အားကစားကွင်း-ရွှေအင်ကြင်းရပ်ကွက်- ဒက္ခိဏသီရိဈေး – ကံ့ကော်ပန်းအဝိုင်း- Excel Capital- တုံဂပူရိလမ်းဆုံ- Junction Center- အဆင့်မြင့်ဈေး-နည်းပညာတက္ကသိုလ်- မာရဝိဇယဘုရား- ဘိုးဘွားရိပ်သာ- ဉာဏသိဒ္ဓိ ရပ်ကွက်- Naypyitaw State Academy ကျောင်း တို့ကို ရောက်ရှိမည်ဖြစ်ကာ ယာဉ်စီးခအနေဖြင့် ခရီးစဉ်အစအဆုံး ငွေကျပ် ၁,၅၀၀ကျပ် ဖြစ်သည်။

ထိုနည်းတူ ပုဗ္ဗသီရိ ရန်ကုန်-မန္တလေး လမ်းဟောင်း လမ်းကြောင်းတွင်မူ သိုက်ချောင်းလမ်းဆုံ- တိရိစ္ဆာန်ဥယျာဉ်- ရေဆင်းကျေးရွာ- ပင်လောင်းလမ်းဆုံ- လျှပ်စစ်လမ်းခွဲ- ကျောက်ချက်- နှင်းဆီပန်းအဝိုင်း- ရွှေညောင်ပင်-နေပြည်တော်ကောင်စီ- ဇမ္ဗူသီရိဆေးရုံ- စည်ပင်ဧည့်ရိပ်သာ- သပြေကုန်း- ပရဆေးဥယျာဉ်- မြို့မဈေး-သုခတော်ဝင်- ဝဏ္ဏသိဒ္ဓိရပ်ကွက်- Naypyitaw State Academy ကျောင်း- ဉာဏသိဒ္ဓိရပ်ကွက်- မာရဝိဇယဘုရား- နည်းပညာတက္ကသိုလ် တို့ကိုရောက်ရှိမည်ဖြစ်ကာယာဉ်စီးခအနေဖြင့် ခရီးစဉ်အစအဆုံး ငွေကျပ် ၂၀၀၀ ကျပ် ကျသင့်မည်ဖြစ်သည်ဟု သိရသည်။

ယင်းအပြင် ပုဗ္ဗသီရိလမ်းကြောင်းတွင် သိုက်ချောင်း လမ်းဆုံ- ကုတင်(၃၀၀)ဆေးရုံ- ကျည်တောင်ကန်လမ်းဆုံ- နေပြည်တော်ဘူတာကြီး- Polytechnic University – အင်ကြင်းပန်းအဝိုင်း- မန္တလေးလမ်း- ကုမုဒြာကြာပန်းအဝိုင်း- စည်ပင်အိမ်ရာ- သပြေကုန်း- ပရဆေးဥယျာဉ်- မြို့မဈေး- သုခတော်ဝင်-ဝဏ္ဏသိဒ္ဓိရပ်ကွက်- Naypyitaw State Academy ကျောင်း- ဉာဏသိဒ္ဓိရပ်ကွက်- မာရဝိဇယဘုရား-နည်းပညာတက္ကသိုလ် တို့ကိုရောက်ရှိမည်ဖြစ်ကာ ယာဉ်စီးခအနေဖြင့် ခရီးစဉ်အစအဆုံး ငွေကျပ် ၂၀၀၀ ကျပ်နှုန်းဖြစ်ကြောင်း သိထားရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆွတ်ခူးခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအ သင်းအား ငွေကျပ်သိန်း (၄၀၀) ကျော်ဂုဏ်ပြုချီးမြှင့်

မလေးရှားနိုင်ငံတွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ပြီးနောက် ငွေတံ ဆိပ်နှင့် ကြေးတံဆိပ် တစ်ခုစီဆွတ်ခူးခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအသင်းအား ငွေကျပ်သိန်း (၄၀၀) ကျော် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင်က ငွေကျပ် (၁၂၅) သိန်း၊ ဒု-ဥက္ကဋ္ဌ (၁) ဦးအောင်မြင့်မြတ်က (၇၅) သိန်းကျပ်၊ ဒု-ဥက္ကဋ္ဌ (၂) ဦးဖြိုး‌ဇော်ဦးက (၂၅) သိန်းကျပ်၊ ROCKER ENERGY DRINK မှ ငွေကျပ်သိန်း (၁၈၀)၊ Bebee TV မှ ငွေကျပ်သိန်း (၂၀)၊ GLORY...

ရန်ကုန်-မန္တလေး ကားလမ်းဟောင်းတွင် ဆီဘောက်ဆာ ကားတိမ်းမှောက် မီးမလေ-ာင်စေရန်အအေးပေး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယနေ့ မေ ၂၆ ရက်နံနက် ၈ နာရီခွဲခန့်က ဆီဘောက်ဆာကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၏ မိုင်တိုင်အမှတ် (၈၁/၁) ရှိ အာလောကွေ့တွင် ဆီဘောက်ဆာကားတိမ်းမှောက်ခဲ့သဖြင့် မီးလေ-ာင်မှုမဖြစ်ပွားစေရေးအတွက် ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက အအေးပေးခြင်းလုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မြို့၌ဖွင့်လှစ်သည့် ခရိုင်အဆင့်ရှာဖွေကယ် ဆယ်ရေးသင်တန်း (၁/၂၀၂၆)

သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာချိန်၌ စောလျင်စွာရှာဖွေကယ်ဆယ်မှုများပြုလုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၆) ကို ယနေ့ မေ ၂၆ ရက်ကဖွင့်လှစ်ခဲ့သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူက သင်တန်းသားများကို အမှာစကားပြောကြားပြီးနောက် သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၌အသုံးပြုသည့်ပစ္စည်းများအပါအဝင် ခင်းကျင်းပြသထားမှုများကို ကြည့်ရှုခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071