Monday, May 4, 2026

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ...

ဖိလစ်ပိုင်တွင် မီးတောင်မှပြာများကျ၍ မြို့ရွာများမှောင်အတိကျ

မေလ ၄ ရက် မေယွန် မီးတောင်၏ တောင်စောင်းများမှ ချော်ရည်များ ပြိုကျမှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က မီးတောင်ပြာများ အများအပြား ထွက်ပေါ်လာခဲ့ပြီးနောက် မိသားစုပေါင်း...

ယူအက်စ်၏ လူကုန်ကူးမှုတို-က်ဖျ-က်ရေး အစီရင်ခံစာတွင်ထိုင်းက ပထမတန်း...

မေလ ၃ ရက် ထိုင်းအစိုးရသည် လူကုန်ကူးမှု တို-က်ဖျ-က်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဟု ကတိပြုထားပြီး၊ ၂၀၂၅ ခုနှစ်အထိ ၄ နှစ်ဆက်တိုက်...

ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဇီဝလုံခြုံမှု မြှင့်တင်ရန်...

ကြက်ငှက်တုပ်ကွေး ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ် ပွားသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ရာသီမရွေး ဖြစ် ပွားနိုင်သဖြင့် ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးလုပ်ငန်းများတွင်...
HomeInternationalနီပေါက ဘုရားဖူးလမ်းကြောင်းကိစ္စ အိန္ဒိယနှင့်တရုတ်ထံသံတမန်ရေး...

နီပေါက ဘုရားဖူးလမ်းကြောင်းကိစ္စ အိန္ဒိယနှင့်တရုတ်ထံသံတမန်ရေး မှတ်ချက်များ ပေးပို့

ခတ္တမန္ဒူ မေ ၃

လီပူလက်ခ် ကိုဖြတ်၍ နီပေါနိုင်ငံပိုင်နက်ဟု ဆိုထားသော ကေးလက်စ် မန်ဆာရိုဗာ ဘုရားဖူးလမ်းကြောင်းအတွက် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ထံ သံတမန်ရေးမှတ်ချက်များကို ပေးပို့ခဲ့သည်။

တနင်္ဂနွေနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနသည် လီပူလက်ခ် မှတစ်ဆင့် ခရီးသွားလာမှု စတင်နေပြီဖြစ်ကြောင်း သတင်း များထွက်ပေါ်လာပြီးနောက် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ၎င်း၏ပထမဆုံးတရားဝင်ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ နီပေါနိုင်ငံသည် ကာလီလက်ရှ်မန်ဆာရိုဗာယတ်တရာ နှင့်ပတ်သက်သည့် သံတမန်လမ်းကြောင်းများမှတစ်ဆင့် ၎င်း၏ ရပ်တည်ချက်နှင့် စိုးရိမ်မှုများကို အိမ်နီးချင်း နှစ်နိုင်ငံ စလုံးထံ တင်ပြခဲ့ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ လော့ခ်ဗဟာဒူးရ် ပူဒယ်လ် ချက်ထရီ က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် လီပူလက်ခ် မှတဆင့် ဘုရားဖူးလမ်းကြောင်းကို တစ်ဖက်သတ်ဖွင့်ရန် ပြင်ဆင်နေပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခြောက်နှစ်ကြာ ပိတ်ထားသည့် ကုန်သွယ်ရေးကိုလည်း ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေသည်။

မီဒီယာများ၏မေးမြန်းချက်များကို ဖြေကြားရာတွင် 1816 Sugauli စာချုပ်အရ Limpiyadhura၊ Lipulekh နှင့် Kalapani တို့သည် မဟာကာလီ (Mahakali) မြစ်အရှေ့ဘက်ရှိ နီပေါနိုင်ငံ၏ အဓိကကျသော အစိတ်အပိုင်းများဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

လမ်းဖေါက်လုပ်ခြင်း၊ တိုးချဲ့ခြင်း၊ နယ်စပ်ကုန်သွယ်ရေးနှင့် ဘုရားဖူးခရီးများ အပါအဝင် ဒေသတွင်း လှုပ်ရှားမှုများကို ရှောင်ကြဉ်ရန် နီပေါက အိန္ဒိယအား တစိုက်မတ်မတ် တိုက်တွန်းခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လီပူလက်ခ်သည် နီပေါပိုင်နက်အတွင်း၌ တည်ရှိကြောင်း တရုတ်ကိုလည်း တရားဝင် အကြောင်းကြားထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

သမိုင်းဝင် စာချုပ်များ၊ အချက်အလက်များ၊ မြေပုံများနှင့် အထောက်အထားများအပေါ် အခြေခံ၍ နီပေါနိုင်ငံသည် အိန္ဒိယနှင့်နယ်စပ်အငြင်းပွားမှုကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် ကတိပြုထားကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နီပေါ၏တရားဝင်မြေပုံတွင် Limpiyadhura၊ Lipulekh နှင့် Kalapani ပါ၀င်သော်လည်း အိမ်နီးချင်းနှစ်နိုင်ငံ စလုံး သည် ထိုဒေသတစ်လျှောက် ကုန်သွယ်မှုနှင့် ဘုရားဖူးခရီးစဉ် များလုပ်ဆောင်ရန် သဘောတူညီချက်များရရှိထားကြသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် 2025 ခုနှစ်သြဂုတ်လတွင်အိန္ဒိယနိုင်ငံသို့သွားရောက်လည်ပတ်စဉ်အတွင်းနယ်စပ်ကုန်သွယ်ရေးပြန်လည်ဖွင့်လှစ်ရန်သူ၏အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S Jaishankar နှင့်သဘောတူညီချက် တစ်ခုရရှိခဲ့သည်။

Ref ခတ္တမန္ဒူပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ ရေကြောင်းကုန်သွယ်မှု လုပ်ငန်းအဖွဲ့ က ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့က ၎င်းတို့၏ X လူမှုကွန်ရက်စာမျက်နှာရှိ ပို့စ်တစ်ခုတွင် ရေးသားဖော်ပြရာ၌ တနင်္ဂနွေနေ့ ဂရင်းနစ်စံတော်ချိန် ၁၉၄၀ နာရီခန့်တွင် အဆိုပါသင်္ဘောထံမှ သတင်းပေးပို့ချက်ကို လက်ခံရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။ အဆိုပါ သတင်းပို့ချက်အရ သင်္ဘောသည် ဟော်မုဇ်ရေလက်ကြားအနီးရှိ ယူအေအီး နိုင်ငံ ဖူဂျိုင်ရာ မြို့၏ မြောက်ဘက်...

ဖိလစ်ပိုင်တွင် မီးတောင်မှပြာများကျ၍ မြို့ရွာများမှောင်အတိကျ

မေလ ၄ ရက် မေယွန် မီးတောင်၏ တောင်စောင်းများမှ ချော်ရည်များ ပြိုကျမှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က မီးတောင်ပြာများ အများအပြား ထွက်ပေါ်လာခဲ့ပြီးနောက် မိသားစုပေါင်း ၃၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရကြောင်း ဖိလစ်ပိုင် အရာရှိများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ဇန်နဝါရီလကတည်းက အင်အားအနည်းငယ်ဖြင့် မကြာခဏ ပေါက်ကွဲနေသော မေယွန်မီးတောင်သည် ကြီးမားစွာ ပေါက်ကွဲထွက်လာခြင်းမျိုး မဟုတ်သော်လည်း မီးတောင်၏ အနောက်တောင်ဘက် တောင်စောင်းပေါ်တွင် စုပုံနေသော ချော်ရည်ထုကြီးသည် စနေနေ့ ညမမှောင်မီအချိန်တွင် ရုတ်တရက် အောက်သို့ ပြိုကျကာ အပူရှိန်ပြင်းသော...

ယူအက်စ်၏ လူကုန်ကူးမှုတို-က်ဖျ-က်ရေး အစီရင်ခံစာတွင်ထိုင်းက ပထမတန်း အဆင့်ရရှိရန်ရည်မှန်း

မေလ ၃ ရက် ထိုင်းအစိုးရသည် လူကုန်ကူးမှု တို-က်ဖျ-က်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဟု ကတိပြုထားပြီး၊ ၂၀၂၅ ခုနှစ်အထိ ၄ နှစ်ဆက်တိုက် ရောက်ရှိနေခဲ့သည့် ဒုတိယတန်း အဆင့်မှ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာတွင် ပထမတန်းအဆင့်သို့ တက်လှမ်းနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ အစိုးရပြောရေးဆိုခွင့်ရှိသူ ရာချဒါ ဒ်နာဒီရက် က ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောကြားရာတွင် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်လာခြင်းနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အစီအမံများ ပိုမိုခိုင်မာလာခြင်းတို့ကြောင့် ထိုင်းနိုင်ငံအနေဖြင့် မကြာမီအတွင်း အမေရိကန်၏ လူကုန်ကူးမှုတိုက်ဖျက်ရေး အကဲဖြတ်မှုတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071