Thursday, August 14, 2025

မြောက်ဒဂုံရှိ “ရွှေစင်” အကယ်ဒမီ ရွှေဆိုင်...

မြောက်ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းပေါ်ရှိ ရွှေစင်အကယ်ဒမီ ရွှေဆိုင် ဓားမြတို-က်ခံရကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ ယနေ့နံနက် (၁၁) နာရီဝန်းကျင်အချိန်ခန့်ကအမည်မသိလူတစ်စုသည် ဆိုင်ကယ်ဖြင့် ရောက်လာပြီး သေနတ်နှင့်...

ယခုနှစ်အတွက် ချီးမြှင့်မည့် World MMA...

Fighter Only မဂ္ဂဇင်းက ရွေးချယ်သည့် (၁၇)ကြိမ် မြောက် World MMA Awards တွင် ထည့်သွင်းချီးမြှင့်မည့်ဆုများအနက် ဆုနှစ်ခု၏ ပဏာမစာရင်းတွင်...

အာဆီယံအမျိုးသမီး ဆီမီးဖိုင်နယ် ပွဲစဉ်များတွင် VAR...

မြန်မာအမျိုးသမီးအသင်း နှင့် ထိုင်းအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ရမည့် အာဆီယံအမျိုးသမီး ဆီမီးဖိုင်နယ် အပါအဝင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ဩစတြေးလျယူ ၂၃ အသင်းတို့၏ ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်း VAR...

မန္တလေးမဟာမုနိဘုရားကြီးအား ပိတ်ရက်မရှိလာရောက်ဖူးမြှော်နိုင်ပြီ

မန္တလေး မဟာမုနိဘုရားကြီးသို့ အနယ်နယ်အရပ်ရပ်မှလာရောက်ကြသည့် ဘုရားဖူးများ အဆင်ပြေစေရန်၊ ပိတ်ရက်မရှိဖွင့်လှစ်ထားလိုက်ပြီဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။ ငလျင်ကြောင့်ပျ-က်စီးထိခို-က်မှုအချို့ရှိခဲ့သဖြင့် ယာယီပိတ်ထားခဲ့ရာမှ ယခုလမှစ၍ ပုံမှန်အတိုင်းပိတ်ရက်မရှိ ပြန်လည်ဖွင့်လှစ်ဖူးမြှော်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “ပုံမှန်အတိုင်းဖွင့်လှစ်ပေးထားပါတယ်၊ အနယ်နယ်အရပ်ရပ်ကဘုရားဖူးလာသူတွေအဆင်ပြေစေဖို့...
HomeNewsLocal Newsနိုင်ငံရေးအရဖြေရှင်းရန် အသင့်ရှိကြောင်း AA...

နိုင်ငံရေးအရဖြေရှင်းရန် အသင့်ရှိကြောင်း AA ဘက်က ထုတ်ပြန်လာ

ရခိုင်ပြည်နယ်အတွင်း (၁) နှစ်ကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့နယ်ပေါင်း (၁၄) မြို့နယ် ထိန်းချုပ်ပြီးနောက် နိုင်ငံရေးအရဖြေရှင်းမည်ဟု ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် AA က ထုတ်ပြန်လာသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁၃)ရက်က စတင်ကာ ရခိုင်ပြည်နယ် အတွင်းရှိ တပ်မတော် တပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီး (၁) နှစ်ကျော်အကြာတွင် နိုင်ငံရေးဆွေးနွေးရန် စကားလမ်းကြောင်းစလာခြင်းလည်း ဖြစ်သည်။

AA အနေဖြင့် ရှမ်းမြောက် (၁၀၂၇) စစ်ဆင်ရေးတွင်လည်းကိုးကန့် ၊ တအာင်း လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းကာ တိုက်ပွဲများ ဖော်ဆောင်တိုက်ခိုက်ခဲ့ကြပြီး တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ဟိုင်ဂင်ဆွေးနွေးပွဲ သဘောတူညီမှုကို ရရှိခဲ့ကြသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်မှအပ ကျန်မြို့နယ် (၁၄) ခုကို AA က ထိန်းချုပ်ထားပြီး စစ်ရေးအရ အသာစီးရယူထားသည့်အခြေအနေဖြစ်သည်။

AA က ထုတ်ပြန်လာသည့် ထုတ်ပြန်ချက်အရ လက်ရှိ ပြည်တွင်းရေး အခင်းအကျင်းနှင့် အဖြစ်အပျက်များကို စစ်ရေးအရ ဖြေရှင်းခြင်းထက် နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် အဆင်သင့်အနေအထားရှိကြောင်း ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို ဂရုတစိုက် ထိန်းသိမ်းကာကွယ်သွားမည့်အပြင် အကျိုးတူပူးပေါင်းဆောင်ရွက်သွားရန် လိုလားကြောင်းကိုလည်း AA က ထုတ်ဖော်ပြောကြားထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း၌ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နေပြီး စီမံကိန်းဧရိယာအချို့မှာ AA ထိန်းချုပ်မှုအောက်ရောက်ရှိနေသည့် ဒေသများတွင် ပါဝင်နေသည်ကို တွေ့ရသည်။

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြီးခဲ့သည့် လအတွင်းက သွားရောက်ခဲ့သည့် တရုတ်နိုင်ငံခရီးစဉ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက ဆွေးနွေးရန်အသင့်ရှိကြောင်း ပြောကြားထားသည်။

သို့သော် ငြိမ်းချမ်းရေးကိုအမှန်တကယ် လိုလားမှသာ ဆွေးနွေးနိုင်မည်ဟုလည်း ၎င်းက တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ်က ပြောကြားထားသည်။

” MNDAA ၊ TNLA နှင့် AA အဖွဲ့သုံးဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက် ပြသလာမှသာလျှင် မိမိတို့အနေဖြင့် ဆွေးနွေးမှုကို ဆောင်ရွက်နိုင်မည်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြောက်ဒဂုံရှိ “ရွှေစင်” အကယ်ဒမီ ရွှေဆိုင် ဓားမြတို-က်ခံရပြီး တစ်ဦးဒဏ်ရာရ

မြောက်ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းပေါ်ရှိ ရွှေစင်အကယ်ဒမီ ရွှေဆိုင် ဓားမြတို-က်ခံရကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ ယနေ့နံနက် (၁၁) နာရီဝန်းကျင်အချိန်ခန့်ကအမည်မသိလူတစ်စုသည် ဆိုင်ကယ်ဖြင့် ရောက်လာပြီး သေနတ်နှင့် ဓားများကိုင်ဆောင်လာကာ ခြိမ်းခြေ-ာက်ဓားမြတို-က်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လူတစ်စုကို ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ တစ်ဦးကို ဖမ်းမိထားပြီး ကျန်သူများမှာ လွတ်မြောက်သွားကြောင်း သိရသည်။ ရွှေဆိုင်မှ ပစ္စည်းများပါမသွားသော်လည်း လုံခြုံရေးဝန်ထမ်းတစ်ဦးဓားဖြင့်ထိုးခံရ၍ ‌ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အခင်းဖြစ်နေရာသို့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ ရောက်ရှိကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။ ရွှေစင်အကယ်ဒမီ ရွှေဆိုင်သည် အခေါက်ရွှေအတုံးအခဲများကိုသာ အဓိကထား ရောင်းချခြင်းဖြစ်ကြောင်း...

ယခုနှစ်အတွက် ချီးမြှင့်မည့် World MMA Awards ဆုနှစ်ခု၏ ပဏာမစာရင်းတွင် မြန်မာဖိုက်တာ ဂျိုရှုအာဗန် ပါဝင်

Fighter Only မဂ္ဂဇင်းက ရွေးချယ်သည့် (၁၇)ကြိမ် မြောက် World MMA Awards တွင် ထည့်သွင်းချီးမြှင့်မည့်ဆုများအနက် ဆုနှစ်ခု၏ ပဏာမစာရင်းတွင် မြန်မာဖိုက်တာ ဂျော့ရှုအာဗန် ပါဝင်နေကြောင်း သိရသည်။ ယခုနှစ် အနည်းငယ်အတွင်း UFC စင်မြင့်၌ နာမည်ရလာသည့် ဂျော့ရှုအာဗန်သည် တစ်နှစ်တာ အကောင်းဆုံးဆု စာရင်း၏ ပဏာမစာရင်းတွင်ပါဝင်လာခြင်း ဖြစ်သည်။ ဂျော့ရှုအာဗန်သည် Breakthrough Fighter Of The Year ဆုနှင့် Fight Of The Year ဆုများ၏ ပဏာမစာရင်းတွင်...

အာဆီယံအမျိုးသမီး ဆီမီးဖိုင်နယ် ပွဲစဉ်များတွင် VAR အသုံးပြုမည်

မြန်မာအမျိုးသမီးအသင်း နှင့် ထိုင်းအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ရမည့် အာဆီယံအမျိုးသမီး ဆီမီးဖိုင်နယ် အပါအဝင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ဩစတြေးလျယူ ၂၃ အသင်းတို့၏ ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်း VAR အသုံးပြုမည်ဖြစ်သည်။ ဗီဒီယိုအကူဒိုင်စနစ်(VAR)ကို အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲ၌ ပထမဆုံးအဖြစ် စတင်အသုံးပြုခြင်းလည်း ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အုပ်စု(B)၌ ဩစတြေးလျယူ၂၃ အသင်းနှင့် တီမောအသင်းတို့ကို အနိုင်ရပြီး ဖိလစ်ပို င်အသင်းကို သရေကျကာရမှတ် (၇) မှတ်ဖြင့် အုပ်စုပထမရရှိခဲ့ကာ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဩဂုတ်လ (၁၆)ရက်၌ စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဩဂုတ်လ (၁၉)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071