Tuesday, June 2, 2026

ပထမဆုံးအဖွင့်ပွဲစဥ်အတွက် အဆင်သင့်ဖြစ်နေပြီဟု မြန်မာအမျိုးသမီးအသင်း နည်းပြချုပ်...

မနက်ဖြန် ဇွန် ၃ ရက်နေ့ ညနေပိုင်း၌ သုဝဏ္ဏကွင်းအတွင်း ကျင်းပမည့် သုံးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ AYA Tri Nations Cup 2026...

ထောက်ကြန့်တွင် ယာဉ်မောင်းလိုင်စင်စစ်ဆေးရေးရုံးခွဲသစ် ဇွန်လ ၈...

ရန်ကုန်မြို့၊ ထောက်ကြန့်တွင် ယာဉ်မောင်းလိုင်စင်စစ်ဆေးရေးရုံးခွဲတစ်ခုကို လာမည့် ဇွန်လ ၈ ရက်နေ့မှ စတင်ကာ တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းလိုင်စင် ဖြေဆိုလိုသူများအတွက် ဝန်ဆောင်မှုများ ပိုမိုမြန်ဆန်ချောမွေ့စေရန်...

ကော့ကရိတ်မြို့နယ်တွင် အခြေခံပညာစာသင်ကျောင်း (၁၇၃)ကျောင်းဖွင့်လှစ်

ရန်ကုန်တိုင်း၊ ကော့ကရိတ်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပ ညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများစတင်ဖွင့်လှစ်သည့် ဇွန် ၁ ရက်တွင် ကျောင်းပေါင်း (၁၇၃)ကျောင်းဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။ ထို့အတူ ယနေ့...

ကော့ကရိတ်မြို့နယ်တွင် အခြေခံပညာစာသင်ကျောင်း (၁၇၃)ကျောင်းဖွင့်လှစ်

ရန်ကုန်တိုင်း၊ ကော့ကရိတ်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပ ညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများစတင်ဖွင့်လှစ်သည့် ဇွန် ၁ ရက်တွင် ကျောင်းပေါင်း (၁၇၃)ကျောင်းဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။ ထို့အတူ ယနေ့...
HomeNewsLocal Newsနိုင်ငံ့ဝန်ထမ်းများ အဂတိတရားမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို...

နိုင်ငံ့ဝန်ထမ်းများ အဂတိတရားမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်မည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းပြော

နိုင်ငံ့ဝန်ထမ်းများ အဂတိတရားကင်းရှင်းရေးနှင့်ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ ဇွန် ၁ ရက်တွင် ရန်ကုန်မြို့၌ပြုလုပ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိတရားများကင်းရှင်းပြီး စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်များကိုလိုက်နာဆောင်ရွက်မှသာ ပြည်သူများ၏ယုံကြည်မှုကိုရရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်မည်ဟု ပြောသည်။

ထို့ပြင် ကောင်းမွန်သည့်အုပ်ချုပ်ရေးကိုပုံဖော်ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာအလွန်အရေးပါပြီး နိုင်ငံ့ဝန်ထမ်းများနှင့် အဖွဲ့အစည်းများအတွင်း ကျင့်ဝတ်သိက္ခာစောင့်ထိန်းမှုနှင့် အများပြည်သူ၏ယုံကြည်မှုကိုတည်ဆောက်ရန်အရေးကြီးကာ ဝန်ထမ်းများသည် နိုင်ငံတော်နှင့် ပြည်သူများကြား ဆက်သွယ်ပေးသည့် ပေါင်းကူးတံတားများဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့အတူ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူကလည်း အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများပျက်စီးစေနိုင်ကာ အဂတိလိုက်စားမှုများကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့် အရးယူခံရမည့်အပြင် မိမိ၏ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေနိုင်၍ သိရှိရှောင်ကြဉ်ကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင်လည်း ကိုယ်တိုင်ပါဝင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပထမဆုံးအဖွင့်ပွဲစဥ်အတွက် အဆင်သင့်ဖြစ်နေပြီဟု မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် သစ် Mr. Mitsuo Katoh ပြော

မနက်ဖြန် ဇွန် ၃ ရက်နေ့ ညနေပိုင်း၌ သုဝဏ္ဏကွင်းအတွင်း ကျင်းပမည့် သုံးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ AYA Tri Nations Cup 2026 အဖွင့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီဟု မြန်မာအမျိုးသမီးအသင်း နည်းပြချုပ်သစ် Mr. Mitsuo Katoh ပြောကြားသည်။ယနေ့ ကျင်းပပြုလုပ်သည့် ပွဲကြိုသတင်း စာရှင်းလင်းပွဲအတွင်း ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ကာ ၊ အသင်းအား ရောက်ရှိသည်မှာ (၁၀)ရက်ဝန်းကျင်သာရှိ‌သေးသော်လည်း ၎င်း၏ ယုံကြည်ချက်ကို ဖွင့်ဟ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ "အခုအချိန်မှာ ကစားသမားတိုင်းဟာ ကျွန်တော့်ရဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ လို လားချက်တွေကို...

ထောက်ကြန့်တွင် ယာဉ်မောင်းလိုင်စင်စစ်ဆေးရေးရုံးခွဲသစ် ဇွန်လ ၈ ရက်၌ စတင်ဖွင့်လှစ်မည်

ရန်ကုန်မြို့၊ ထောက်ကြန့်တွင် ယာဉ်မောင်းလိုင်စင်စစ်ဆေးရေးရုံးခွဲတစ်ခုကို လာမည့် ဇွန်လ ၈ ရက်နေ့မှ စတင်ကာ တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းလိုင်စင် ဖြေဆိုလိုသူများအတွက် ဝန်ဆောင်မှုများ ပိုမိုမြန်ဆန်ချောမွေ့စေရန် ရည်ရွယ်၍ ထိုသို့ စီစဉ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး) ၌ Online Booking စနစ်ဖြင့် ယာဉ်မောင်းလိုင်စင် စစ်ဆေးထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသော်လည်း ယခုအခါ လာရောက်ဖြေဆိုသူ ဦးရေ အဆမတန် များပြားလာသည်ဟုလည်း ဆိုသည်။ ထို့ကြောင့် ပြည်သူများ အချိန်ကုန်သက်သာစေရန် ယခုကဲ့သို့ ရုံးခွဲသစ်ကို တိုးချဲ့ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အတွက်...

ကော့ကရိတ်မြို့နယ်တွင် အခြေခံပညာစာသင်ကျောင်း (၁၇၃)ကျောင်းဖွင့်လှစ်

ရန်ကုန်တိုင်း၊ ကော့ကရိတ်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပ ညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများစတင်ဖွင့်လှစ်သည့် ဇွန် ၁ ရက်တွင် ကျောင်းပေါင်း (၁၇၃)ကျောင်းဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။ ထို့အတူ ယနေ့ ဇွန် ၂ ရက်တွင်လည်း ကျောင်းအပ်နှံသည့် ကျောင်းသား/သူ(၁၉,၈၉၇)ဦးအနက် ကျောင်းသား/သူ(၁၉,၇၆၀)ဦးရှိခဲ့ကာ အခြေခံပညာစာသင်ကျောင်း (၁၅)ကျောင်းကိုလည်း ဆက်လက်ဖွင့်လှစ်နိုင်ရန် သက် ဆိုင်ရာဌာနသို့တင်ပြထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071