Sunday, May 25, 2025

သထုံမြို့နယ်ရှိ ရထားလမ်းပေါ်၌ ကျောက်တင်ရထားတစ်စီးမိုင်းထိပြီးပြေးလမ်းချော်ခဲ့

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ပဲခူး-မော်လမြိုင်ရ ထားလမ်းပိုင်းတွင် သဲဖြူကုန်းမှ ကလီခရီးစဥ်အဖြစ်ထွက်ခွာလာသော ကျောက်တင်ရထားတစ်စီး ယနေ့ မေ ၂၅ ရက်နံနက် ၈ နာရီ...

ကောင်းမှုတော်‌စေတီတော် အပျ-က်အစီးများ စစ်ဆေးနိုင်ရန် ဆောင်ရွက်နေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခို-က်ပျ-က်စီးမှုရှိခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇာမဏိစူဠာ ကောင်းမှုတော်‌ စေတီတော်ကြီးကို စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် ငြမ်းဆင်နေကြောင်း သိရသည်။ စေတီတော်ကြီးသည် ငလျင်ကြောင့် စိန်ဖူးတော် ထိခို-က်မှုရှိခဲ့သော်လည်း...

သြစတြေးလျ၌ရေကြီး၍ပိ-တ်မိနေသူများကိုဝေဟင်မှပစ္စည်းများ ချပေး

သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းတွင် လူငါးဦး‌ေ-သဆုံးခဲ့ကာ သောင်းနှင့်ချီ၍ အဆက်အသွယ်ပြ-တ်တေ-ာက်မှုများဖြစ်ခဲ့သည့် ရေကြီးမှုများကြောင့် နူးဆော့ခ်ဝေးလ်ပြည်နယ်ရှိ ပိ-တ်မိနေသည့် မွေးမြူရေးသမားများအတွက် တိရစ္ဆာန်အစာများကို မေလ ၂၅ ရက်...

ညောင်တုန်းတွင် ကမ်းပါးပြိုကျမှုကြောင့် နေအိမ်များရေထဲပါ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ ရန်ကင်းစံရာ ရွာ၌ ယမန်နေ့မေလ(၂၄)ရက် ညက မြစ်ကမ်းပါးပြိုကျကာ အိမ်ခြေ (၁၈) လုံး ရေထဲ မျောပါသွားသည့်ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ညသန်းခေါင်ကြီး...
HomeNewsLocal Newsနေပြည်တော်စည်ပင်၊ စျေးများဌာနမှ အရပ်ရပ်အခွင့်အရေးလိုင်စင်...

နေပြည်တော်စည်ပင်၊ စျေးများဌာနမှ အရပ်ရပ်အခွင့်အရေးလိုင်စင် ၆၄ ခုအား လေလံတင်ရောင်းချမည်

နေပြည်တော်စည်ပင်၊ စျေးများဌာန၊ လေလံတင်ရောင်းချရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင် ၆၄ ခု၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

စျေးများဌာန၊လေလံတင်ရောင်းချရေးအဖွဲ့မှ ပျံကျစျေးကောက်လိုင်စင်(၂၇)ခု၊ရေလောင်းအိမ်သာဝင်ကြေးကောက်ခံခွင့်လိုင်စင်(၂၃)ခု၊စက်ဘီး၊ဆိုင်ကယ်၊သုံးဘီးဆိုင်ကယ်၊ကားအပ်နှံမှုကောက်ခံခွင့်လိုင်စင်(၁၄)ခု(စုစုပေါင်း ၆၄ ခု)အား လေလံတင်ရောင်းချမည်ဖြစ်သည်။

နေပြည်တော်စည်ပင်၊စျေးများဌာန အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် နံနက် ၁၀ နာရီမှစတင်၍ စျေးပြိုင်စနစ်ဖြစ့်ရောင်းချပေးသွားမည်ဖြစ်သည်။

ထို့ကြောင့် လုပ်ငန်းလုပ်ကိုင်ခွင့်လျှောက်ထားလိုသူများသည် ရောင်းချမည့်အခွင့်အရေးလိုင်စင်များ၏ ပေးသွင်းရမည့်အာမခံငွေအား နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်သို့ ဖေဖော်ဝါရီ ၁၇ ရက်နောက်ဆုံးထားပေးသွင်းရမည်ဖြစ်သည်။

ထို့ပြင် လေလံလျှောက်လွှာများအား နေပြည်တော်စည်ပင်၊ဈေးများဌာနတွင် ရုံးချိန်အတွင်း ဖေဖော်ဝါရီ ၁၇ ရက်နေ့လည် ၃ နာရီခွဲအထိ လာရောက်ဝယ်ယူလျှောက်ထားနိုင်ပြီး အသေးစိတ်သိရှိလိုပါက ၀၆၇-၃၄၁၄၂ ၉၃၊ ၀၆၇-၃၄၁၄၁၆၈ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

လျှောက်လွှာနှင့်အတူ မှတ်ပုံတင်နှင့်သန်းခေါင်စာရင်း မိတ္တူ ၁ စောင်၊လေလံအာမခံငွေပေးသွင်းမှုချလံမူရင်းနှင့် မိတ္တူ ၁ စောင်၊နိုင်ငံရေးနှင့်ပြစ်မှုကင်းရှင်းကြောင်းရဲစခန်းထောက်ခံချက်၊လေလံဆွဲဝယ်မည့် ပုဂ္ဂိုလ်ပိုင်ဆိုင်သည့် အိမ်ခြံမြေဖြစ်ကြောင်းတည်ရှိရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံချက်၊ရာပြတ်အဖွဲ့(သို့)သက်ဆိုင်ရာမြို့နယ်စည်ပင်ရုံးမှ အဆောက်အအုံ၊အိမ်၊မြေ၏ ကာလတန်ဘိုးစိစစ်ထောက်ခံချက်မူရင်းနှင့်အဆောက်အအုံ၊အိမ်၊ မြေ၏(ရှေ့၊နောက်၊ဝဲ၊ယာ)ဓာတ်ပုံများကိုတင်ပြရမည်ဖြစ်သည်။

ထို့အတူ နေပြည်တော်စည်ပင်မှ သတ်မှတ်ထားသည့် လေလံစည်းကမ်းချက်များအား တိကျစွာလိုက်နာရမည်ဖြစ်ကာ လေလံအောင်မြင်ပြီး သတ်မှတ်ရက်အတွင်း လေလံတန်ဘိုးငွေများကို အပြေအကြေပေးသွင်းနိုင်ခြင်းမရှိပါက လေလံအောင်မြင်ခြင်းကို စာရင်းမှပယ်ဖျက်၍ ပေးသွင်းထားသောငွေများကို နေပြည်တော်စည်ပင်မှ သိမ်းယူခြင်းကို သဘောတူပါသည်တို့ကိုလည်း စည်းကမ်းသတ်မှတ်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သထုံမြို့နယ်ရှိ ရထားလမ်းပေါ်၌ ကျောက်တင်ရထားတစ်စီးမိုင်းထိပြီးပြေးလမ်းချော်ခဲ့

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ပဲခူး-မော်လမြိုင်ရ ထားလမ်းပိုင်းတွင် သဲဖြူကုန်းမှ ကလီခရီးစဥ်အဖြစ်ထွက်ခွာလာသော ကျောက်တင်ရထားတစ်စီး ယနေ့ မေ ၂၅ ရက်နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က မိုင်းထိပြီးပြေးလမ်းချော်သွားခဲ့ကြောင်း သိရသည်။ သဲဖြူကုန်းဘက်မှ ကလီဘက်သို့ခုတ်မောင်းလာသော အမှတ်-၆၈၇ အစုန် ကျောက်တင်ရထားသည် သထုံမြို့နယ်ရှိ မိုးကောင်းဘူတာနှင့် ဒုံဝန်းဘူတာကြား ရထားလမ်းမိုင်တိုင်အမှတ် ၁၂၃/၂၃ နှင့် ၁၂၃/၂၄ ကြားအရောက်မိုင်းနင်းမိခဲ့သဖြင့် မိုင်းပေါက်ကွဲကာ ရထားစက်ခေါင်းနှင့် မိုင်းကာတွဲတို့ပြေးလမ်းချော်သွားပြီး အချို့တွဲဆိုင်းများမှာ တိမ်းမှေ-ာက်သွားခဲ့ကာ ရထားလမ်းမှာလည်းပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး မြန်မာ့မီးရထားမှကျွမ်းကျင်ဝန်...

ကောင်းမှုတော်‌စေတီတော် အပျ-က်အစီးများ စစ်ဆေးနိုင်ရန် ဆောင်ရွက်နေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခို-က်ပျ-က်စီးမှုရှိခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇာမဏိစူဠာ ကောင်းမှုတော်‌ စေတီတော်ကြီးကို စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် ငြမ်းဆင်နေကြောင်း သိရသည်။ စေတီတော်ကြီးသည် ငလျင်ကြောင့် စိန်ဖူးတော် ထိခို-က်မှုရှိခဲ့သော်လည်း မြေခမှုမရှိဘဲ စေတီတော်ပရဝုဏ်အတွင်းရှိ သာသနိကအဆောက်အအုံတချို့ ထိခို-က်ပြိုကျပျ-က်စီးခဲ့မှုများရှိသည်။ ထို့ပြင် စေတီတော်ကြီး၏ ကိုယ်ထည်၌လည်း အက်ကွဲခြင်း၊ ဆေးကွာများရှိသည့်အတွက် ပညာရှင်များကိုယ်တိုင်တက်ရောက်ကာ စစ်ဆေးနိုင်ရန် သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မိန့်ကြားချက်ဖြင့် ငြမ်းဆင်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။ လက်ရှိတွင် စေတီတော်ပရဝုဏ်အတွင်းရှိ အခြားပြိုကျပျ-က်စီးခဲ့သည့် သာသနိက အဆောက်အအုံများကို ဖယ်ရှားရှင်းလင်းပြီးဖြစ်ကြောင်းလည်း သိရသည်။

သြစတြေးလျ၌ရေကြီး၍ပိ-တ်မိနေသူများကိုဝေဟင်မှပစ္စည်းများ ချပေး

သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းတွင် လူငါးဦး‌ေ-သဆုံးခဲ့ကာ သောင်းနှင့်ချီ၍ အဆက်အသွယ်ပြ-တ်တေ-ာက်မှုများဖြစ်ခဲ့သည့် ရေကြီးမှုများကြောင့် နူးဆော့ခ်ဝေးလ်ပြည်နယ်ရှိ ပိ-တ်မိနေသည့် မွေးမြူရေးသမားများအတွက် တိရစ္ဆာန်အစာများကို မေလ ၂၅ ရက် နေ့က ရဟတ်ယာဉ်များသုံးကာ ချပေးခဲ့သည်။ မြို့များ အဆက်အသွယ်ပြတ်တောက်ပြီး တိရစ္ဆာန်များ ရေမျောပါခဲ့ခြင်းနှင့် နေအိမ်များ ပျ-က်စီးမှုဖြစ်ခဲ့သည့် ရက်ပိုင်းကြာ ရေကြီးမှုဖြစ်ခဲ့ပြီးနောက် သြစတြေးလျနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးပြည်နယ်၏ ကမ်းရိုးတန်းဒေသတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ ရက်နှင့်ချီ၍ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ရေကြီး၍ အိမ်ခြေ (၁၀,၀၀၀) ခန့် ပျ-က်စီးနိုင်သည်ဟု အာဏာပိုင်များက ခန့်မှန်းသည်။ ရေကြီး‌သောကြောင့် ဒေသခံ (၃၂,၀၀၀)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071