Sunday, December 14, 2025

နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ဘုန်းတော်ကြီးကျောင်းဆောင်မီးလောင်မှုတွင် ခေါင်းဆေးကျွန်းဆရာ တော်ကြီး၏ရုပ်ထုတော်ပျက်စီးခြင်းမရှိခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ခေါင်းဆေးကျွန်းမှ နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းဆောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နံ နက် ၈ နာ ရီခန့်က...

တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊...

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊ စနူကာ၊...

ထရမ့်၏မူဝါဒများကို ဆန္ဒပြရန် လူရာနှင့်ချီ အိမ်ဖြူတော်‌ရှေ့...

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် အစိုးရအဖွဲ့၏ မူဝါဒအပေါ် မကျေနပ်ချက်ကို ဖော်ပြရန်အတွက် လူရာနှင့်ချီသော ဆန္ဒပြသူများသည် အိမ်ဖြူတော်ရှေ့သို့ စုဝေးရောက်ရှိလာကြသည်။ ဆန္ဒပြသူ အများအပြားက "ထရမ့်ချက်ချင်းထွက်သွားပါ၊"...

အိန္ဒိယက တရုတ်ကျွမ်းကျင်ပညာရှင်များအတွက် ဗီဇာကို ဖြေလျှော့ပေး

         အိန္ဒိယသည် တရုတ်ကျွမ်းကျင်ပညာရှင်များအတွက် စီးပွားရေးလုပ်ငန်းဗီဇာကိုမြန်ဆန် စွာရရှိစေရန် ကြိုးနီစနစ်များကို ဖြေလျှော့ပေးခဲ့ကြောင်း အရာရှိနှစ်ဦးက ပြောကြားခဲ့ပြီး အဆိုပါ ဆောင်ရွက်ချက်သည် အာရှအင်အားကြီးနှစ်နိုင်ငံအကြား ဆက်ဆံရေးကို မြှင့်တင်ရန်နှင့်...
HomeNewsLocal Newsနိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ဥပဒေပါ...

နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ဥပဒေပါ အခွင့်အရေးများ ဖေ-ာက်ဖျ-က်ခြင်းခံရပါက လူ့အခွင့်အရေးကော်မရှင်သို့တိုင်ကြားနိုင်

နိုင်ငံသားတစ်ဦးသည် ဖွဲ့စည်းပုံအခြခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်ညအရေးနှင့် ဥပဒေပါ အခွင့်အရေးများကို ဖေ-ာက်ဖျ-က်ခြင်းခံရပါကတိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်က အသိပေးထုတ်ပြန်သည်။

ထို့အပြင် နိုင်ငံတော်က လက်ခံထားသည့် လူ့အခွင့်အရေးနှင့် သက်ဆိုင်သောအပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ သဘောတူစာချုပ်များတွင် ပါရှိသည့် လူ့အခွင့်အရေးများကို ဖောက်ဖျက်ခြင်းခံရပါက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥပဒေ ပုဒ်မ ၃ဝ အရ ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူတစ်ဦးအတွက်သော်လည်းကောင်း၊ လူတစ်စုကို ကိုယ်စားပြု၍ သော်လည်းကောင်း ကော်မရှင်သို့ တိုင်ကြားနိုင်သည်ဟု ဆိုသည်။

တိုင်ကြားမှုကို ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အမှတ် (၂၇) ၊ (၆) မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့ နယ်၊ ရန်ကုန်မြို့သို့ လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်(ရုံးခွဲ) နေပြည်တော်၊ မန္တလေး၊ စစ်တွေ၊ ပုသိမ်မြို့ တို့သို့လည်းကောင်း လိပ်မူ၍ စာတိုက်မှဖြစ်စေ၊ သက်ဆိုင်ရာ ကော်မရှင်ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖက်စ် ၀၁၈-၆၅၄၆၇၈၊ ကော်မရှင် e-mail လိပ်စာ ဖြစ်သော [email protected] တို့မှ တစ်ဆင့်ဖြစ်စေပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။

တိုင်ကြားရာတွင်လည်း (က)တိုင်ကြားသူ၏ အမည်၊ အမြဲတမ်းနေရပ်လိပ်စာနှင့် ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ (ဆက်သွယ်ရန်ဖုန်း၊ ဖက်စ်နှင့် e-mail တို့ရှိလျှင် ထည့်သွင်းဖော်ပြရန်)၊ (ခ)တိုင်ကြားသူသည် မည်ကဲ့သို့ လူ့အခွင့်အရေး ဖေ-ာက်ဖျ-က်ခံရပြီး နစ်နာဆုံးရှုံးကြောင်း ပြည့်စုံစွာဖော်ပြချက်၊ လိုအပ်ပါက မှတ်တမ်းဓာတ်ပုံနှင့် အထောက်အထားမိတ္တူများ ပူးတွဲလျက်ပေးပို့ရန်၊ (ဂ) တိုင်ကြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ မဖြစ်မနေ ပူးတွဲပေးပို့ရန်၊ (ဃ) တိုင်ကြားချက်ပါ အကြောင်းအရာများ မှန်ကန်ကြောင်း တိုင်ကြားသူမှ လက်မှတ် ရေးထိုးပေးပို့ရန်လိုအပ်ကြောင်း ဆိုသည်။

ကော်မရှင်သည် ယင်းတိုင်ကြားချက်များကို စိစစ်၍ ကော်မရှင်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စုံစမ်းစစ်ဆေးပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ဘုန်းတော်ကြီးကျောင်းဆောင်မီးလောင်မှုတွင် ခေါင်းဆေးကျွန်းဆရာ တော်ကြီး၏ရုပ်ထုတော်ပျက်စီးခြင်းမရှိခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ခေါင်းဆေးကျွန်းမှ နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းဆောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နံ နက် ၈ နာ ရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း ခေါင်းဆေးကျွန်းဆရာတော်ကြီး၏ ရုပ်ထုတော်မှာပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။ မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြ၍ နံ နက် ၈ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သော်လည်း ကျောင်း ဆောင်ကြီးမှာမူ ပျက်စီးဆုံးရှုံးခဲ့သဖြင့် လူမှုကူညီရေးအသင်းဝင်များက ပျက်စီးမှုများအားရှင်းလင်းဖယ်ရှားပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ဒီဇင်ဘာ ၁၁ ရက်တွင်လည်း မွန်ပြည်နယ်ဝန် ကြီးချုပ်နှင့်တာဝန်ရှိသူများမှ မီးလောင်ပျက်စီးသွားသည့် ကျောင်းဆောင်တော်ကြီးအား ကြည့်ရှုစစ်ဆေး၍...

တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊ စနူကာ၊ ကရာတေးနှင့် အလေးမအားကစားနည်းများမှ ငွေ၊ ကြေး စုစုပေါင်း ဆုတံဆိပ် ၁၂ ခု ထပ်မံဆွတ်ခူးရရှိ

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊ စနူကာ၊ ကရာတေးနှင့် အလေးမအားကစားနည်းများမှ ငွေ၊ ကြေး စုစုပေါင်း ဆုတံဆိပ် ၁၂ ခု ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ မြန်မာအသင်းအနေဖြင့် ရေကူး၊ ကရာတေး၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ပန်ကြပ်ဆီလပ်၊ ဝူရှူး၊ ဘိလိယက်နှင့် စနူကာ၊ ဘော်လီဘော၊ ကဘာဒီ၊ ဂျူဒို၊ ဖူဆယ်၊ ဘတ်စကက်ဘော၊ မွေ၊ လက်ဝှေ့၊...

ထရမ့်၏မူဝါဒများကို ဆန္ဒပြရန် လူရာနှင့်ချီ အိမ်ဖြူတော်‌ရှေ့ စုဝေးရောက်ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် အစိုးရအဖွဲ့၏ မူဝါဒအပေါ် မကျေနပ်ချက်ကို ဖော်ပြရန်အတွက် လူရာနှင့်ချီသော ဆန္ဒပြသူများသည် အိမ်ဖြူတော်ရှေ့သို့ စုဝေးရောက်ရှိလာကြသည်။ ဆန္ဒပြသူ အများအပြားက "ထရမ့်ချက်ချင်းထွက်သွားပါ၊" "ထရမ့်ကို စွပ်စွဲပြစ်တင်ပါ၊" "ထရမ့်ကို ရပ်တန့်ပါ" စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်လာကြသည်။ မိန့်ခွန်းပြောကြားသူများက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို နှင်ထုတ်ခြင်းကို ဝေဖန်ခဲ့ကြသည်။ ဆန္ဒပြသူများသည် လက်ရှိ ဝါရှင်တန်အစိုးရအား "ဖက်ဆစ်" ဟု ခေါ်ဝေါ်ကာ "ထရမ့် ထွက်သွားရမည်" ဟူ၍ ကြွေးကြော်ခဲ့ကြသည်။ အဆိုပါ ဆန္ဒပြပွဲကို စစ်ဆန့်ကျင်ရေး၊ လက်ဝဲယိမ်းနှင့် ရွှေ့ပြောင်းနေထိုင်သူများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071