Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeNewsLocal Newsနိုင်ငံရေးအရရေးသားထားသည့် ကုလသမဂ္ဂအ တွင်းရေးမှူးချုပ်၏...

နိုင်ငံရေးအရရေးသားထားသည့် ကုလသမဂ္ဂအ တွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့်လက်နက်ကိုင် ပဋိပက္ခဆိုင်ရာအစီရင်ခံစာအား မြန်မာနိုင်ငံမှ ပြတ်သားစွာတုံ့ပြန်ပယ်ချ

နိုင်ငံရေးအရရေးသားထားသည့် ကုလသမဂ္ဂအ တွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့်လက်နက်ကိုင် ပဋိပက္ခဆိုင်ရာအစီရင်ခံစာအား မြန်မာနိုင်ငံမှ ပြတ်သားစွာတုံ့ပြန်ပယ်ချ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူ ငယ်နှင့်လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ၂၀၂၁ ခုနှစ် အစီရင်ခံစာအား ဇူလိုင် ၁၁ ရက်ကထုတ်ပြန်၍ ဇူလိုင် ၁၉ ရက်တွင် ယင်းအစီရင်ခံစာဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီတံခါးဖွင့်အစည်းအဝေးအား ပြုလုပ်ခဲ့သည်။

ယင်းအစီရင်ခံစာ၏ နောက်ဆက်တွဲစာရင်းမှ မြန်မာနိုင်ငံအား ၂၀၂၀ ပြည့်နှစ်တွင်ပယ်ဖျက်ခဲ့ပြီး ပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်မှုများအား အ ခြေခံ၍ တပ်မတော်ကို အစီရင်ခံစာ၏ နောက် ဆက်တွဲ၌ ၂၀၂၁ ခုနှစ်မှစတင်၍ ပြန်လည် စာ ရင်းသွင်းခဲ့သည်ကို စိတ်ပျက်ရသည်ဟု ဇူလိုင် ၂၂ ရက်ကထုတ်ပြန်သည့် လက်နက်ကိုင်ပဋိပက္ခများတွင် ကလေးသူငယ်များအပေါ်ကြီးလေး သောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၏ တုံ့ပြန်ချက်၌ရေးသားထားသည်။

ထို့ပြင် ယခုနှစ်အစီရင်ခံစာ၌ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့အားထည့်သွင်းဖော်ပြထားကာ သံသယဖြစ်ဖွယ် ကိန်းဂဏန်းအမြောက်အမြားပါဝင်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့်လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်ကုသလမဂ္ဂစောင့်ကြည့်လေ့လာအစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့(UNCTFMR)တို့သည် ၎င်းတို့၏ တာဝန်များကို ပွင့်လင်းမြင်သာစွာ ဘက်လိုက်မှုမရှိဘဲ ထမ်းဆောင်ရမည်ဖြစ်သော်လည်း အစီရင်ခံစာပါ ကိန်းဂဏန်းများနှင့်စွပ်စွဲချက်များအား မြန်မာနိုင်ငံနှင့်စီစစ်ရန်ပျက် ကွက်ခဲ့သည်ဟု ရေးသားထားသည်။

အစီရင်ခံစာတွင် မည်သည့်ဖြစ်စဉ်ကိုမျှဖော်ပြထားခြင်းမရှိဘဲ ကိန်းဂဏန်းများသက်သက်သာပါဝင်ပြီး NUG နှင့် PDF အမည်ခံအဖွဲ့များက ကျူးလွန်သည့် လူသတ်မှုအမြောက်အမြားအား လျှော့ပေါ့ဖော်ပြကာ တာဝန်ရှိသည့် အကြမ်းဖက် သမားများကို“အမည်မဖော်နိုင်သော ကျူးလွန်သူများ”ဟု သုံးနှုန်းထားသည်ဟု ထုတ်ပြန်ခဲ့သည်။

NUG နှင့် PDF အကြမ်းဖက်အဖွဲ့များကြောင့် နိုင်ငံတဝန်းတွင် ကလေးသူငယ် ၇၆ ဦး အသက်ဆုံးရှုံးခဲ့ပြီး ဆေးရုံဆေးခန်း ၂၇ ခု၊ကျောင်းနှင့်ပညာရေးအဆောက်အဦး ၅၀၄ ခု ဖျက်ဆီးခံခဲ့ရသည်။

ထို့ပြင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာစာချုပ်၏ အဖွဲ့ဝင်နိုင်ငံဖြစ်၍ အစိုးရအနေဖြင့် ကလေးသူငယ်များအပေါ် ကြီးလေးသည့်ကျူးလွန်မှုများမှ တားဆီးရေးအား သန္နိဌာန်ချမှတ်ထားသည်ဟု ရေးသားထားသည်။

ထို့ကြောင့် နစက မှလက်နက်ကိုင်ပဋိပက္ခများတွင် ကလေးသူငယ်များအပေါ် ကြီးလေးသည့် ကျူးလွန်မှုများမှတားဆီးကာကွယ်ရေး ကော်မ တီ၏ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကာ ကော်မတီအား ၂၀၂၁ ခုနှစ်၊ဇူလိုင် ၂၁ ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ဒုတိယအမျိုးသားအဆင့် လုပ်ငန်းစီမံချက် ၂၀၂၂-၂၀၂၃ အား အပြီးသတ်ရေးဆွဲလျက်ရှိပြီး ပထမလုပ်ငန်းစီမံချက်ကို ၂၀၂၀ ပြည့်နှစ်၊သြဂုတ် ၁၀ ရက်မှ ၂၀၂၁ ခုနှစ်၊သြဂုတ် ၁၀ ရက်အထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ရေးသားထားသည်။

ထို့ပြင် မြန်မာနိုင်ငံသည် ကလေးသူငယ်များအား စစ်မှုထမ်းစေခြင်းနှင့်အသုံးပြုခြင်းမှ တားဆီးရေးရည်ရွယ်လျက် UNCTFMR နှင့်ပူးတွဲလုပ်ငန်းစီမံချက်အား ၂၀၁၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ အရွယ်မရောက်သူ ကလေးသူငယ်များစစ်မှုထမ်းခြင်းမှကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီကို ၂၀၁၁ ခုနှစ်ကပင် ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂ စောင့်ကြည့်လေ့ လာအစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့နှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျှက်ရှိခဲ့သည်ဟု ရေးသားထားသည်။

ထို့အတူ ကော်မတီမှ UNCTFMR နှင့်ပူးပေါင်းဆောင်ရွက်မှုအား အစဉ်အလာမပြတ်ထိန်းသိမ်းခဲ့ပြီး လုပ်ငန်းအဖွဲ့မှပူးပေါင်းဆောင်ရွက်ခဲ့ခြင်း မရှိခဲ့သည်ကိုတွေ့ရှိရသော်လည်း ကော်မတီမှ ၂၀၂၂ ခုနှစ်၊မေ ၃ ရက်တွင် UNCTFMR နှင့်အ စည်းအဝေးတစ်ရပ်ကျင်းပရေးအား ဖြစ်မြောက်ရန်ဆောင်ရွက်နိုင်ခဲ့သည်။

မြန်မာနိုင်ငံမှ ကုလသမဂ္ဂ၏ အထောက်အကူပြုမှု ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ မိမိဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဆက်လက်လုပ် ဆောင်လျက်ရှိကာ အသက်စီစစ်ရန် စာရွက်စာတမ်းမပြည့်စုံခြင်းကြောင့် တပ်မတော်တွင်းမှားယွင်းစုဆောင်းခဲ့သည့် အရွယ် မရောက်သေးသူ ၂၈ ဦးအား ၂၀၂၂ ခုနှစ်၊မေ ၁၃ ရက်တွင် မိဘ၊အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့သည်။

ထို့ကြောင့် ၂၀၁၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်၊မေလအ တွင်း အရွယ်မရောက်သေးသူ ၁၀၅၇ ဦးကို တပ်မတော်မှနုတ်ထွက်စေခဲ့ပြီးဖြစ်ကာ တာဝန်ရှိသည့် တပ်မတော်သား ၄၇၅ ဦး(အရာရှိ ၁၀၉ ဦးနှင့်အ ခြားအဆင့် ၃၆၆ ဦး)ကို အရေးယူအပြစ်ပေးမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်သော်လည်း အစီရင်ခံစာ၌ ယင်းဖြစ်စဉ်အမှန်များအား ဖော်ပြရန်ပျက် ကွက်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ရေးသားထား သည်။

အလားတူ ရာထူးမှထုတ်ပယ်ခံထားရပြီး နိုင်ငံ တော်သစ္စာဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ဦးကျော်မိုးထွန်းသည် အဆိုပါအစည်းအဝေးသို့ တက်ရောက်၍ အထင်အမြင်မှားစေသည့် မိန့်ခွန်းပြောကြားခဲ့သဖြင့် ၎င်း၏ ပါဝင်ဆွေးနွေးမှုအား ကန့်ကွက်သည်ကို ကုလသ မဂ္ဂဘက်သို့ အကြောင်းကြားပြီးဖြစ်ကာ နိုင်ငံကို ကိုယ်စားမပြုသည့် ၎င်း၏မိန့်ခွန်းကိုပယ်ချသည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်များသည် အပြု သဘောရလဒ်မဖြစ်ပေါ်စေဘဲ မူဝါဒများနှင့်ဆန့် ကျင်သည့် နိုင်ငံရေးသွတ်သွင်းမှုများကို ပိုမိုဖြစ်ပေါ်စေ၍ မြန်မာနိုင်ငံမှ အစီရင်ခံစာတွင်ပါဝင်သည့် အခြေအမြစ်မရှိသော စွပ်စွဲချက်များနှင့်နိုင်ငံအချို့၏တစ်ဖက်သတ်ပြောကြားချက်များကို ပြတ်သားစွာပယ်ချသည်ဟု ထုတ်ပြန်ခဲ့သည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် ဆန်အိတ်ရေ ၃၀၀ ကျော် ရောင်းချပေးခဲ့

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို နှစ်ပတ်အတွင်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အိမ်ထောင်စု အရေအတွက် စုစုပေါင်း (၂၆၇) ခုကို ရက် (၉၀) ဆန် ၅၉ အိတ်၊ ရွှေဘိုပေါ်ဆန်း ၁၉၀ အိတ်၊ ဧည့်မထဆန်၂၄ အိတ်၊ ဧရာဝတီပေါ်ဆန်း ကြားပျံ (ဆန်သစ်) ၂၉ အိတ်၊...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျ-က်ဆီးနိုင်ခဲ့

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁ ခုနှစ်တွင် ၁၀၆၈ ဒသမ ၆၆ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၈၈ ဒသမ ၈၂၈ ဘီလီယံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၁၆၃ ဒသမ ၆၄၈ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ်တွင် ၉၇၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071