နိုင်ငံအနာဂတ်အတွက် စီးပွားရေးပညာ၏ ဉာဏစွမ်းအားများပါဝင်ရန်လိုအပ်မှုနှင့် ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ နိုဝင်ဘာ ၂၈ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာနိုင်ငံ“စီးပွားရေး ပညာနှစ် (၁၀၀)”ရာပြည့်အထိမ်းအမှတ်အခမ်းအနား၌ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
အနာဂတ်တွင်တွေ့ကြုံရမည့် စီးပွားရေးနှင့်ပတ်သက်သည့်အခက်အခဲများကို ကမ္ဘာ့နိုင်ငံများကလေ့လာသုတေသနပြု၍ သုံးသပ်တွက်ချက်ပြင်ဆင်လာကြရာ၌ သက်ဆိုင်ရာနိုင်ငံများ၏ ပြည်တွင်းစီးပွားရေးအခြေအနေ၊ လူ့အရင်းအမြစ်၊ သယံဇာတအရင်းအမြစ်နှင့် ငွေကြေးဓနအင်အားအခြေအနေအလိုက် ဆီလျော်သည့်နည်းလမ်းအမျိုးမျိုးကို ရှာဖွေချဉ်းကပ်ကြိုးပမ်းဆောင်ရွက်လာကြသည်ဟု ပြောသည်။
ထိုသို့ဆောင်ရွက်ရာတွင် အကြပ်အတည်း ပြဿနာဖြေရှင်းနိုင်သည့် စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ရလဒ်ကွာခြားနိုင်သည်ကို လေ့လာတွေ့ရှိနိုင်ခြင်းကြောင့် စွမ်းဆောင်ရည်အခြေခံလိုအပ်ချက်များကို ပြင်ဆင်တည်ဆောက်နိုင်မှသာ နိုင်ငံအတွက် မျက်မှောက်ကာလသာမက အနာဂတ်ကာလတွင်ပါဖြစ်ပေါ်လာနိုင်သည့် ဖွံ့ဖြိုးမှုအလားအလာများကို ချဉ်းကပ်ဆောင်ရွက်နိုင်မည်ဟု ပြောသည်။
” ဒါ့ကြောင့် နိုင်ငံအနာဂတ်အတွက် “မေခရိုစီးပွားရေးမူဝါဒများ” နဲ့ “အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ”ရေးဆွဲအကောင်အ ထည်ဖော်နိုင်ဖို့ကိုဆောင်ရွက်ကြရပါမယ်။ အဲဒီ လုပ်ငန်းစဥ်မှာ စီးပွားရေးပညာရဲ့ ဉာဏစွမ်းအားတွေပါဝင်ဖို့ လိုအပ်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးစိန် ခေါ်မှုများအား ရင်ဆိုင်ကျော်လွှားနိုင်ရန် နိုင်ငံ ရေးဘောဂဗေဒ(Political Economy)အမြင်နှင့် လေ့လာသုတေသနပြုကာ နိုင်ငံအနာဂတ်အ တွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ဝိုင်းဝန်းကြိုးပမ်းကြရမည်ဟု နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။