နီပေါအရှေ့ပိုင်းရှိ တောရိုင်းပျားရည်ကို ဧပရယ်လပြည့်ဝန်းကျင်တွင် ဖွတ်ကြလေ့ရှိသည်။
ဟိမဝန္တာတောင်ခြေမှ သာယာလှပသောရွာလေးမှ ပျားအိမ်ဖွဲ့ရာချောက်ကမ်းပါးသို့ ခုနစ်နာရီကြာခန့်လမ်းလျှောက်သွားကြရသည်။
မတ်စောက်လှသည့် တောင်ပေါ်ရှိ အပေါက်လေးများကို ကိုင်တွယ်သွားလာနေသော ပျားဖွတ်သူများအတွက်နည်းနည်းလေးလွဲရုံဖြင့် ဘဝတခုလုံး ချေ-ာ်ကျသွားနိုင်သည်။
ဝါးကြိုးလှေခါး၊ တောင်း၊ တုတ်၊ မြက်များနှင့် သစ်တုံးများ( မြက်များနှင့် သစ်တုံးများကိုရှို့ရာမှထွက်သည့်မီးခိုးငွေ့ဖြင့်ပျားဖွတ်ကြသည်)က ပျားမုဆိုး၏လက်နက်ဟုခေါ်သော်ရ၏။
ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်း၊ ခေတ်မမီခြင်းများက ၎င်းတို့၏ နေထိုင်မှုပုံစံအပေါ် သက်ရောက်မှုရှိမနေဘဲအကြောက်တရားကင်းပြီး မှော်ဆန်လှသည့် ပျားဖွတ်သည့်လုပ်ရပ်များက ကမ္ဘာကိုမှင်သက်စေသည်။ ဤသည်ကပင်ကမ္ဘာလှည့်ခရီးသွားကို ဆွဲဆောင်လေသည်။
Apis Laboriosaပျားကြီး သည် ကမ္ဘာ့အကြီးဆုံး ပျားရိုင်းမျိုးဖြစ်ပြီး၊နီပေါတွင် ဘီယာမွိုင်ဟုခေါ်ကြကာ ချေ-ာက်ကမ်းပါးပျား ဟုဘာသာပြန်ဆိုကြသည်။ပျားဖယောင်းများမှာ ၂မီတာလောက်ထိ ရှည်တတ်သည်။ ထိုပျားအုံမှရသည့် ပျားရည်သည် စိတ်ကိုအလွန်သာယာလန်းဆန်းစေသဖြင့် ရူးလောက်သည့်ပျားရည်ဟု တင်စားခေါ်ဝေါ်ကြသည်။ ဆေးဘက်ဝင်အောင် ဖော်စပ်အသုံးပြုကြသည်။
ဤမျှလောက် စိတ်ဝင်စားစရာကောင်းသည့် တောပျားရည်အစစ်သည် ကမ္ဘာ့ ထိပ်တန်းပျားရည် ၅မျိုးတွင်တော့မပါဝင်သေးပေ။ကမ္ဘာ့အကောင်းဆုံးပျားရည် အဆင့် ၅ ရှိသည့် တုကီယေးမှ အဲလ်ဗစ် ပျားရည်သည် တစ်ဂရမ်ကို ဒေါ်လာ ၇၀၀၀နီးပါးရှိလေသည်။
နီပေါပျားရိုင်းများ၏ ကမ်းပါးအောက်က သဘာဝပျားရည်စျေးက တစ်ရာဂရမ်ကို ဒေါ်လာ ၅၀မှ ၃၀၀ ကြားပေါက်သည်။
Ref: abc.net.au
:worldnomad.com
