Saturday, February 14, 2026

ပုဒ်မခွဲ(ဇ)ကိုဖြည့်စွက်သည့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်တစ်ဦးဦးကို သတ်မှတ်သက်တမ်းထက်ပို၍ တာဝန်ပေးအပ်နိုင်သော ပုဒ်မခွဲ(ဇ)ကိုဖြည့်စွက်သည့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်ကထုတ်ပြန်ခဲ့သည်။ အဆိုပါ ဥပဒေအား...

ရွေးကောက်ပွဲအနိုင်ရ တာရစ်ရာမန်ကို မိုဒီ ဖုန်းဆက်ဂုဏ်ပြု

        အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် တာရစ်ရာမန်နှင့် ဖုန်းဆက်စကားပြောခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ၌ ၎င်း၏ အောင်ပွဲရမှုကို ဂုဏ်ပြုစကားပြောကြားခဲ့သည်။       စကားပြောဆိုစဥ် မစ္စတာရာမန်အနေဖြင့် ဘင်္ဂလားဒေ့ရှ်ပြည်သူများ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းရန် ကြိုးပမ်းအားထုတ်နိုင်ပါစေကြောင်းနှင့်...

အီရန်အစိုးရအပြောင်းအလဲကအကောင်းဆုံးအရာဖြစ်လိမ့်မည်–ထရမ့်ပ်

          အီရန်အပေါ် စစ်ရေးအရအရေးယူရန်သင့် မသင့် ကို အမေရိကန်အစိုးရက စဉ်းစားနေချိန်တွင် အီရန်နိုင်ငံ၌ အစိုးရပြောင်းလဲခြင်းသည်  အကောင်းဆုံးအရာဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်ပ်က သောကြာနေ့တွင် ပြောကြားခဲ့သည်။          မြောက်ကာရိုလိုင်းနား...

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်း၍ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအပါအဝင် စီမံကိန်းများစွာကိုဖော်ဆောင်နေ

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်း၍ မြစ်ဆုံရေအားလျှပ် စစ်စီမံကိန်းအပါအဝင် စီမံကိန်းများစွာကိုဖော်ဆောင်နေသည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်ညနေပိုင်းက ရန်ကုန်မြို့၌...
HomeInternationalနီပေါရွေးကောက်ပွဲနီးလာချိန်ဘုရင်စနစ်ထောက်ခံသူများ ဆန္ဒထုတ်ဖော်

နီပေါရွေးကောက်ပွဲနီးလာချိန်ဘုရင်စနစ်ထောက်ခံသူများ ဆန္ဒထုတ်ဖော်

အဂတိလိုက်စားမှုကို ဆန့်ကျင်သော ဂျန်ဇီးအုံကြွမှု ဖြစ်ပေါ်ပြီးနောက် ပထမဆုံးကျင်းပမည့် ရွေးကောက်ပွဲနီးလာချိန်တွင် နီပေါနိုင်ငံ၏ ဘုရင်ဟောင်းကို ထောက်ခံသူထောင်ပေါင်းများစွာသည် ဖေဖော်ဝါရီလ ၁၃ ရက် နေ့၌ ခတ္တမန္ဒူတွင် စုဝေးကာ အားလပ်ရက်အပန်းဖြေရာမှ နေရပ်ပြန်လာသော ၎င်းတို့၏ နောက်ဆုံးဘုရင် ဂါနန်ဒရာကို ကြိုဆိုခဲ့ကြသည်။
         
၂၀၀၈ ခုနှစ်တွင် ယခင်မော်ဝါဒီသူပုန်ဟောင်းများ လွှမ်းမိုးသော အထူးအစည်းအဝေးတစ်ရပ်၌ နီပေါနိုင်ငံ၏ ဘုရင်စနစ်ကို ဖျက်သိမ်းခဲ့ကာ ဟိန္ဒူဘာသာဝင်အများစုနေထိုင်သော ဟိမဝန္တာတောင်တန်းနိုင်ငံကိုဘာသာရေးဖြင့်အုပ်ချုပ်ခြင်းမဟုတ်သော သမ္မတနိုင်ငံအဖြစ် ပြောင်းလဲခဲ့သည်။
       
ထိုအချိန်မှစ၍ နောက်ဆုံးဘုရင်ဖြစ်သော မစ္စတာဂရန်နာဒါ(၇၈ နှစ်) သည် ခတ္တမန္ဒူရှိ ၎င်း၏ နေအိမ်တွင် သာမန်လူတစ်ဦးအဖြစ်နေထိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် နီပေါနိုင်ငံ၌ ပြီးခဲ့သည့် ၁၈ နှစ်တာကာလအတွင်း အစိုးရအပြောင်းအလဲ ၁၄ ကြိမ်ဖြစ်ခဲ့ကာ မတည်ငြိမ်မှုများကြောင့် ရင်းနှီးမြှုပ်နှံသူများကို စိုးရိမ်ထိန်လန့်စေပြီး တိုးတက်မှုကို နှောင့်နှေးစေခဲ့သည်။
        
ဖေဖော်ဝါရီလ ၁၃ ရက် နေ့ တွင် ဘုရင်စနစ်ကို ထောက်ခံသော ဆန္ဒပြသူများသည် နီပေါနိုင်ငံအရှေ့ပိုင်းတွင် သုံးလကြာ အားလပ်ရက်အပန်းဖြေပြီးနောက် လေဆိပ်မှ ၎င်း၏ နေအိမ်ရှိရာသို့ ကားဖြင့်ပြန်လာသော မစ္စတာ ဂါနန်ဒရာကို ပန်းစည်းများ ပေးအပ်ပြီး နိုင်ငံတော်အလံများ ဝှေ့ယမ်းကာ “ဘုရင်ကြီး ပြန်လာပါ၊ တိုင်းပြည်ကို ကယ်တင်ပါ” ဟု အော်ဟစ်ကြိုဆိုခဲ့ကြသည်။
      
“ဘုရင်ဟာ နီပေါလူမျိုးအားလုံးကို ဂရုစိုက်စောင့်ရှောက်နိုင်တဲ့ အုပ်ထိန်းသူဖြစ်တာကြောင့် ဘုရင်စနစ်ကို ကျွန်တော်တို့ ပြန်ထူထောင်ရပါမယ်။ အဂတိလိုက်စားတဲ့ နိုင်ငံရေးသမားများစွာ မလုပ်နိုင်ခဲ့တဲ့အရာပါ” ဟု ဂါနန်ဒရာကို ထောက်ခံသူ အသက် ၅၅ နှစ်အရွယ် ဆန်နာတန် ပရာဆတ် ရက်မီက ပြောဆိုခဲ့ပြီး သမ္မတနိုင်ငံသည် မိမိတို့အတွက် အသုံးမဝင်ဟု ဆိုခဲ့သည်။
          
နီပေါလူမျိုးအများအပြားသည် ရီပတ်ဘလီကန်အစိုးရအပေါ် စိတ်ပျက်လက်ပျက်ဖြစ်ရမှုကို ထုတ်ဖော်ဖွင့်ဟခဲ့ကြပြီး အစိုးရသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်များ ပိုမိုဖန်တီးရေးဆိုင်ရာ ကတိကဝတ်များကို မဖြည့်ဆည်းနိုင်ခဲ့ကြောင်း စွပ်စွဲခဲ့ကြသည်။
       
စက်တင်ဘာလအတွင်း ဂျန်ဇီးလူငယ်များဦးဆောင်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး မငြိမ်သက်မှုများတွင် လူ ၇၇ ယောက်သေဆုံးခဲ့ရပြီး ဝန်ကြီးချုပ် ကေပီ ရှားမာအိုလီလည်း ရာထူးမှနုတ်ထွက်ခဲ့ရသည်။
           
မတ်လ ၅ ရက်တွင် လွှတ်တော်အသစ်အတွက် ရွေးကောက်ပွဲအသစ် ကျင်းပရန် စီစဉ်ထားပြီး ဘုရင်စနစ်ဖွဲ့စည်းပုံကို ပြန်လည်ထူထောင်ရေးကို ထောက်ခံသော တော်ဝင်ဝါဒီအုပ်စုတစ်ခုသည် လွှတ်တော်အမတ်နေရာ ၂၇၅ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ ၆၅ ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပုဒ်မခွဲ(ဇ)ကိုဖြည့်စွက်သည့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်တစ်ဦးဦးကို သတ်မှတ်သက်တမ်းထက်ပို၍ တာဝန်ပေးအပ်နိုင်သော ပုဒ်မခွဲ(ဇ)ကိုဖြည့်စွက်သည့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်ကထုတ်ပြန်ခဲ့သည်။ အဆိုပါ ဥပဒေအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ ပုဒ်မ ၈ ပုဒ်မခွဲ(ဆ)၏နောက်တွင် ပုဒ်မခွဲ(ဇ) ကိုဖြည့်စွက်ခဲ့ခြင်းဖြစ်သည်။ ဖြည့်စွက်ခဲ့သည့် ပုဒ်မခွဲ(ဇ)၌ လိုအပ်ပါက နာယကအဖွဲ့သည် တာဝန်ခံဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်တစ်ဦးဦးကို သတ်မှတ်သက်တမ်းထက်ပို၍ တာဝန်ပေးအပ်နိုင်သည်ဟု ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်...

ရွေးကောက်ပွဲအနိုင်ရ တာရစ်ရာမန်ကို မိုဒီ ဖုန်းဆက်ဂုဏ်ပြု

        အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် တာရစ်ရာမန်နှင့် ဖုန်းဆက်စကားပြောခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ၌ ၎င်း၏ အောင်ပွဲရမှုကို ဂုဏ်ပြုစကားပြောကြားခဲ့သည်။       စကားပြောဆိုစဥ် မစ္စတာရာမန်အနေဖြင့် ဘင်္ဂလားဒေ့ရှ်ပြည်သူများ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းရန် ကြိုးပမ်းအားထုတ်နိုင်ပါစေကြောင်းနှင့် ထောက်ခံအားပေးပါကြောင်း ဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့သည်။       နှစ်နိုင်ငံအကြား နီးကပ်ပြီး ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို မီးမောင်းထိုးပြလျှက် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နက်ရှိုင်းသော သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးများဖြင့် စည်းနှောင်ထားသော အိမ်နီးချင်းများဖြစ်ကြကြောင်း မိုဒီက မှတ်ချက်ပြု ပြောကြားခဲ့သည်။ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ ငြိမ်းချမ်းရေး၊ တိုးတက်ရေးနှင့် ကြွယ်ဝချမ်းသာရေးဆက်လက်ဆောင်ရွက်သွားရန် အိန္ဒိယက ထပ်လောင်းကတိပြုကြောင်း...

အီရန်အစိုးရအပြောင်းအလဲကအကောင်းဆုံးအရာဖြစ်လိမ့်မည်–ထရမ့်ပ်

          အီရန်အပေါ် စစ်ရေးအရအရေးယူရန်သင့် မသင့် ကို အမေရိကန်အစိုးရက စဉ်းစားနေချိန်တွင် အီရန်နိုင်ငံ၌ အစိုးရပြောင်းလဲခြင်းသည်  အကောင်းဆုံးအရာဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်ပ်က သောကြာနေ့တွင် ပြောကြားခဲ့သည်။          မြောက်ကာရိုလိုင်းနား Ft.Bragg ရှိ တပ်ဖွဲ့ဝင်များထံ အလည်အပတ်သွားရောက်ခဲ့ပြီး မကြာမီတွင် အရှေ့အလယ်ပိုင်းဒေသသို့ ဒုတိယမြောက်လေယာဉ်တင်သင်္ဘောအုပ်စုကို စေလွှတ်လိုက်ခြင်းကိုသူ အတည်ပြုခဲ့ပြီးနောက်တွင် ထရမ့်ပ်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။           အီရန်တွင် အစ္စလာမ်မစ်ဘာသာရေးခေါင်းဆောင်များ၏ အုပ်ချုပ်မှုကို ဖြုတ်ချရန် ဖိအား ပေးခြင်းနှင့် ပတ်သက်၍ သတင်းထောက်များနှင့် အပြန်အလှန် အမေးအဖြေလုပ်ခဲ့ရာတွင် “ဒီအချက်က ဖြစ်နိုင်သမျှထဲမှာ အကောင်းဆုံးအရာဖြစ်မယ်လို့ ထင်ပါတယ်” ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071