Wednesday, December 31, 2025

မလေးရှားလေဆိပ်တွင် ၅ ရက်ကြာ သောင်တင်နေသည့်...

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့  အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နေ့က စတင်ပြီး ၅ ရက်ကြာ သောင်တင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ကွာလာလမ်ပူမြို့ရှိ...

မဟာမုနိဘုရားကြီး ရွှေထီးတော်အသစ်တင်လှူပွဲ နိုင်ငံတော်အဆင့် ကျင်းပရန်...

မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီး ရွှေထီးတော်အသစ်တင်လှူပူဇော်ပွဲကို နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ဒီဇင်ဘာ (၃၀)ရက်က မန္တလေးမဟာမုနိဘုရားကြီး...

ဆူးလေ ရှန်ဂရီလာ ဟိုတယ် ပြန်လည်ဖွင့်လှစ်

ကိုဗစ်ကာလတွင် ရပ်နားထားသည့် ဆူးလေရှန်ဂရီလာဟိုတယ်ကို ပြီးခဲ့သည့်ရက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ သို့သော် ဆူးလေရှန်ဂရီလာဟိုတယ်၏ အထပ်တိုင်းကို မဖွင့်သေးပဲ အောက်ထပ် တစ်ထပ်တည်းသာ ဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။ "...

မုံရွာမြို့နှင့် အနီးဝန်းကျင်ကျေးရွာပြည်သူများ မီးဘေးကြိုတင်ကာကွယ်နိုင်ရန် မီးငြှိမ်းသတ်ယာဉ်များ၊...

ပွင့်လင်းရာသီရောက်ရှိတော့မည်ဖြစ်၍ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ အသင့်ပြင်ဆင်ထားရှိကြောင်း သိရသည်။ ထို့ပြင် ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို ၂၀၂၅ -၂၀၂၆...
HomeNewsLocal Newsနေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်၊ ညောင်ပင်သာ-ရှားတော...

နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်၊ ညောင်ပင်သာ-ရှားတော ကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ ပေ (၁၈၀) ရေနိမ့်တံတားဖွင့်လှစ်

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ၊ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေတို့ဖြင့် တည်ဆောက်ခဲ့သော နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ညောင်ပင်သာ-ရှားတော ကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ Submersible Bridge ပေ (၁၈၀) ရေနိမ့်တံတားကို ဒီဇင်ဘာ ၃၀ ရက်၊နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

တံတားဖွင့်ပွဲကို အဆိုပါတံတား၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တံတားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တံတားသစ်ကို ဖြတ်သန်းကြည့်ရှုစစ်ဆေး၍ တပ်ကုန်းမြို့ “လှ” ချည်မျှင်ထုတ်လုပ်ရေးသမဝါယမအသင်း၏ “လှ” ဝါကြိတ်စက်ရုံနှင့် စက်ရက်ကန်းရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စု အုန်းပင်စုကျေးရွာ၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ်ပေးခဲ့သည့် အုန်းပင်စုကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲသို့ တက်ရောက်ပြီး ကုန်ထုတ်လမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မလေးရှားလေဆိပ်တွင် ၅ ရက်ကြာ သောင်တင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို နိုင်ငံသို့ ပြန်လာရန် ကူညီဆောင်ရွက်ပေးခဲ့

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့  အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နေ့က စတင်ပြီး ၅ ရက်ကြာ သောင်တင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ နေရပ်ပြန်နိုင်ရေးအတွက် ကူညီပေးခဲ့ကြောင်း သိရသည်။ ကွာလာလမ်ပူမြို အပြည်ပြည်ဆိုင်ရာလေဆိပ်၌ transit ပြုလုပ်စဉ် လေယာဉ်ပေါ် အချိန်မီ မရောက်ရှိဘဲ မလေးရှားလေဆိပ်တွင် ၅ ရက် ကြာ သောင်တင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးအား မလေးရှားလေဆိပ်မှ တာဝန်ရှိသူများ၏ အကြောင်းကြားချက်အရ ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှ ဝန်ထမ်းများက သွားရောက်ခေါ်ယူစောင့်ရှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ မြန်မာနိုင်ငံသားအား...

မဟာမုနိဘုရားကြီး ရွှေထီးတော်အသစ်တင်လှူပွဲ နိုင်ငံတော်အဆင့် ကျင်းပရန် စီစဉ်နေ

မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီး ရွှေထီးတော်အသစ်တင်လှူပူဇော်ပွဲကို နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ဒီဇင်ဘာ (၃၀)ရက်က မန္တလေးမဟာမုနိဘုရားကြီး ရွှေထီးတော် အသစ်ပြန်လည်တင်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ကျင်းပခဲ့သေးသည်။ မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် မဟာမုနိဘုရားကြီးနှင့် ဘုရားကြီးပရဝဏ်အတွင်းရှိ သာသနိက အဆောက်အအုံများထိခို-က်ပြိုကျပျ-က်စီးမှုများရှိခဲ့ပြီး ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ရခြင်းလည်း ဖြစ်သည်။ လက်ရှိ၌လည်း ထိခို-က်ပျ-က်စီးခဲ့မှုများကို ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိပြီး လုပ်ငန်းများ စနစ်တကျစီမံဆောင်ရွက်သွားကြရန်၊ အချိန်မီ ပြီးစီးရေးနှင့် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရန်အတွက် အားလုံးပူးပေါင်းဆောင်ရွက်သွားကြရန် အစည်းအဝေးတွင် မန္တလေးတိုင်းဝန်ကြီးချုပ်က မှာကြားထားသည်။ ဓာတ်ပုံ- မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့

ဆူးလေ ရှန်ဂရီလာ ဟိုတယ် ပြန်လည်ဖွင့်လှစ်

ကိုဗစ်ကာလတွင် ရပ်နားထားသည့် ဆူးလေရှန်ဂရီလာဟိုတယ်ကို ပြီးခဲ့သည့်ရက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ သို့သော် ဆူးလေရှန်ဂရီလာဟိုတယ်၏ အထပ်တိုင်းကို မဖွင့်သေးပဲ အောက်ထပ် တစ်ထပ်တည်းသာ ဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။ " ဟိုတယ်ရဲ့အထပ်တိုင်းကိုတော့ ပြန်မဖွင့်သေးဘူး။ အောက်ထပ်တစ်ထပ်တည်းကိုပဲ ဖွင့်တာပါ။ အစားအသောက်တန်းတစ်ခုတည်းကိုပဲဖွင့်တာပါ။ နေ့လည် ၁၁ နာရီကနေ ည ၉ နာရီအထိ ဖွင့်ပါတယ်" ဟု ဆူးလေရှန်ဂရီလာဟိုတယ်မှ ဝန်ထမ်းတစ်ဦးကပြောသည်။ ဆူးလေရှန်ဂရီလာဟိုတယ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန် မှစတင်ပြီး လက်ရှိအချိန်ထိ ပိ-တ်ထားခဲ့သည်မှာ (၄)နှစ်ကျော်ရှိပြီဖြစ်သည်။ ယင်းကဲ့သို့ ပိ-တ်ထားခဲ့သော်လည်း ဟိုတယ်နှင့် ဆက်စပ်လျက်ရှိသည့် Sule...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071