Wednesday, August 20, 2025

‌ရွေးကောက်ပွဲ အပိုင်း(၁)ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည်မြို့များတွင်...

လာမည် ဒီဇင်ဘာ(၂၈)ရက်တွင် ရွေးကောက်ပွဲ ပထမအသုတ်ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့်မြို့များတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က...

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒမဲပေးနိုင်ရန်ပတ်သက်ပြီး ဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုံးနှင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဝင်း(သံအမတ်ကြီး ငြိမ်း) နှင့် ယမန်နေ့ ဩဂုတ်(၁၉)ရက်က တွေ့ဆုံဆွေး‌နွေးခဲ့ကြောင်း သိရသည်၊ မြန်မာ-ထိုင်း...

မုံရွာမြို့ ခုတင် (၅၀၀) ဆံ့...

မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် သြဂုတ်လ (၂၉) ရက်မှ စက်တင်ဘာလ (၂) ရက်အထိ အခမဲ့မျက်စိကုသပေးမည်ဖြစ်ကြောင်းသိရသည်။ အခမဲ့မျက်စိကုသပေးခြင်းကို သဲဖြူဆရာတော်ကြီးဦးဆောင်မှု၊...

မွန်ပြည်နယ်မှာ ရုံးချုပ်တည်ရှိသည် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက အသုံးပြုမည့်ပါတီအလံ...

မွန်ပြည်နယ်၊ သထုံမြို့တွင် ပါတီရုံးချုပ်တည်ရှိသည့် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီမှတ်ပုံတင်ခွင့်ပြုရန် ဩဂုတ်(၁၂)ရက်က လျှောက်ထားခဲ့ကြောင်း သိရသည်။ ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် အသုံးပြုမည့် အလံနှင့်တံဆိပ်တို့ကိုလည်း...
HomeNewsLocal Newsနေပြည်တော်စည်ပင်၊ စျေးများဌာနမှ အရပ်ရပ်အခွင့်အရေးလိုင်စင်...

နေပြည်တော်စည်ပင်၊ စျေးများဌာနမှ အရပ်ရပ်အခွင့်အရေးလိုင်စင် ၆၄ ခုအား လေလံတင်ရောင်းချမည်

နေပြည်တော်စည်ပင်၊ စျေးများဌာန၊ လေလံတင်ရောင်းချရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင် ၆၄ ခု၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

စျေးများဌာန၊လေလံတင်ရောင်းချရေးအဖွဲ့မှ ပျံကျစျေးကောက်လိုင်စင်(၂၇)ခု၊ရေလောင်းအိမ်သာဝင်ကြေးကောက်ခံခွင့်လိုင်စင်(၂၃)ခု၊စက်ဘီး၊ဆိုင်ကယ်၊သုံးဘီးဆိုင်ကယ်၊ကားအပ်နှံမှုကောက်ခံခွင့်လိုင်စင်(၁၄)ခု(စုစုပေါင်း ၆၄ ခု)အား လေလံတင်ရောင်းချမည်ဖြစ်သည်။

နေပြည်တော်စည်ပင်၊စျေးများဌာန အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် နံနက် ၁၀ နာရီမှစတင်၍ စျေးပြိုင်စနစ်ဖြစ့်ရောင်းချပေးသွားမည်ဖြစ်သည်။

ထို့ကြောင့် လုပ်ငန်းလုပ်ကိုင်ခွင့်လျှောက်ထားလိုသူများသည် ရောင်းချမည့်အခွင့်အရေးလိုင်စင်များ၏ ပေးသွင်းရမည့်အာမခံငွေအား နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်သို့ ဖေဖော်ဝါရီ ၁၇ ရက်နောက်ဆုံးထားပေးသွင်းရမည်ဖြစ်သည်။

ထို့ပြင် လေလံလျှောက်လွှာများအား နေပြည်တော်စည်ပင်၊ဈေးများဌာနတွင် ရုံးချိန်အတွင်း ဖေဖော်ဝါရီ ၁၇ ရက်နေ့လည် ၃ နာရီခွဲအထိ လာရောက်ဝယ်ယူလျှောက်ထားနိုင်ပြီး အသေးစိတ်သိရှိလိုပါက ၀၆၇-၃၄၁၄၂ ၉၃၊ ၀၆၇-၃၄၁၄၁၆၈ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

လျှောက်လွှာနှင့်အတူ မှတ်ပုံတင်နှင့်သန်းခေါင်စာရင်း မိတ္တူ ၁ စောင်၊လေလံအာမခံငွေပေးသွင်းမှုချလံမူရင်းနှင့် မိတ္တူ ၁ စောင်၊နိုင်ငံရေးနှင့်ပြစ်မှုကင်းရှင်းကြောင်းရဲစခန်းထောက်ခံချက်၊လေလံဆွဲဝယ်မည့် ပုဂ္ဂိုလ်ပိုင်ဆိုင်သည့် အိမ်ခြံမြေဖြစ်ကြောင်းတည်ရှိရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံချက်၊ရာပြတ်အဖွဲ့(သို့)သက်ဆိုင်ရာမြို့နယ်စည်ပင်ရုံးမှ အဆောက်အအုံ၊အိမ်၊မြေ၏ ကာလတန်ဘိုးစိစစ်ထောက်ခံချက်မူရင်းနှင့်အဆောက်အအုံ၊အိမ်၊ မြေ၏(ရှေ့၊နောက်၊ဝဲ၊ယာ)ဓာတ်ပုံများကိုတင်ပြရမည်ဖြစ်သည်။

ထို့အတူ နေပြည်တော်စည်ပင်မှ သတ်မှတ်ထားသည့် လေလံစည်းကမ်းချက်များအား တိကျစွာလိုက်နာရမည်ဖြစ်ကာ လေလံအောင်မြင်ပြီး သတ်မှတ်ရက်အတွင်း လေလံတန်ဘိုးငွေများကို အပြေအကြေပေးသွင်းနိုင်ခြင်းမရှိပါက လေလံအောင်မြင်ခြင်းကို စာရင်းမှပယ်ဖျက်၍ ပေးသွင်းထားသောငွေများကို နေပြည်တော်စည်ပင်မှ သိမ်းယူခြင်းကို သဘောတူပါသည်တို့ကိုလည်း စည်းကမ်းသတ်မှတ်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

‌ရွေးကောက်ပွဲ အပိုင်း(၁)ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည်မြို့များတွင် စတင်ကျင်းပမည်

လာမည် ဒီဇင်ဘာ(၂၈)ရက်တွင် ရွေးကောက်ပွဲ ပထမအသုတ်ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့်မြို့များတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ယမန်နေ့ ဩဂုတ်(၁၉)ရက်က ချောက်မြို့နှင့် ရေနံချောင်းမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအား သီးခြားစီတွေ့ဆုံစဉ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မှန်မှန်ကန်ကန်ဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြ စေလိုကြောင်း၊ ဒီမိုကရေစီတွင် အရေးကြီးဆုံးမှာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခြင်းပင် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ...

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒမဲပေးနိုင်ရန်ပတ်သက်ပြီး ဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုံးနှင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဝင်း(သံအမတ်ကြီး ငြိမ်း) နှင့် ယမန်နေ့ ဩဂုတ်(၁၉)ရက်က တွေ့ဆုံဆွေး‌နွေးခဲ့ကြောင်း သိရသည်၊ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး ရင်းနှီးမှုတိုးမြှင့်ရေးကိစ္စများဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေး၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေး ကိစ္စများ ပတ်သက်ပြီး ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထိုပြင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေများ နှင့် ပတ်သက်၍ သတင်းမှန်သိရှိနိုင်ရေးဆိုင်ရာများ၊ စီးပွားရေး၊ လူမှု ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး စသည့်ကိစ္စများလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက်...

မုံရွာမြို့ ခုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် မျက်စိအခမဲ့ကုသပေးမည်

မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် သြဂုတ်လ (၂၉) ရက်မှ စက်တင်ဘာလ (၂) ရက်အထိ အခမဲ့မျက်စိကုသပေးမည်ဖြစ်ကြောင်းသိရသည်။ အခမဲ့မျက်စိကုသပေးခြင်းကို သဲဖြူဆရာတော်ကြီးဦးဆောင်မှု၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မျက်စိဝေဒနာရှင်များကို မျက်စိအထူးကုဆရာဝန်များက အခမဲ့မျက်စိစမ်းသပ်ခြင်း၊ ခွဲစိတ်ကုသခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ မျက်စိအထူးကုဆရာဝန်များက (၅) ဖွဲ့ခွဲ၍ တစ်ရက်လျှင် မျက်စိဝေဒနာရှင် (၅၀၀) ခန့်အား ကုသပေးမည်ဖြစ်ပြီး မျက်စိစမ်းသပ်သည့် ဆေးဖိုးကျသင့်ငွေ တစ်ဦးလျှင် (၂၅၀၀၀) ကျပ်၊ မျက်စိခွဲစိတ်ကုသသည့် ဆေးဖိုးကျသင့်ငွေ တစ်ဦးလျှင် (၂၅၀,၀၀၀)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071